Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 22:11

Judson Bible

အဲ​ဂု​တ္တု​ပြည်​မှ ရောက်​လာ​သော​လူ​အ​များ​သည်၊ မြေ​မျက်​နှာ​ကို ဖုံး​လွှမ်း​လျက်​နေ​ကြ​ပြီ။ သို့​ဖြစ်၍ ကြွ​လာ​ပါ။ ဤ​လူ​မျိုး​ကို ငါ့​အ​ဖို့​ကျိန်​ဆဲ​ပါ။ သို့​ပြု​လျှင်၊ သူ​တို့​ကို​ငါ​တိုက်၍ နှင်​ထုတ်​နိုင်​ကောင်း နှင်​ထုတ်​နိုင်​လိမ့်​မည်​ဟု ခေါ်​ပင့်​ကြောင်း​ကို၊ ဘု​ရား​သ​ခင်​အား​လျှောက်​ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

သူ​တစ်​ပါး​တို့​သည်​သင်၌​ကျွန်​ခံ၍၊ အ​ပြည်​ပြည်​တို့​သည် သင့်​ရှေ့​မှာ ဦး​ညွှတ်​ရ​ကြ​စေ​သ​တည်း။ သင်​သည် သင်၏​ညီ​အစ်​ကို​တို့၌​အ​ရှင်​ဖြစ်၍၊ သင့်​အ​မိ​သား​တို့​သည် သင့်​ရှေ့​မှာ​ဦး​ညွှတ်​ရ​ကြ​စေ​သ​တည်း။ သင့်​ကို ကျိန်​ဆဲ သော​သူ​အ​ပေါင်း​တို့​သည် ကျိန်​ဆဲ​ခြင်း​ကို​ခံ​ရ​ကြ​စေ​သ​တည်း။ သင့်​ကို ကောင်း​ချီး​ပေး​သော​သူ​အ​ပေါင်း​တို့​သည် ကောင်း​ချီး​ကို​ခံ​ရ​ကြ​စေ​သ​တည်း​ဟု ကောင်း​ချီး​ပေး​လေ၏။

ဗာ​လမ်​က၊ မော​ဘ​ရှင်​ဘု​ရင် ဇိ​ဖော်​သား​ဗာ​လက်​သည် အ​ကျွန်ုပ်​ဆီ​သို့ လူ​ကို​စေ​လွှတ်၍၊

ဘု​ရား​သ​ခင်​က​လည်း၊ သင်​သည် ဤ​လူ​တို့​နှင့်​အ​တူ မ​လိုက်​မ​သွား​ရ။ ထို​လူ​မျိုး​ကို မ​ကျိန်​ဆဲ​ရ။ ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ရ​သော​လူ​မျိုး​ဖြစ်​သည်​ဟု ဗာ​လမ်​အား​မိန့်​တော်​မူ၏။

ဗာ​လက်​မင်း​က​လည်း၊ သင်​သည် ငါ၌​အ​ဘယ်​သို့​ပြု​သ​နည်း။ ငါ၏​ရန်​သူ​တို့​ကို ကျိန်​ဆဲ​စေ​ခြင်း​ငှာ သင့်​ကို​ငါ​ခေါ်​ခဲ့​ပြီ။ သို့​သော်​လည်း သင်​သည် လုံး​လုံး​ကောင်း​ချီး​ပေး​လေ​ပြီ​တ​ကား​ဟု ဗာ​လမ်​အား​ဆို​လျှင်၊

ထို​အ​ခါ​ဗာ​လမ်​သည်၊ ပ​ရော​ဖက်​စ​ကား​အား​ဖြင့် မြွက်​ဆို​သည်​ကား၊ မော​ဘ​ရှင်​ဘု​ရင်​ဗာ​လက်​က၊ လာ​ပါ။ ငါ့​အ​ဖို့ ယာ​ကုပ်​အ​မျိုး​ကို​ကျိန်​ဆဲ​ပါ။ လာ​ပါ။ ဣ​သ​ရေ​လ​အ​မျိုး​ကို ပျက်​စီး​ခြင်း​သို့​အပ်​လိုက်​ပါ​ဟု​ခေါ်၍ ငါ့​ကို အာ​ရံ​ပြည်​အ​ရှေ့​တောင်​ရိုး​မှ ဆောင်​ခဲ့​ပြီ။

ထို​အ​ခါ ဗာ​လက်​မင်း​သည်၊ ဗာ​လမ်​ကို​အ​မျက်​ထွက်၍ လက်​ခုပ်​တီး​လျက်၊ ငါ၏​ရန်​သူ​တို့​ကို ကျိန်​ဆဲ​စေ​ခြင်း​ငှာ သင့်​ကို​ငါ​ခေါ်​ခဲ့၏။ သင်​သည် သုံး​ကြိမ်​တိုင်​အောင် အ​ကြွင်း​မဲ့ ကောင်း​ချီး​ပေး​လေ​ပြီ​တ​ကား။

ဗာ​လမ်၏​စ​ကား​ကို ငါ​နား​မ​ထောင်​သော​ကြောင့်၊ သူ​သည် အ​ထပ်​ထပ်​ကောင်း​ချီး​ပေး၍ သူ့​လက်​မှ သင်​တို့​ကို ငါ​ကယ်​လွှတ်​လေ၏။

ဖိ​လိ​တ္တိ​လူ​က၊ သင်​သည် တောင်​ဝှေး​နှင့် ငါ့​ထံ​သို့​လာ​ရ​မည်​အ​ကြောင်း၊ ငါ​သည် ခွေး​ဖြစ်​သ​လော​ဟု​မေး​လျက်၊ မိ​မိ​ဘု​ရား​တို့​ကို​တိုင်​တည်၍ ဒါ​ဝိဒ်​ကို​ကျိန်​ဆဲ​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ