Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 21:29

Judson Bible

အို​မော​ဘ​ပြည်၊ သင်​သည် အ​မင်္ဂ​လာ​ရှိ၏။ အို​ခေ​မု​ရှ​တ​ပည့်​တို့၊ သင်​တို့​သည် အ​ကျိုး​နည်း​ကြ​ပြီ။ ပြေး​ရ​သော​မိ​မိ​သား​သ​မီး​တို့​ကို အာ​မော​ရိ​ရှင်​ဘု​ရင်​ရှိ​ဟုန်​လက်​သို့ ရောက်​စေ​ခြင်း​ငှာ၊ ထို​ဘု​ရား​သည် အ​ခွင့်​ပေး​ပြီ​တ​ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ဆယ်​ခ​ရိုင်​ကို နုတ်​ရ​သော​အ​ကြောင်း​ဟူ​မူ​ကား၊ ငါ့​ကို​စွန့်၍ ဇိ​ဒုန်​နတ်​သ​မီး အာ​ရှ​တ​ရက်၊ မော​ဘ​ဘု​ရား ခေ​မု​ရှ၊ အ​မ္မုန်​ဘု​ရား မိ​လ​ကုံ​တို့​ကို ကိုး​ကွယ်​သ​ဖြင့်၊ အ​ဘ​ဒါ​ဝိဒ်​ကဲ့​သို့ ငါ့​ရှေ့၌​မှန်​သော​တ​ရား၊ ငါ​စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို စောင့်​ရှောက်​ခြင်း​ငှာ ငါ့​လမ်း​တို့​သို့​မ​လိုက်။

ထို​အ​ခါ ရှော​လ​မုန်​သည် ရွံ​ရှာ​ဖွယ်​သော မော​ဘ​ဘု​ရား​ခေ​မု​ရှ​နှင့် ရွံ​ရှာ​ဖွယ်​သော အ​မ္မုန်​ဘု​ရား​မော​လုတ်​အ​ဖို့၊ ယေ​ရု​ရှ​လင်​မြို့ ရှေ့​တော်၌​ရှိ​သော တောင်​ပေါ်​တွင် ကုန်း​တို့​ကို​တည်​လေ၏။

ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ရှော​လ​မုန်​သည် ယေ​ရု​ရှ​လင်​မြို့​အ​ရှေ့၊ ဖျက်​ဆီး​ခြင်း​တောင်​လက်​ယာ​ဘက်၌ ရွံ​ရှာ​ဖွယ်​သော ဇိ​ဒုန်​ဘု​ရား​အာ​ရှ​တ​ရက်၊ ရွံ​ရှာ​ဖွယ်​သော မော​ဘ​ဘု​ရား​ခေ​မု​ရှ၊ ရွံ​ရှာ​ဖွယ်​သော အ​မ္မုန်​ဘု​ရား​မိ​လ​ကုံ​အ​ဖို့ တည်​သော ကုန်း​တို့​ကို​လည်း ရှင်​ဘု​ရင်​ညစ်​ညူး​စေ​တော်​မူ၏။

ငါ့​နှ​လုံး​သည်​လည်း၊ မော​ဘ​အ​ဖို့ ငို​ကြွေး၏။ ပြေး​သော​သူ​တို့​သည်၊ သုံး​နှစ်​အ​သက်​ရှိ​သော နွား​မ​ကဲ့​သို့ ဇော​ရ​မြို့​တိုင်​အောင် လည်​ကြ၏။ လု​ဟိတ်​တောင်​ပေါ်​သို့ မျက်​ရည်​ကျ​လျက် တက်​ကြ၏။ ဟော​ရ​နိမ်​မြို့​သို့ သွား​သော​လမ်း၌​လည်း ဆုံး​ရှုံး​ခြင်း​အ​သံ​ကို​လွှင့်​ကြ၏။

မိ​မိ​အ​သိုက်​ကို​စွန့်​ပစ်၍ လည်​ရ​သော​ငှက်​ကဲ့​သို့၊ မော​ဘ​သ​မီး​တို့​သည် အာ​နုန်​မြစ်​ကူး​ရာ ကမ်း​နား​မှာ​ရှိ​ကြ​လိမ့်​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သည် မိ​မိ​တို့​ခို​လှုံ​သော ဗေ​သ​လ​ဘု​ရား​ကြောင့် ရှက်​ရ​သ​ကဲ့​သို့၊ မော​ဘ​အ​မျိုး​သည်​လည်း ခေ​မု​ရှ​ဘု​ရား​ကြောင့် ရှက်​ရ​လိမ့်​မည်။

ပြေး​သော​သူ​တို့​သည် အား​ကုန်​သော​ကြောင့်၊ ဟေ​ရှ​ဘုန်​မြို့​အ​ရိပ်​ကို ခို​ကြ​သော်​လည်း၊ ရှိ​ဟုန်​ဘု​ရင် နေ​ရာ ဟေ​ရှ​ဘုန်​မြို့​မှ မီး​လျှံ​ထွက်​သ​ဖြင့်၊ မာ​န​ထောင်​လွှား​သော​သူ​တို့၏​အ​ထွတ်​မှ​စ၍ မော​ဘ​ပြည်​စွန်း​တိုင်​အောင် လောင်​လိမ့်​မည်။

အို မော​ဘ​ပြည်၊ သင်​သည် အ​မင်္ဂ​လာ​ရှိ၏။ အို ခေ​မု​ရှ​တ​ပည့်​တို့၊ သင်​တို့​သည် အ​ကျိုး​နည်း​ကြ​ပြီ။ သင်​တို့၏​သား​သ​မီး​များ​ကို သိမ်း​သွင်း​ကြ​ပြီ။

သင်​သည် မိ​မိ​ဆည်း​ပူး​သော ဘ​ဏ္ဍာ​ဥ​စ္စာ​ကို ကိုး​စား​သော​ကြောင့်၊ သူ​တစ်​ပါး​လက်​သို့ ရောက်​ရ​လိမ့်​မည်။ ခေ​မု​ရှ​ဘု​ရား​ကို​လည်း သူ၏​မင်း၊ သူ၏​ယဇ်​ပု​ရော​ဟိတ်​တို့​နှင့် တ​ကွ သိမ်း​သွား​ကြ​လိမ့်​မည်။

ထို​အ​ရာ​ကို ငါ​မြင်၏။ သို့​သော်​လည်း ယ​ခု​မ​ဖြစ်​ရ​သေး။ ထို​အ​ရာ​ကို ငါ​ရှု၏။ သို့​သော်​လည်း ဖြစ်​ရ​သော​အ​ချိန်​မ​နီး​သေး။ ကြယ်​တစ်​လုံး​သည် ယာ​ကုပ်​အ​မျိုး၌ ပေါ်​ထွန်း၍၊ ရာ​ဇ​လှံ​တံ​သည် ဣ​သ​ရေ​လ​အ​မျိုး၌ ထင်​ရှား​လိမ့်​မည်။ မော​ဘ​ပြည်​စွန်း​တိုင်​အောင် ထိ​ခိုက်၍ မ​ငြိမ်​မ​ဝပ် ရုန်း​ရင်း​ခတ်​ပြု​တတ်​သော သူ​အ​ပေါင်း​တို့​ကို ဖျက်​ဆီး​လိမ့်​မည်။

သင်၏​ဘု​ရား ခေ​မု​ရှ​အ​ပိုင်​ပေး​သော​မြေ​ကို သင်​သိမ်း​ယူ​ရ​သည် မ​ဟုတ်​လော။ ထို​အ​တူ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား နှင်​ထုတ်​တော်​မူ​သော သူ​တို့၏​မြေ​ကို ငါ​တို့​သည်​သိမ်း​ယူ​ရ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ