မြည်းကလည်း၊ ငါသည်ယနေ့တိုင်အောင် သင်၏အစီးကို အစဉ်ခံရသော သင်၏မြည်းဖြစ်သည်မဟုတ်လော။ သင်၌တစ်ခါမျှ ဤသို့ငါပြုဖူးသလောဟု ဗာလမ်အားမေးလျှင်၊ မပြုဘူးဟု ပြန်ပြော၏။
ဗာလမ်က၊ သင်သည် ငါ့ကိုကျီစားပါသည်တကား။ ငါ၌ဓားရှိပါစေသော။ ဓားရှိလျှင် သင့်ကိုယခုသတ်မည်ဟု မြည်းအားဆို၏။
ထိုအခါ ထာဝရဘုရားသည် ဗာလမ်မျက်စိကိုဖွင့်တော်မူ၍၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ဓားကိုမိုးလျက်၊ လမ်း၌ရပ်နေသည်ကို ဗာလမ်သည်မြင်သဖြင့် ဦးချ၍ပျပ်ဝပ်လေ၏။
ထိုဗာလမ်သည် မတရားသော အမှု၏အခကို တပ်မက်၍၊ မိမိဒုစရိုက်အတွက်ကြောင့် ဆုံးမခြင်းကိုခံရ၏။ အဘယ်သို့နည်းဟူမူကား၊ စကားမပြောနိုင်သော မြည်းသည် လူဘာသာအားဖြင့်မြွက်၍၊ ထိုပရောဖက်၏ မိုက်မဲခြင်းကို မြစ်တားလေ၏။