Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 22:23

Judson Bible

ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​သည် ဓား​ကို​မိုး​လျက်၊ လမ်း၌ ရပ်​နေ​သည်​ကို မြည်း​သည်​မြင်​လျှင်၊ လမ်း​လွှဲ၍ လယ်​သို့​ဝင်​လေ၏။ ဗာ​လမ်​လည်း မြည်း​ကို​လမ်း​သို့​ပြန်​စေ​ခြင်း​ငှာ ရိုက်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

အို​ထာ​ဝ​ရ​ဘု​ရား၊ ဤ​သူ​သည် မြင်​နိုင်​မည်​အ​ကြောင်း သူ၏​မျက်​စိ​ကို​ဖွင့်​တော်​မူ​ပါ​ဟု ဆု​တောင်း​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ထို​လု​လင်၏​မျက်​စိ​ကို​ဖွင့်​တော်​မူ​သ​ဖြင့်၊ ဧ​လိ​ရှဲ​ပတ်​လည်၌ တစ်​တောင်​လုံး​သည်​မီး​မြင်း၊ မီး​ရ​ထား​နှင့်​ပြည့်​သည်​ကို မြင်​လေ၏။

ဒါ​ဝိဒ်​သည် မျှော်​ကြည့်၍၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ယေ​ရု​ရှ​လင်​မြို့​အ​ပေါ်​မှာ ဓား​ကို​မိုး​လျက် မိုး​ကောင်း​ကင်​နှင့် မြေ​ကြီး​ကြား​မှာ ရပ်​နေ​သည်​ကို​မြင်​လျှင်၊ ကိုယ်​တိုင်​မှ​စ၍ ဣ​သ​ရေ​လ​အ​မျိုး​သား အ​သက်​ကြီး​သူ​တို့​သည် လျှော်​တေ​အ​ဝတ်​ကို ဝတ်​လျက် မြေ​ပေါ်​မှာ ပျပ်​ဝပ်​လျက်​နေ​ကြ၏။

မိုး​ကောင်း​ကင်၌ ကျင်​လည်​သော တော​ငန်း​သော်​လည်း၊ မိ​မိ​အ​ချိန်​ကို သိ​တတ်၏။ ဥ​ချိုး၊ တီ​တီ​တွတ်၊ ဇ​ရက်​သော်​လည်း၊ မိ​မိ​ပြန်​လာ​ချိန်​ကို မှတ်​တတ်၏။ ငါ၏​လူ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​တော်​မူ​ခြင်း​ကို နား​မ​လည်​တတ်။

ထို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို ငါ​ဒံ​ယေ​လ​တစ်​ယောက်​တည်း မြင်​ရ၏။ ငါ​နှင့်​အ​တူ​ပါ​သော​လူ​တို့​သည် မ​မြင်​ရ​ကြ။ သူ​တို့​သည် အ​လွန်​ကြောက်​ရွံ့​တုန်​လှုပ်​ခြင်း​သို့ ရောက်​သ​ဖြင့် ပုန်း​ရှောင်၍ နေ​ခြင်း​ငှာ ပြေး​ကြ၏။

ထို​သို့​လိုက်​သော​ကြောင့်၊ ဘု​ရား​သ​ခင်​အ​မျက်​တော်​ထွက်၍၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် သူ့​ကို​ဆီး​တား​ခြင်း​ငှာ လမ်း၌​ရပ်​နေ၏။ ထို​အ​ခါ ဗာ​လမ်​သည် မြည်း​ကို​စီး၍ ငယ်​သား​နှစ်​ယောက်​နှင့် သွား​စဉ်​တွင်၊

ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​သည်၊ စ​ပျစ်​ဥ​ယျာဉ်​စောင်​ရန်း​နှစ်​ဘက်​စပ်​ကြား​လမ်း၌ တစ်​ဖန်​ရပ်​နေ၏။

အ​ကျွန်ုပ်​နှင့်​ပါ​သော​သူ​တို့​သည် ထို​အ​လင်း​ကို​မြင်၍ ကြောက်​ရွံ့​ခြင်း​သို့​ရောက်​သော်​လည်း၊ အ​ကျွန်ုပ်​အား​ပြော​သော​သူ၏ စ​ကား​သံ​ကို မ​ကြား​မ​သိ​ရ​ကြ။-

ယော​ရှု​သည် ယေ​ရိ​ခေါ​မြို့​အ​နား​မှာ​ရှိ​နေ​စဉ် မျှော်​ကြည့်၍၊ လူ​တစ်​ယောက်​သည် ဓား​ကို​ဓား​အိမ်​မှ ထုတ်​ကိုင်​လျက်၊ ကန့်​လန့်​ရပ်​နေ​သည်​ကို မြင်​လျှင်၊ သူ့​ထံ​သို့​သွား၍ သင်​သည် ငါ​တို့​ဘက်၌​နေ​သော​သူ​လော၊ ငါ​တို့​ရန်​သူ​ဘက်၌ နေ​သော​သူ​လော​ဟု​မေး​သော်၊

ထို​ဗာ​လမ်​သည် မ​တ​ရား​သော အ​မှု၏​အ​ခ​ကို တပ်​မက်၍၊ မိ​မိ​ဒု​စ​ရိုက်​အ​တွက်​ကြောင့် ဆုံး​မ​ခြင်း​ကို​ခံ​ရ၏။ အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ စ​ကား​မ​ပြော​နိုင်​သော မြည်း​သည် လူ​ဘာ​သာ​အား​ဖြင့်​မြွက်၍၊ ထို​ပ​ရော​ဖက်၏ မိုက်​မဲ​ခြင်း​ကို မြစ်​တား​လေ၏။

သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ကာ​ဣ​န​နောက်​သို့ လိုက်​ကြ၏။ အ​ခ​ကို​ရ​ခြင်း​ငှာ ဗာ​လမ်​မှား​ယွင်း​သ​ကဲ့​သို့ အ​လွန်​မှား​ယွင်း​ခြင်း ရှိ​ကြ၏။ ကော​ရ၏​ငြင်း​ခုံ​ခြင်း​အ​ပြစ်​နှင့် ဖျက်​ဆီး​ခြင်း​သို့ ရောက်​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ