Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 21:16

Judson Bible

အာ​နုန်​ချောင်း​မှ ဗေ​ရ​ရေ​တွင်း​သို့ ခ​ရီး​သွား​ကြ၏။ ထို​ရေ​တွင်း​ကား အ​ခြား​မ​ဟုတ်၊ ထာ​ဝ​ရ​ဘု​ရား​က၊ လူ​များ​ကို​စု​ဝေး​စေ​လော့၊ ရေ​ကို​ငါ​ပေး​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ​ရာ၌ ရည်​ဆောင်​သော ရေ​တွင်း​ဖြစ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ ဘု​ရား​သ​ခင်​သည် ဟာ​ဂ​ရ၏​မျက်​စိ​ကို​ဖွင့်​တော်​မူ​သ​ဖြင့်၊ သူ​သည်​ရေ​တွင်း​ကို​မြင်​လေ​သော်၊ သွား၍​ဘူး​ကို ရေ​ဖြည့်​ပြီး​လျှင်၊ လု​လင်​အား ရေ​ကို​တိုက်​လေ၏။

ထို​အ​ရပ်၌​ရှိ​သော​ကျောက်​ပေါ်​တွင် သင့်​ရှေ့​မှာ​ငါ​ရပ်​နေ​မည်။ သင်​သည် ထို​ကျောက်​ကို​ရိုက်​ရ​မည်။ လူ​များ​သောက်​ဖို့ ထို​ကျောက်​ထဲ​က ရေ​ထွက်​လိမ့်​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။ မော​ရှေ​သည်​လည်း ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​တို့​ရှေ့​မှာ ထို​သို့​ပြု​လေ၏။

သင်​တို့​သည် ဝမ်း​မြောက်​သော​စိတ်​နှင့် ကယ်​တင်​ခြင်း စမ်း​ရေ​တွင်း​တို့၌ ရေ​ခပ်​ရ​ကြ​လိမ့်​မည်။

ငို​ကြွေး​သော​အ​သံ​သည် မော​ဘ​ပြည်​ကို နှံ့​ပြား​လေ၏။ ညည်း​တွား​မြည်​တမ်း​သော အ​သံ​သည် ဧ​ဂ​လိမ်​မြို့​တိုင်​အောင်​လည်း​ကောင်း၊ ဗေ​ရ​ဧ​လိမ်​မြို့​တိုင်​အောင်​လည်း​ကောင်း ရောက်​လေ၏။

မြေ​ခွေး​နှင့် ကု​လား​အုတ်​ငှက်​မှ​စ၍၊ တော​သား​ရဲ​တို့​သည် ငါ၏​ဂုဏ်​ကျေး​ဇူး​ကို ချီး​မွမ်း​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​ရွေး​ကောက်​သော​သူ၊ ငါ၏​လူ​တို့​သောက်​စ​ရာ​ဖို့ တော၌​ရေ​များ​ကို​လည်း​ကောင်း၊ လွင်​ပြင်၌ မြစ်​တို့​ကို​လည်း​ကောင်း ငါ​ပေး​မည်။

သူ​တို့​သည် ရေ​စာ​ကို မ​ငတ်​မ​မွတ်​ရ။ အ​ပူ​ကို​လည်း မ​ခံ​ရ​ကြ။ နေ​ရောင်​ခြည် မ​ထိ​ရ။ အ​ကြောင်း​မူ​ကား၊ သူ​တို့​ကို သ​နား​သော​သူ​သည် သူ​တို့​ကို ပို့​ဆောင်၍၊ စမ်း​ရေ​တွင်း​အ​နား​သို့​လမ်း​ပြ​လိမ့်​မည်။

လှံ​တံ​တော်​ကို​ကိုင်​ယူ၍ သင်၏​အစ်​ကို​အာ​ရုန်​ပါ​လျက်၊ ပ​ရိ​သတ်​များ​ကို စု​ဝေး​စေ​လော့။ သူ​တို့​ရှေ့​မှာ ကျောက်​ကို​မှာ​ထား​လော့။ ကျောက်​သည် မိ​မိ​ရေ​ကို​ပေး​လိ​မ့်​မည်။ ထို​သို့​သင်​သည်​ကျောက်​ထဲ​က ရေ​ကို​ထွက်​စေ၍၊ ပ​ရိ​သတ်​များ​နှင့် သူ​တို့​တိ​ရ​စ္ဆာန်​များ​တို့​အား သောက်​ဖို့​ရေ​ကို​ပေး​ရ​မည်​ဟု၊

ဒိ​ဗုန်​ဂဒ်​အ​ရပ်​မှ​ပြောင်း၍ အာ​လ​မုန်​ဒိ​ဗ​လ​သိမ်​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။

ယေ​ရှု​က​လည်း၊ ဘု​ရား​သ​ခင် ကျေး​ဇူး​တော်​ကို​လည်း​ကောင်း၊ ငါ​သောက်​ဖို့​ရေ​ပေး​ပါ​ဟု ဆို​သော​သူ​ကား အ​ဘယ်​သူ​ဖြစ်​သည်​ကို​လည်း​ကောင်း သင်​သည်​သိ​လျှင် ထို​သူ​ကို​တောင်း​လိမ့်​မည်။ ထို​သူ​သည်​လည်း အ​သက်​ရေ​ကို ပေး​လိမ့်​မည်​ဟု ပြန်၍ မိန့်​တော်​မူ​သော်၊-

ငါ​ပေး​သော​ရေ​ကို သောက်​သော​သူ​မူ​ကား၊ ရေ​ငတ်​ခြင်း​နှင့်​အ​စဉ်​မ​ပြတ် ကင်း​လွတ်​လိမ့်​မည်။ ငါ​ပေး​သော​ရေ​သည် ထို​သူ၌ ထာ​ဝ​ရ​အ​သက်​ရှင်​ခြင်း​အ​လို​ငှာ ထွက်​သော​စမ်း​ရေ​ဖြစ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-

အ​မှု​ပြီး​ပြီ။ ငါ​သည် အာ​လ​ဖ​ဖြစ်၏။ ဩ​မေ​ဃ​လည်း ဖြစ်၏။ အ​စ​နှင့်​အ​ဆုံး​လည်း ဖြစ်၏။ ရေ​ငတ်​သော​သူ​အား အ​သက်​စမ်း​ရေ​ကို အ​ဖိုး​မ​ယူ​ဘဲ ငါ​ပေး​မည်။-

တစ်​ဖန်၊ ကျောက်​သ​လင်း​ကဲ့​သို့ ကြည်​လင်၍၊ ဘု​ရား​သ​ခင်​နှင့် သိုး​သ​ငယ်၏ ပ​လ္လင်​တော်​ထဲ​က ထွက်​သော၊ အ​သက်​ရေ​စီး​ရာ​မြစ်​ကို ကောင်း​ကင်​တ​မန်​သည် ငါ့​အား​ပြ​လေ၏။-

ဝိ​ညာဉ်​တော်​နှင့် မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး​က လာ​ခဲ့​ပါ​ဟု ဆို​ကြ၏။ ကြား​သော​သူ​က​လည်း၊ လာ​ခဲ့​ပါ​ဟု​ဆို​ပါ​စေ၊ ရေ​ငတ်​သော​သူ​သည် လာ​ပါ​စေ။ အ​လို​ရှိ​သော​သူ​သည် အ​ဖိုး​ကို​မ​ပေး​ဘဲ အ​သက်​ရေ​ကို ယူ​ပါ​စေ။-

အ​လျင်​အ​မြန်​ပြေး၍ အစ်​ကို​အ​ဘိ​မ​လက်​ကို ကြောက်​သော​ကြောင့် ဗေ​ရ​မြို့​သို့ သွား၍​နေ​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ