တောလည် 20:17Judson Bibleကိုယ်တော့်ပြည်အလယ်၌ လျှောက်၍သွားပါရစေ။ လယ်ယာများ၊ စပျစ်ဥယျာဉ်များကို မနင်းပါ။ တွင်းရေကိုလည်း မသောက်ပါ။ ကိုယ်တော့်ပြည်နယ်ကို မလွန်မီတိုင်အောင်၊ လက်ယာဘက်၊ လက်ဝဲဘက်သို့မလွှဲ၊ မင်းလမ်းသို့သာ လျှောက်လိုက်ပါမည်ဟု တောင်းပန်စေ၏။ အခန်းကိုကြည့်ပါ။ |
စိရပြည်၌နေသောဧသောအမျိုးသား၊ အာရပြည်၌နေသော မောဘအမျိုးသားတို့သည် ကျွန်ုပ်၌ပြုသကဲ့သို့ ကျွန်ုပ်စားဖို့ရာအစာကိုလည်းကောင်း၊ သောက်ဖို့ရာရေကိုလည်းကောင်း၊ မင်းကြီးသည် ငွေနှင့်ရောင်းပါလော့။ ကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရား ပေးတော်မူသောပြည်သို့ ကျွန်ုပ်သည် ယော်ဒန်မြစ်ကိုကူး၍ မရောက်မီတိုင်အောင် မင်းကြီးပြည်အလယ်၌ ခြေဖြင့်သွားရုံမျှသာပြုပါမည်ဟု မိတ်သဟာယစကားနှင့် ပြောဆိုသော်လည်း၊