Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 21:20

Judson Bible

ဗာ​မုတ်​အ​ရပ်​မှ မော​ဘ​ချိုင့်​သို့​လည်း​ကောင်း၊ ယေ​ရှိ​မုန်​မြို့​ကို မျက်​နှာ​ပြု​သော ပိ​သ​ဂါ​တောင်​ထိပ်​သို့​လည်း​ကောင်း ခ​ရီး​သွား​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ထို​တော​မှ မ​တ္တ​နာ​အ​ရပ်​သို့​လည်း​ကောင်း၊ မ​တ္တ​နာ​အ​ရပ်​မှ န​ဟာ​လျေ​လ​အ​ရပ်​သို့​လည်း​ကောင်း၊ န​ဟာ​လျေ​လ​အ​ရပ်​မှ ဗာ​မုတ်​အ​ရပ်​သို့​လည်း​ကောင်း၊

ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ အာ​မော​ရိ​ရှင်​ဘု​ရင် ရှိ​ဟုန်​မင်း​ထံ​သို့ သံ​တ​မန်​တို့​ကို​စေ​လွှတ်​လျက်၊

တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ခ​ရီး​သွား၍ မော​ဘ​လွင်​ပြင်၊ ယော်​ဒန်​မြစ်​နား၊ ယေ​ရိ​ခေါ​မြို့​တစ်​ဖက်၌ တဲ​ဆောက်​ကြ၏။

ပိ​သ​ဂါ​တောင်​ပေါ်၊ ဇော​ဖိမ်​လယ်​ပြင်​သို့​ဆောင်​သွား၍ ယဇ်​ပ​လ္လင်​ခု​နစ်​ခု​ကို​တည်​ပြီး​မှ၊ ပ​လ္လင်​တစ်​ခု​တစ်​ခု​အ​ပေါ်​မှာ နွား​တစ်​ကောင်​စီ​နှင့် သိုး​တစ်​ကောင်​စီ​ကို ပူ​ဇော်​လေ၏။

ယေ​ရှိ​မုန်​မြို့​ကို​မျက်​နှာ​ပြု​သော ပေ​ဂု​ရ​တောင်​ထိပ်​သို့ ဆောင်​သွား​လေ၏။

ဤ​ရွေ့​ကား၊ မော​ရှေ​နှင့် ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​တို့​သည်၊ မော​ဘ​လွင်​ပြင်၊ ယော်​ဒန်​မြစ်​နား၊ ယေ​ရိ​ခေါ​မြို့​တစ်​ဖက်၌​စာ​ရင်း​ယူ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​ပေ​တည်း။

ပိ​သ​ဂါ​တောင်​ထိပ်​ပေါ်​သို့ တက်​ပြီး​လျှင်၊ အ​ရှေ့၊ အ​နောက်၊ တောင်၊ မြောက် လေး​မျက်​နှာ​သို့​မျှော်၍ ထို​ပြည်​ကို​ကြည့်​ရှု​လော့။ ယော်​ဒန်​မြစ်​ကို မ​ကူး​ရ။

ထို​နောက်၊ မော​ရှေ​သည် မော​ဘ​လွင်​ပြင်​မှ​သွား၍ ယေ​ရိ​ခေါ​မြို့​တစ်​ဖက်၊ နေ​ဗော​တောင်၊ ပိ​သ​ဂါ​ထိပ်​ပေါ်​သို့ တက်​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ဒန်​မြို့​တိုင်​အောင်၊ ဂိ​လဒ်​ပြည်​တစ်​လျှောက်​လုံး၊

ယော်​ဒန်​မြစ်​အ​ရှေ့​ဘက် လွင်​ပြင်​နှင့်​တ​ကွ လွင်​ပြင်​နှင့်​ဆိုင်​သော​အိုင်​နား၊ အာ​ဇုတ်​ပိ​သ​ဂါ​မြို့​တိုင်​အောင်​လည်း​ကောင်း သိမ်း​ယူ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ