Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 21:27

Judson Bible

ထို​အ​ကြောင်း​ကို​ရည်​ဆောင်၍ လင်္ကာ​ဆ​ရာ​တို့​က၊ ဟေ​ရှ​ဘုန်​မြို့​သို့​သွား၍ တစ်​ဖန်​တည်​ကြ​စို့။ ရှိ​ဟုန်​ဘု​ရင်​နေ​သော​မြို့​ကို ပြင်​ဆင်​ကြ​စို့။

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

မြို့​ရိုး​ကို လက်​စ​သတ်​သော​အ​ခါ၊ ငါ​သည် တံ​ခါး​တို့​ကို ထူ​ထောင်၍ တံ​ခါး​စောင့်၊ သီ​ချင်း​သည်၊ လေ​ဝိ​သား​တို့​ကို ခန့်​ထား​ပြီး​မှ၊

သင်​သည် ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ကို ရည်​ဆောင်၍၊ ပုံ​စ​ကား​ကို ဤ​သို့ မြွက်​ဆို​လိမ့်​မည်။ အ​စိုး​တ​ရ​ပြု​သော​သူ​သည် ဆုံး​လေ​ပြီ​တ​ကား။ ရွှေ​မြို့​တော်​သည် ဆုံး​လေ​ပြီ​ကား။

ထို​သူ​အ​ပေါင်း​တို့​သည် သူ​တစ်​ဖက်၌ ပုံ​စ​ကား​နှင့် ကဲ့​ရဲ့​သော နိ​မိတ်​စ​ကား​ကို သုံး​ဆောင်​လျက်၊ ကိုယ်​မ​ပိုင်​သော ဥ​စ္စာ​ကို ဆည်း​ပူး​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ၏။ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ကိုယ်​အ​ပေါ်​မှာ ကြွေး​များ​ကို တင်​စေ​ပါ​လိမ့်​မည်​နည်း​ဟု မြွက်​ဆို​ကြ​မည် မ​ဟုတ်​လော။

ထို​သို့​နှင့်​အ​ညီ၊ ထာ​ဝ​ရ​ဘု​ရား​စစ်​တိုက်​စာ၌​ကား၊ ဇာ​ရက်​အ​ရပ်၊ သု​ပ​အ​ရပ်၊ အာ​နုန်​ချောင်း​တို့၊

ဟေ​ရှ​ဘုန်​မြို့​ကား၊ မော​ဘ​ပြည်​ကို​အ​စိုး​ရ​သော အ​ရင်​ရှင်​ဘု​ရင်​နှင့် စစ်​တိုက်၍ အာ​နုန်​ချောင်း​တိုင်​အောင် ပြည်​ကို​လု​ယူ​သော အာ​မော​ရိ​ရှင်​ဘု​ရင်​ရှိ​ဟုန်​မင်း​နေ​သော​မြို့​ဖြစ်​သ​တည်း။

ရှိ​ဟုန်​ဘု​ရင်​နေ​ရာ ဟေ​ရှ​ဘုန်​မြို့​မှ မီး​လျှံ​ထွက်၍ မော​ဘ​ပြည်​အာ​ရ​မြို့​နှင့်​တ​ကွ၊ အာ​နုန်​ချောင်း​နား၊ မြင့်​သော​အ​ရပ်၌ အ​စိုး​ရ​သော​မင်း​တို့​ကို လောင်​လေ​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ