ဧဒုံကလည်း၊ သင်သည်ငါ့ပြည်အလယ်၌ မလျှောက်မသွားရ။ လျှောက်သွားလျှင်၊ ဓားလက်နက်နှင့် ဆီးတားမည်ဟုပြန်ပြော၏။
ဣသရေလအမျိုးသားတို့ကလည်း၊ မင်းလမ်းသို့သာ လျှောက်လိုက်ပါမည်။ ကိုယ်တိုင်မှစ၍ တိရစ္ဆာန်တို့သည် ကိုယ်တော့်ရေကိုသောက်လျှင် အဖိုးကိုပေးပါမည်။ အခြားသောအမှုကိုမပြုဘဲ၊ ခြေဖြင့်သွားရုံမျှသာပြုပါမည်ဟု ဆိုသော်လည်း၊
ဧဒုံက၊ သင်သည်လျှောက်၍မသွားရဟု ဆိုလျက်၊ များစွာသော ဗိုလ်ခြေအလုံးအရင်းနှင့်တကွ ဆီးတားခြင်းငှာထွက်လာ၏။
ထိုပြည်အလယ်၌ လျှောက်သွားရသောအခွင့်ကို၊ ရှိဟုန်မင်းသည် ဣသရေလအမျိုးသားတို့အား မပေး။ မိမိလူအပေါင်းတို့ကို စုဝေးစေ၍၊ ဣသရေလအမျိုးသားတို့ကို ဆီးတားခြင်းငှာ၊ သူတို့ရှိရာတောသို့ထွက်၍ ယာဟတ်မြို့သို့ ရောက်ပြီးလျှင် စစ်တိုက်လေ၏။
ဟောရတောင်မှထွက်၍ ဧဒုံပြည်ကိုဝိုင်းခြင်းငှာ၊ ဧဒုံပင်လယ်လမ်းဖြင့် ချီသွားကြစဉ်၊ အသွားခက်သောကြောင့်၊ လူများတို့သည် စိတ်အားလျော့ကြ၍၊
ဧဒုံပြည်ကိုလည်း သိမ်းယူလိမ့်မည်။ စိရတောင်သည်လည်း ရန်သူလက်သို့ ရောက်လိမ့်မည်။ ဣသရေလအမျိုးသည် ရဲရင့်စွာပြုလိမ့်မည်။