Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 19:7

Judson Bible

ထို​နောက် မိ​မိ​အ​ဝတ်​ကို​လျှော်၍ ကိုယ်​ကို​လည်း​ရေ​ချိုး​ပြီး​မှ၊ တပ်​ထဲ​သို့​ဝင်၍ ညဉ့်​ဦး​တိုင်​အောင် မ​စင်​ကြယ်​ဖြစ်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ထို​တိ​ရ​စ္ဆာန်​အား​ဖြင့် သင်​တို့​စင်​ကြယ်​ခြင်း ပျက်​တတ်၏။ သူ​တို့​အ​သေ​ကောင်​ကို ထိ​သော​သူ​သည်၊ ညဉ့်​ဦး​တိုင်​အောင် မ​စင်​ကြယ်။

ထို​အ​သေ​ကောင်​ကို ဆောင်​သွား​သော​သူ​သည် မိ​မိ​အ​ဝတ်​ကို​လျှော်​ရ​မည်။ ညဉ့်​ဦး​တိုင်​အောင်​လည်း မ​စင်​ကြယ်။

ခွာ​မ​ရှိ​သော​သား​အ​မျိုး​မျိုး​တို့​သည် သင်​တို့၌​မ​စင်​ကြယ်​ကြ။ သူ​တို့​အ​သေ​ကောင်​ကို ထိ​သော​သူ​သည် ညဉ့်​ဦး​တိုင်​အောင် မ​စင်​ကြယ်။

သူ​တို့​အ​သေ​ကောင်​ကို ဆောင်​သွား​သော​သူ​သည် မိ​မိ​အ​ဝတ်​ကို​လျှော်​ရ​မည်။ ညဉ့်​ဦး​တိုင်​အောင်​လည်း မ​စင်​ကြယ်။

သူ​တို့​အ​သေ​ကောင်​ကို ထိ​သော​သူ​သည် ညဉ့်​ဦး​တိုင်​အောင် မ​စင်​ကြယ်။

ထို​အ​သေ​ကောင်​သည် သစ်​ခွက်၊ အ​ဝတ်၊ အ​ရေ၊ အ​မွေး၊ အိတ်​အ​စ​ရှိ​သော အ​သုံး​အ​ဆောင်​တစ်​စုံ​တစ်​ခု​ပေါ်​သို့​ကျ​လျှင် ထို​အ​သုံး​အ​ဆောင်​မ​စင်​ကြယ်။ ရေ၌​နှစ်​ရ​မည်။ ညဉ့်​ဦး​တိုင်​အောင်​လည်း မ​စင်​ကြယ်။ ထို​နောက်​စင်​ကြယ်​လိမ့်​မည်။

သင်​တို့​စား​အပ်​သော တိ​ရ​စ္ဆာန်​သေ​လျှင်၊ အ​သေ​ကောင်​ကို ထိ​မိ​သော​သူ​သည် ညဉ့်​ဦး​တိုင်​အောင်​မ​စင်​ကြယ်။

ထို​အ​သေ​ကောင်​ကို စား​သော​သူ​သည်၊ မိ​မိ​အ​ဝတ်​ကို လျှော်​ရ​မည်။ ညဉ့်​ဦး​တိုင်​အောင်​မ​စင်​ကြယ်။ ထို​အ​သေ​ကောင်​ကို ဆောင်​သွား​သော​သူ​သည်​လည်း မိ​မိ​အ​ဝတ်​ကို​လျှော်​ရ​မည်။ ညဉ့်​ဦး​တိုင်​အောင်​မ​စင်​ကြယ်။

ထို​မှ​တစ်​ပါး၊ ထို​အိမ်​ကို ပိတ်​ထား​သည်​ကာ​လ​ပတ်​လုံး၊ အ​ထဲ​သို့​ဝင်​မိ​သော​သူ​သည်၊ ညဉ့်​ဦး​တိုင်​အောင်​မ​စင်​ကြယ်။

သူ၏​အိပ်​ရာ​ကို​ထိ​သော​သူ၊ သူ့​ထိုင်​ရာ​အ​ပေါ်​မှာ​ထိုင်​သော​သူ၊ သူ၏​ကိုယ်​ကို​ထိ​သော​သူ၊ သူ၏​တံ​တွေး​ထိ​မိ​သော​သူ​သည်၊ မိ​မိ​အ​ဝတ်​ကို​လျှော်၍ ကိုယ်​ကို​ရေး​ချိုး​ရ​မည်။ ညဉ့်​ဦး​တိုင်​အောင် မ​စင်​ကြယ်​ဖြစ်၏။

ညဉ့်​ဦး​တိုင်​အောင် မ​စင်​ကြယ်​ဖြစ်​လိမ့်​မည်။ ကိုယ်​ကို​ရေ​မ​ချိုး​ဘဲ​နေ​လျှင်၊ သန့်​ရှင်း​သော​အ​ရာ​ကို မ​စား​ရ။

နွား​မ၏​ပြာ​ကို စု​သိမ်း​သော​သူ​သည်​လည်း၊ မိ​မိ​အ​ဝတ်​ကို​လျှော်၍ ညဉ့်​ဦး​တိုင်​အောင် မ​စင်​ကြယ်​ဖြစ်​လိမ့်​မည်။ ဤ​ရွေ့​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား၊ တည်း​ခို​သော​တစ်​ပါး​အ​မျိုး​သား​တို့​သည် အ​စဉ်​အ​မြဲ​စောင့်​ရ​သော ပ​ညတ်​ဖြစ်​သ​တည်း။

စင်​ကြယ်​သော​သူ​သည် မ​စင်​ကြယ်​သော​သူ​ကို သုံး​ရက်​မြောက်​သော​နေ့၊ ခု​နစ်​ရက်​မြောက်​သော​နေ့၌ ဖျန်း​ရ​မည်။ ခု​နစ်​ရက်​မြောက်​သော​နေ့၌ ကိုယ်​ကို​သန့်​ရှင်း​စေ​လျက်၊ မိ​မိ​အ​ဝတ်​ကို​လျှော်၍ ရေ​ချိုး​လျှင်၊ ညဉ့်​ဦး​အ​ချိန်​တွင် စင်​ကြယ်​လိမ့်​မည်။

အ​စဉ်​အ​မြဲ​စောင့်​ရ​သော ပ​ညတ်​ဟူ​မူ​ကား၊ စင်​ကြယ်​သော​ရေ​ကို ဖျန်း​သော​သူ​သည် မိ​မိ​အ​ဝတ်​ကို​လျှော်​ရ​မည်။ ထို​ရေ​ကို​ထိ​သော​သူ​လည်း၊ ညဉ့်​ဦး​တိုင်​အောင် မ​စင်​ကြယ်​ဖြစ်​လိမ့်​မည်။

မ​စင်​ကြယ်​သော​သူ ထိ​သ​မျှ​သော​အ​ရာ​သည်​လည်း မ​စင်​ကြယ်​ဖြစ်​လိမ့်​မည်။ ထို​အ​ရာ​ကို​ထိ​သော​သူ​လည်း ညဉ့်​ဦး​တိုင်​အောင် မ​စင်​ကြယ်​ဖြစ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

မီး​ရှို့​သော​သူ​သည်​လည်း၊ မိ​မိ​အ​ဝတ်​ကို​လျှော်၍ ကိုယ်​ကို​လည်း ရေ​ချိုး​ပြီး​မှ၊ ညဉ့်​ဦး​တိုင်​အောင် မ​စင်​ကြယ်​ဖြစ်​လိမ့်​မည်။

အ​ကြောင်း​မူ​ကား၊ ယဇ်​ပု​ရော​ဟိတ်​မင်း​သည် အ​ပြစ်​ဖြေ​သော ယဇ်​ကောင်၏​အ​သွေး​ကို သန့်​ရှင်း​ရာ ဌာ​န​ထဲ​သို့ သွင်း​ပြီး​မှ၊ ယဇ်​အ​သေ​ကောင်​တို့​ကို တပ်​ပြင်၌ မီး​ရှို့​ရ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ