Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 21:30

Judson Bible

တစ်​ဖန်​ငါ​တို့​သည် အာ​မော​ရိ​သား​တို့​ကို တိုက်​ပြန်​သော​ကြောင့်၊ ဟေ​ရှ​ဘုန်​ပြည်​သည် ဒိ​ဘုန်​မြို့​တိုင်​အောင် ပျက်​လေ​ပြီ။ မေ​ဒ​ဘ​မြို့​နှင့်​နီး​စပ်​သော နော​ဖာ​မြို့​တိုင်​အောင် သူ​တို့​ကို သုတ်​သင်​ပယ်​ရှင်း​ကြ​ပြီ​ဟု ဆို​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

လေး​သ​မား​တို့​သည် သူ့​ကို​အ​ငြိုး​ထား၍၊ အ​လွန်​ညှဉ်း​ဆဲ​ပစ်​ခတ်​ကြ၏။

လေး​သ​မား​တို့​သည် မြို့​ရိုး​ပေါ်​က ကိုယ်​တော်​ကျွန်​တို့​ကို​ပစ်၍ ကိုယ်​တော်​ကျွန်​အ​ချို့ သေ​ကြ​ပါ၏။ ကိုယ်​တော်​ကျွန်​ဟိ​တ္တိ​လူ၊ ဥ​ရိ​ယ​သည်​လည်း​သေ​ပါ၏​ဟု လျှောက်​လျှင်၊

မြင်း​ရ​ထား​သူ​ရဲ သုံး​သောင်း​နှစ်​ထောင်​ကို​လည်း​ကောင်း၊ မာ​ခါ​မင်း​ကြီး​နှင့် သူ၏​လူ​တို့​ကို​လည်း​ကောင်း ငှား​သ​ဖြင့်၊ ထို​သူ​တို့​သည် မေ​ဒ​ဘ​မြို့​ရှေ့​မှာ တပ်​ချ​ကြ၏။ အ​မ္မုန်​အ​မျိုး​သား​တို့​သည်​လည်း စု​ဝေး၍ အ​မြို့​မြို့​တို့​မှ စစ်​ချီ​ကြ၏။

လေး​မြား​တော်​တို့​ကို​ပစ်၍ လျှပ်​စစ်​ပြက်​စေ​သ​ဖြင့်၊ ရန်​သူ​တို့​ကို အ​ရပ်​ရပ်​သို့​ခွဲ၍ ရှုံး​စေ​တော်​မူ၏။

ပြည်​သား​တို့​သည် ဗက်​မြို့၊ ဒိ​ဘုန်​မြို့၌ မြင့်​သော​အ​ရပ်​သို့​တက်၍ ငို​ကြွေး​ကြ၏။ မော​ဘ​ပြည်​သူ​တို့​သည် နေ​ဗော​မြို့၊ မေ​ဒ​ဘ​မြို့​ပေါ်​မှာ ညည်း​တွား​မြည်​တမ်း​ကြ၏။ သူ​တို့​ခေါင်း​ပေါ်​မှာ ဆံ​ပင်​မ​ရှိ။ သူ​တို့ မုတ်​ဆိတ်​ကို​လည်း​ရိတ်​ပယ်​ပြီ။

အ​ကြောင်း​မူ​ကား၊ ဒိ​မုန်​မြို့​ရေ​တို့​သည် အ​သွေး​နှင့်​ပြည့်​ကြ၏။ ဒိ​မုန်​မြို့​အ​ပေါ်​မှာ အ​ခြား​သော​ဘေး​များ​ကို​လည်း​ကောင်း၊ လွတ်​အောင်​ပြေး​သော မော​ဘ​ပြည်​သား​နှင့် ကျန်​ကြွင်း​သော ပြည်​သား​အ​ပေါ်​မှာ ခြင်္သေ့​တို့​ကို​လည်း​ကောင်း ငါ​ရောက်​စေ​မည်။

ဒိ​ဘုန်​မြို့၌​နေ​သော သ​တို့​သ​မီး၊ သင်​ခံ​စား​ရ​သော စည်း​စိမ်​မှ​ဆင်း၍ အ​ငတ်​ခံ​လျက်​ထိုင်​လော့။ မော​ဘ​ကို လု​ယူ​သော​သူ​သည် သင်​ရှိ​ရာ​သို့​လာ၍၊ သင်၏​ရဲ​တိုက်​တို့​ကို​ဖျက်​ဆီး​လိမ့်​မည်။

ဒိ​ဘုန်​မြို့၊ နေ​ဗော​မြို့၊ ဗက်​ဒိ​ဗ​လ​သိမ်​မြို့၊

ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အာ​မော​ရိ​ပြည်၌ နေ​ရ​ကြ၏။

အ​တ​ရုတ်၊ ဒိ​ဘုန်၊ ယာ​ဇာ၊ နိ​မ​ရ၊ ဟေ​ရှ​ဘုန်၊ ဧ​လာ​လေ၊ ရှေ​ဘံ၊ နေ​ဗော၊ ဗော​န​တည်း​ဟူ​သော၊

ဂဒ်​အ​မျိုး​သား​တို့​သည် ဒိ​ဗုန်၊ အ​တ​ရုတ်၊ အာ​ရော်၊

ဟေ​ရှ​ဘုန်​မြို့​နှင့်​တ​ကွ လွင်​ပြင်၌ ရှိ​သ​မျှ​သော​မြို့၊ ဒိ​ဘုန်​မြို့၊ ဗာ​မုတ်​ဗာ​လ​မြို့၊ ဗက်​ဗာ​လ​မောင်​မြို့၊

ထာ​ဝ​ရ​ဘု​ရား၏​ကျွန် မော​ရှေ​ပေး​သော​မြေ​ဟူ​မူ​ကား၊ အာ​နုန်​မြစ်​နား၌​ရှိ​သော အာ​ရော်​မြို့၊ မြစ်​အ​ကွေ့၌ ရှိ​သ​မျှ​သော​မြို့​တို့​နှင့်​တ​ကွ၊ ဒိ​ဘုန်​မြို့​တိုင်​အောင် မေ​ဒ​ဘ​လွင်​ပြင်​တစ်​လျှောက်​လုံး၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ