သူတို့သည် ဗာလမ်ထံသို့ရောက်လာ၍ ဇိဖော်သားဗာလက်မင်းက၊ ကိုယ်တော်သည် ငါ့ထံသို့မလာမည်အကြောင်း အဘယ်အဆီးအတားမျှ မရှိပါစေနှင့်။
အဗရှလုံကလည်း၊ အာမနုန်သည် စပျစ်ရည်ကိုသောက်၍ ရွှင်လန်းသောအခါ စောင့်နေကြ။ အာမနုန်ကို ထိုးခုတ်ကြဟု ငါဆိုသောအခါ၊ သေအောင်လုပ်ကြံကြ။ မစိုးရိမ်ကြနှင့်။ ငါစီရင်သည် မဟုတ်လော။ အားယူ၍ ရဲရင့်ခြင်းရှိကြလော့ဟု မိမိကျွန်တို့အား မှာထားနှင့်သည်အတိုင်း၊
ဒံယေလကို ချီးမြှောက်လျက်၊ များစွာသော ဆုလာဘ်သပ်ပကာ တို့ကိုပေး၍၊ ဗာဗုလုန်နိုင်ငံတွင် ဝန်ကြီးအရာ၌လည်းကောင်း၊ ဗာဗုလုန်ပညာရှိတို့ကို အုပ်စိုးသော ဝန်အရာ၌လည်းကောင်း ခန့်ထားတော်မူ၏။
တစ်ဖန် ဗာလက်မင်းသည်၊ အရင်ထက်အရေအတွက်အားဖြင့်များ၍ အရာအားဖြင့် ဘုန်းကြီးသောမှူးမတ်တို့ကို စေလွှတ်ပြန်သည်အတိုင်း၊
ငါသည် ကိုယ်တော်ကို အလွန်ချီးမြှောက်မည်။ ကိုယ်တော်တောင်းသမျှကို ပေးမည်။ သို့ဖြစ်၍ကြွလာပါ။ ဤလူမျိုးကို ငါ့အဖို့ကျိန်ဆဲပါဟု မိန့်တော်မူကြောင်းကို ပြန်ပြောကြ၏။
ဗာလက်မင်းကလည်း၊ ကိုယ်တော်ကိုခေါ်ပင့်စေခြင်းငှာ ငါသည် အထပ်ထပ်စေလွှတ်သည် မဟုတ်လော။ အဘယ်ကြောင့် နှေးပါသနည်း။ ကိုယ်တော်ကို ငါချီးမြှောက်နိုင်သည် မဟုတ်လောဟု ဗာလမ်အားဆိုလျှင်၊