ထာဝရဘုရား၏ ကောင်းကင်တမန်သည် လွန်သွား၍ လမ်းတစ်ဖက်ဖက်မျှ မလွှဲနိုင်အောင် ကျဉ်းမြောင်းသောအရပ်၌ ရပ်နေ၏။
အို ထာဝရဘုရား၊ လက်တော်ကို ချီတော်မူသော်လည်း၊ သူတို့သည် မမြင်မမှတ်ကြပါ။ သို့သော်လည်း၊ ကိုယ်တော်၏ လူတို့အဖို့ စိတ်အားကြီးတော်မူကြောင်းကို၊ သူတို့သည် မြင်၍ အရှက်ကွဲကြပါလိမ့်မည်။ ကိုယ်တော်၏ ရန်သူတို့ကို မီးလောင်ရပါလိမ့်မည်။
သို့ဖြစ်၍၊ သူ့ကိုဆူးစောင်ရန်းနှင့် ကာထားမည်။ ထွက်စရာမရှိစေခြင်းငှာ သူ့ပတ်လည်၌ ကျောက်ရိုးကိုလည်း တည်မည်။
ထာဝရဘုရား၏ ကောင်းကင်တမန်ကို မြည်းသည်မြင်ပြန်သောအခါ၊ စောင်ရန်းတစ်ဖက်၌တိုး၍ ဗာလမ်၏ခြေကို ဖိလေ၏။ ဗာလမ်လည်း တစ်ဖန်ရိုက်ပြန်လေ၏။
မြည်းသည်လည်း ထာဝရဘုရား၏ကောင်းကင်တမန်ကို မြင်ပြန်သောအခါ၊ ဗာလမ်အောက်၌ ဝပ်လျက်နေ၏။ ဗာလမ်သည်အမျက်ထွက်၍ တောင်ဝှေးနှင့် မြည်းကိုရိုက်လေ၏။