ဧဖရိမ်တပ်အနားမှာ မနာရှေတပ်ချ၍၊ ပေဒါဇုရသားဂါမလျေလသည်၊ မနာရှေအမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။
ယောသပ်သားတွင်၊ ဧဖရိမ်အမျိုး အမိဟုဒ်သားဧလိရှမာ၊ မနာရှေအမျိုး၊ ပေဒါဇုရသားဂါမလျေလ။
မနာရှေတပ်ကို ပေဒါဇုရသားဂါမလျေလ အုပ်ရ၏။
သူအုပ်ရသောအလုံးအရင်း အရေအတွက်ကား၊ လေးသောင်းငါးရာရှိသတည်း။
သူအုပ်ရသောအလုံးအရင်း အရေအတွက်ကား၊ သုံးသောင်းနှစ်ထောင်နှစ်ရာ ရှိသတည်း။
အဋ္ဌမနေ့၌ မနာရှေအမျိုးတွင် မင်းဖြစ်သောပေဒါဇုရသား ဂါမလျေလဆက်သော ပူဇော်သကာဟူမူကား၊
မိတ်သဟာယယဇ်ဖို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါလည်သော သိုးသငယ်ငါးကောင်တို့ကို ပေဒါဇုရသားဂါမလျေလသည် ပူဇော်လေ၏။