Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 21:6

Judson Bible

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် မီး​မြွေ​များ​ကို စေ​လွှတ်​တော်​မူ၍၊ လူ​အ​များ​တို့​သည် အ​ကိုက်​ခံ​ရ​သ​ဖြင့်​သေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

အို ဖိ​လိ​တ္တိ​ပြည်​လုံး၊ သင့်​ကို​ရိုက်​သော ကြိမ်​လုံး​ကျိုး​သည်​ကို​ထောက်၍၊ ဝမ်း​မ​မြောက်​နှင့်။ ထို​မြွေ​အ​မျိုး​ထဲ​က မြွေ​ဆိုး​ပေါက်​လိမ့်​မည်။ သူ၏​အ​နွယ်​သည်​လည်း ပျံ​တတ်​သော မီး​မြွေ​ဖြစ်​လိမ့်​မည်။

ခြင်္သေ့​မ၊ ခြင်္သေ့​ပျို၊ မြွေ​ဆိုး၊ ပျံ​တတ်​သော​မီး​မြွေ များ​သ​ဖြင့်၊ အ​လွန်​ခဲ​ယဉ်း၍ ဆင်း​ရဲ​သော​ပြည်​ကို လျှောက်​လျက်၊ တောင်​မျက်​နှာ​သို့​သွား​သော တိ​ရ​စ္ဆာန်​တို့​အ​ပေါ်​မှာ တင်​သော​ဝန်​များ​ကို ကြည့်​ရှု​ကြ​လော့။ မြည်း​ပ​ခုံး​ပေါ်​မှာ ဥ​စ္စာ​ပ​စ္စည်း​များ​ကို​လည်း​ကောင်း၊ ကု​လား​အုတ်၏​ဘို့​ပေါ်​မှာ ဘ​ဏ္ဍာ​များ​ကို​လည်း​ကောင်း တင်၍၊ ကျေး​ဇူး​မ​ပြု​နိုင်​သော လူ​မျိုး​ထံ​သို့ ဆောင်​သွား​ကြ​သည်​တ​ကား။

ကြည့်​ရှု​လော့။ မန်း​မှုတ်၍ မ​နိုင်​သော​မြွေ၊ ဆိုး​သော​မြွေ​များ​ကို သင်​တို့​ရှိ​ရာ​သို့ ငါ​စေ​လွှတ်​သ​ဖြင့်၊ သင်​တို့​ကို ကိုက်​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သား​ရဲ​တို့​သည် ပြည်၌​ပေါ်​လာ၍ ဖျက်​ဆီး​သော​ကြောင့်၊ အ​ဘယ်​သူ​မျှ မ​နေ​နိုင်​သ​ဖြင့် လူ​ဆိတ်​ညံ​လျှင်၊

ထို​သူ​အ​ချို့​တို့​သည် စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို ပြု၍၊ မြွေ​ဖြင့် ပျက်​စီး​သ​ကဲ့​သို့ ငါ​တို့​သည်​မ​ပြု၊ ခ​ရစ်​တော်​ကို မ​စုံ​စမ်း​မ​နှောင့်​ယှက်​ဘဲ​နေ​ကြ​ကုန်​အံ့။-

မီး​မြွေ၊ ကင်း​မြီး​ကောက်​များ၍၊ ရေ​မ​ရှိ၊ အ​ငတ်​ခံ​ရာ​အ​ရပ်၊ ကြောက်​မက်​ဖွယ်​သော တော​ကြီး​အ​လယ်၌ သင့်​ကို​ပို့​ဆောင်၍ မီး​ပါ​ကျောက်​ထဲ​က ရေ​ကို​ထွက်​စေ​တော်​မူ​ထ​သော၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ