Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 20:6

Judson Bible

မော​ရှေ​နှင့်​အာ​ရုန်​တို့​သည် လူ​အ​စု​အ​ဝေး​မှ​ထွက်၍၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ဝ​သို့​သွား​သ​ဖြင့်၊ ပျပ်​ဝပ်​လျက်​နေ​ကြ​စဉ်၊ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် ထင်​ရှား​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​သည် မျှော်​ကြည့်၍၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ယေ​ရု​ရှ​လင်​မြို့​အ​ပေါ်​မှာ ဓား​ကို​မိုး​လျက် မိုး​ကောင်း​ကင်​နှင့် မြေ​ကြီး​ကြား​မှာ ရပ်​နေ​သည်​ကို​မြင်​လျှင်၊ ကိုယ်​တိုင်​မှ​စ၍ ဣ​သ​ရေ​လ​အ​မျိုး​သား အ​သက်​ကြီး​သူ​တို့​သည် လျှော်​တေ​အ​ဝတ်​ကို ဝတ်​လျက် မြေ​ပေါ်​မှာ ပျပ်​ဝပ်​လျက်​နေ​ကြ၏။

အာ​ရုန်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​အား ဆင့်​ဆို​သော​အ​ခါ၊ သူ​တို့​သည် တော​သို့​မျှော်​ကြည့်၍၊ မိုး​တိမ်၌​ထင်​ရှား​သော ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​ကို မြင်​ရ​ကြ၏။

ထို​အ​ခါ မော​ရှေ​သည် ထာ​ဝ​ရ​ဘု​ရား​အား​အော်​ဟစ်၍၊ ဤ​လူ​တို့​အား အ​ကျွန်ုပ်​သည် အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း။ အ​ကျွန်ုပ်​ကို ခဲ​နှင့်​ပစ်​လု​ကြ​ပါ​ပြီ​ဟု လျှောက်​လေ၏။

ထာ​ဝ​ရ​ဘု​ရား​သည် မိုး​တိမ်​တိုင်​ဖြင့်​ဆင်း​သက်၍၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ဝ၌​ရပ်​လျက်၊ အာ​ရုန်​နှင့် မိ​ရိ​အံ​ကို​ခေါ်​တော်​မူ၍၊ သူ​တို့​သည် ချဉ်း​ကပ်​ကြ၏။

ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ထို​သူ​နှစ်​ယောက်​ကို ကျောက်​ခဲ​နှင့်​ပစ်​စေ​ခြင်း​ငှာ စီ​ရင်​ကြ၏။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ရှေ့​မှာ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်၌ ထင်​ရှား​လေ၏။

မော​ရှေ​နှင့် အာ​ရုန်​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​ရှေ့​မှာ ပျပ်​ဝပ်​လျက်​နေ​ကြ၏။

ကော​ရ​သည်​လည်း၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ဝ၌ ပ​ရိ​သတ်​အ​ပေါင်း​တို့​ကို မော​ရှေ​နှင့် အာ​ရုန်​တစ်​ဖက်၌​စု​ဝေး​စေ​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား၏ ဘုန်း​တော်​သည် ပ​ရိ​သတ်​အ​ပေါင်း​တို့၌ ထင်​ရှား​လေ၏။

သူ​တို့​က​ပျပ်​ဝပ်​လျက်၊ အို​ဘု​ရား​သ​ခင်၊ ခပ်​သိမ်း​သော​သ​တ္တ​ဝါ​တို့၏ အ​သက်​ဝိ​ညာဉ်​များ​ကို အ​စိုး​ရ​တော်​မူ​သော​ဘု​ရား​သ​ခင်၊ လူ​တစ်​ယောက်​အ​ပြစ်​ကြောင့် ပ​ရိ​သတ်​အ​ပေါင်း​တို့​ကို အ​မျက်​ထွက်​တော်​မူ​မည်​လော​ဟု လျှောက်​ဆို​လေ၏။

ထို​စ​ကား​ကို​မော​ရှေ​ကြား​လျှင် ပျပ်​ဝပ်​လျက်​နေ၏။

ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် မော​ရှေ​နှင့် အာ​ရုန်​တစ်​ဖက်၌ စု​ဝေး​ကြ​သော​အ​ခါ၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​သို့ မျှော်​ကြည့်၍၊ မိုး​တိမ်​သည် တဲ​တော်​ကို​လွှမ်း​မိုး၍၊ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် ထင်​ရှား​လေ၏။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊

ထို​မှ အ​နည်း​ငယ်​လွန်​ပြန်​လျှင် ပျပ်​ဝပ်၍​အ​ကျွန်ုပ်​အ​ဘ၊ ဤ​ခွက်​သည် အ​ကျွန်ုပ်​ကို​လွန်​သွား​နိုင်​လျှင် လွန်​သွား​ပါ​စေ​သော။ သို့​သော်​လည်း အ​ကျွန်ုပ်​အ​လို​ရှိ​သည်​အ​တိုင်း မ​ဖြစ်​ပါ​စေ​နှင့်။ ကိုယ်​တော်​အ​လို​ရှိ​သည်​အ​တိုင်း ဖြစ်​ပါ​စေ​သော​ဟု ဆု​တောင်း​တော်​မူ၏။-

ထို​အ​ခါ ယော​ရှု​သည် မိ​မိ​အ​ဝတ်​ကို​ဆုတ်၍ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​တို့​နှင့်​တ​ကွ၊ မိ​မိ​တို့​ခေါင်း​ပေါ်၌ မြေ​မှုန့်​ကို​တင်၍ ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ရှေ့​မှာ ညဉ့်​ဦး​တိုင်​အောင် ဝပ်​လျက်​နေ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ