ရုဗင်တပ်အနားမှာ ရှိမောင်တပ်ချ၍ ဇုရိရှဒ္ဒဲသားရှေလုမျေလသည်၊ ရှိမောင်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။
ရှိမောင်အမျိုး၊ ဇုရိရှဒ္ဒဲသားရှေလုမျေလ။
ရှိမောင်တပ်ကို ဇုရိရှဒ္ဒဲသားရှေလုမျေလ အုပ်ရ၏။
သူအုပ်ရသောအလုံးအရင်း အရေအတွက်ကား၊ လေးသောင်းခြောက်ထောင်ငါးရာ ရှိသတည်း။
သူအုပ်ရသောအလုံးအရင်း အရေအတွက်ကား၊ ငါးသောင်းကိုးထောင်သုံးရာ ရှိသတည်း။
ပဥ္စမနေ့၌ ရှိမောင်အမျိုးတွင်မင်းဖြစ်သော ဇုရိရှဒ္ဒဲသား၊ ရှေလုမျေလဆက်သော ပူဇော်သကာဟူမူကား၊
မိတ်သဟာယယဇ်ဖို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါလည်သော သိုးသငယ်ငါးကောင်တို့ကို ဇုရိရှဒ္ဒဲသားရှေလုမျေလသည် ပူဇော်လေ၏။