Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 22:31

Judson Bible

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် ဗာ​လမ်​မျက်​စိ​ကို​ဖွင့်​တော်​မူ၍၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ဓား​ကို​မိုး​လျက်၊ လမ်း၌​ရပ်​နေ​သည်​ကို ဗာ​လမ်​သည်​မြင်​သ​ဖြင့် ဦး​ချ၍​ပျပ်​ဝပ်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ ဘု​ရား​သ​ခင်​သည် ဟာ​ဂ​ရ၏​မျက်​စိ​ကို​ဖွင့်​တော်​မူ​သ​ဖြင့်၊ သူ​သည်​ရေ​တွင်း​ကို​မြင်​လေ​သော်၊ သွား၍​ဘူး​ကို ရေ​ဖြည့်​ပြီး​လျှင်၊ လု​လင်​အား ရေ​ကို​တိုက်​လေ၏။

ဒါ​ဝိဒ်​သည် မျှော်​ကြည့်၍၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ယေ​ရု​ရှ​လင်​မြို့​အ​ပေါ်​မှာ ဓား​ကို​မိုး​လျက် မိုး​ကောင်း​ကင်​နှင့် မြေ​ကြီး​ကြား​မှာ ရပ်​နေ​သည်​ကို​မြင်​လျှင်၊ ကိုယ်​တိုင်​မှ​စ၍ ဣ​သ​ရေ​လ​အ​မျိုး​သား အ​သက်​ကြီး​သူ​တို့​သည် လျှော်​တေ​အ​ဝတ်​ကို ဝတ်​လျက် မြေ​ပေါ်​မှာ ပျပ်​ဝပ်​လျက်​နေ​ကြ၏။

အို​ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​ကို ခြောက်​လှန့်​တော်​မူ​ပါ။ သို့​ဖြစ်၍ မိ​မိ​တို့​သည် လူ​သက်​သက်​ဖြစ်​သည်​ကို လူ​မျိုး​တို့​သည် သိ​ကြ​ပါ​လိမ့်​မည်။

မော​ရှေ​သည် အ​လျင်​အ​မြန်​ဦး​ညွှတ်​ချ၍ ကိုး​ကွယ်​လျက်၊

မြည်း​က​လည်း၊ ငါ​သည်​ယ​နေ့​တိုင်​အောင် သင်၏​အ​စီး​ကို အ​စဉ်​ခံ​ရ​သော သင်၏​မြည်း​ဖြစ်​သည်​မ​ဟုတ်​လော။ သင်၌​တစ်​ခါ​မျှ ဤ​သို့​ငါ​ပြု​ဖူး​သ​လော​ဟု ဗာ​လမ်​အား​မေး​လျှင်၊ မ​ပြု​ဘူး​ဟု ပြန်​ပြော၏။

ဘ​ဝင်​ဖြစ်၍​မျက်​စိ​ပွင့်​လျက်၊ အ​န​န္တ​တန်​ခိုး​ရှင်၏ ရူ​ပါ​ရုံ​ကို​မြင်၍၊ အ​မြင့်​ဆုံး​သော​ဘု​ရား​ပေး​တော်​မူ​သော ဉာဏ်​ကို​ရ၍၊ ဘု​ရား​သ​ခင်၏​အ​မိန့်​တော်​ကို ကြား​သော​သူ၏​စ​ကား​ဟူ​မူ​ကား၊

ဘ​ဝင်​ဖြစ်၍ မျက်​စိ​ပွင့်​လျက် အ​န​န္တ​တန်​ခိုး​ရှင်၏ ရူ​ပါ​ရုံ​ကို​မြင်၍၊ ဘု​ရား​သ​ခင်၏​အ​မိန့်​တော်​ကို ကြား​သော​သူ၏​စ​ကား​ဟူ​မူ​ကား၊

ထို​သူ​တို့​သည် မျက်​စိ​ချုပ်​လျက်​ရှိ၍၊ ကိုယ်​တော်​ဖြစ်​သည်​ကို မ​သိ​ကြ။-

သူ​တို့​သည် မျက်​စိ​ပွင့်​လင်း၍ ကိုယ်​တော်​ဖြစ်​သည်​ကို သိ​ကြ၏။ ထို​အ​ခါ ကိုယ်​တော်​သည် ကွယ်​တော်​မူ၏။-

ငါ​သည် ထို​သူ​ဖြစ်၏​ဟု မိန့်​တော်​မူ​လျှင်၊ ထို​သူ​တို့​သည် နောက်​သို့​လှန်၍ မြေ​ပေါ်၌​လဲ​ကြ၏။-

သင်​သည် ယ​ခု​မြင်​ရ​သော​အ​ကြောင်း​အ​ရာ​တို့​နှင့်၊ နောက်​မှ ငါ​သည်​သင့်​အား ထင်​ရှား​လ​တ္တံ့​သော အ​ကြောင်း​အ​ရာ​တို့​မှာ၊ အ​မှု​ဆောင်​ရွက်​သော​သူ၊ သက်​သေ​ခံ​သော​သူ​အ​ရာ၌ သင့်​ကို​ခန့်​ထား​စေ​ခြင်း​ငှာ ငါ​သည်​သင့်​အား ထင်​ရှား၏။ တစ်​ပါး​အ​မျိုး​သား​တို့​သည် မှောင်​မိုက်​မှ အ​လင်း​သို့ ကူး​မြောက်၍၊ စာ​တန်၏​အာ​ဏာ​ထဲ​မှ ဘု​ရား​သ​ခင့်​အ​ထံ​တော်​သို့ ပြောင်း​လဲ​သော​အား​ဖြင့် အ​ပြစ်​လွှတ်​ခြင်း ကျေး​ဇူး​ကို ခံ​ရ​မည်​အ​ကြောင်း​နှင့်၊ ငါ့​ကို​ယုံ​ကြည်​သော​အား​ဖြင့် သန့်​ရှင်း​ခြင်း​သို့ ရောက်​သော​သူ​တို့​နှင့် ဆက်​ဆံ၍ အ​မွေ​ခံ​ရ​မည်​အ​ကြောင်း၊ သူ​တို့၏​မျက်​စိ​ကို ဖွင့်​စေ​ခြင်း​ငှာ သူ​တို့​ဆီ​သို့ သင့်​ကို ငါ​စေ​လွှတ်​မည်​ဟု မိန့်​တော်​မူ၏။

ယော​ရှု​သည် ယေ​ရိ​ခေါ​မြို့​အ​နား​မှာ​ရှိ​နေ​စဉ် မျှော်​ကြည့်၍၊ လူ​တစ်​ယောက်​သည် ဓား​ကို​ဓား​အိမ်​မှ ထုတ်​ကိုင်​လျက်၊ ကန့်​လန့်​ရပ်​နေ​သည်​ကို မြင်​လျှင်၊ သူ့​ထံ​သို့​သွား၍ သင်​သည် ငါ​တို့​ဘက်၌​နေ​သော​သူ​လော၊ ငါ​တို့​ရန်​သူ​ဘက်၌ နေ​သော​သူ​လော​ဟု​မေး​သော်၊

ထို​သူ​က၊ ထို​သို့​မ​ဟုတ်၊ ထာ​ဝ​ရ​ဘု​ရား၏ ဗိုလ်​ခြေ​ကို​အုပ်​စိုး​သော​ဗိုလ်​မှူး​ဖြစ်၍ ယ​ခု​ငါ​လာ​သည်​ဟု​ဆို၏။ ယော​ရှု​သည်​လည်း မြေ​ပေါ်​မှာ​ပျပ်​ဝပ်​ကိုး​ကွယ်​လျက်၊ ကိုယ်​တော်​ကျွန်​အား အ​ဘယ်​သို့​မိန့်​တော်​မူ​မည်​နည်း​ဟု မေး​လျှောက်​သော်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ