တပ်များမြောက်မျက်နှာ၌၊ ဒန်တပ်အလုံးအရင်းသည် ဒန်အလံကိုထူ၍ အမိရှဒ္ဒဲသားအဟေဇာသည်၊ ဒန်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။
ဒန်အမျိုး၊ အမိရှဒ္ဒဲသားအဟေဇာ။
ဒန်အမျိုးသားတို့တွင် အဆွေအမျိုးအသီးအသီးလိုက်၍ နာမည်များကို စာရင်း၌မှတ်သားသည်အတိုင်း၊
နောက်ဆုံးတပ်တည်းဟူသော ဒန်တပ် အစဉ်အတိုင်း အလုံးအရင်းတို့သည် အလံနှင့်တကွချီသွားကြ၏။ ဒန်တပ်ကို အမိရှဒ္ဒဲသားအဟေဇာ အုပ်ရ၏။
သူအုပ်ရသောအလုံးအရင်း အရေအတွက်ကား၊ ခြောက်သောင်းနှစ်ထောင်ခုနစ်ရာ ရှိသတည်း။
မေရာရိအဆွေအမျိုးသူကြီးကား၊ အဘိဟဲလသားဇုရေလတည်း။ ဤသူတို့သည် တဲတော်မြောက်မျက်နှာ၌ နေရာချရမည်။
ဒသမနေ့၌ ဒန်အမျိုးတွင်မင်းဖြစ်သော အမိရှဒ္ဒဲသားအဟေဇာဆက်သော ပူဇော်သကာဟူမူကား၊
မိတ်သဟာယယဇ်ဖို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါလည်သော သိုးသငယ်ငါးကောင်တို့ကို အမိရှဒ္ဒသားအဟေဇာသည် ပူဇော်လေ၏။