Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 19:17

Judson Bible

မ​စင်​ကြယ်​သော​သူ​ဖို့ အ​ပြစ်​ကင်း​စေ​ရာ မီး​ရှို့​သော​နွား​မ၏ ပြာ​အ​ချို့​ကို​ယူ၍၊ စီး​သော​ရေ​နှင့်​အ​တူ အိုး၌​ထည့်​ပြီး​မှ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ဣ​ဇာက်​ကျွန်​တို့​လည်း၊ ချိုင့်​ထဲ၌​တူး၍ စမ်း​ရေ​တွင်း​ကို တွေ့​ကြ၏။

ဥ​ယျာဉ်​များ​ကို ရေ​လောင်း​စ​ရာ​ရေ​ကန်၊ စမ်း​ရေ​တွင်း၊ လေ​ဗ​နုန်​တောင်​က စီး​ထွက်​သော မြစ်​ရေ​လည်း​ပါ​သ​တည်း။

သင်​တို့​အ​ပေါ်​မှာ သန့်​ရှင်း​သော​ရေ​ကို ဖျန်း​သ​ဖြင့်၊ သင်​တို့​ကို ခပ်​သိမ်း​သော အ​ညစ်​အ​ကြေး​မှ​စ၍ ခပ်​သိမ်း​သော ရုပ်​တု​တို့​နှင့် ကင်း​စင်​စေ​မည်။

ထို​ကာ​လ၌ ဒါ​ဝိဒ်​မင်း​မျိုး​နှင့် ယေ​ရု​ရှ​လင်​မြို့​သား​တို့၏ ဒု​စ​ရိုက်​အ​ပြစ် အ​ညစ်​အ​ကြေး​ကို ဆေး​ကြော​စ​ရာ​ဖို့ စမ်း​ရေ​တွင်း​သည် ပွင့်​လျက်​ရှိ​လိမ့်​မည်။

စင်​ကြယ်​သော​သူ​သည်၊ ဟုဿုပ်​ပင်​ညွန့်​ကို ရေ၌​နှစ်၍​တဲ​ပေါ်​မှာ​လည်း​ကောင်း၊ တန်​ဆာ​များ၊ တဲ၌​ရှိ​သော​လူ​များ​ပေါ်​မှာ​လည်း​ကောင်း၊ လူ​သေ​အ​ရိုး၊ သတ်၍​သေ​သော​သူ၊ နာ၍​သေ​သော​သူ၊ လူ​သင်္ချိုင်း​ကို​ထိ​သော​သူ​ပေါ်​မှာ​လည်း​ကောင်း၊ ထို​ရေ​ကို​ဖျန်း​ရ​မည်။

စင်​ကြယ်​သော​သူ​တစ်​စုံ​တစ်​ယောက်​သည် နွား​မ၏​ပြာ​ကို​စု​သိမ်း၍၊ တပ်​ပြင်​မှာ စင်​ကြယ်​သော​အ​ရပ်၌ ထား​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​ပ​ရိ​သတ်​အ​ဖို့ စင်​ကြယ်​စေ​သော​ရေ​ဖော်​ဖို့၊ ထို​ပြာ​ကို​သို​ထား​ရ​မည်။ အ​ပြစ်​နှင့် ကင်း​စင်​စ​ရာ​ဖို့ ဖြစ်​သ​တည်း။

မီး​ကို​ခံ​နိုင်​သော အ​ရာ​ရှိ​သ​မျှ​တို့​ကို မီး​အ​လယ်၌​သွား​စေ​သ​ဖြင့် စင်​ကြယ်​စေ​ရ​မည်။ သို့​ရာ​တွင် စင်​ကြယ်​စေ​သော​ရေ​ဖြင့်​လည်း စင်​ကြယ်​စေ​ရ​မည်။ မီး​မ​ခံ​နိုင်​သော အ​ရာ​ရှိ​သ​မျှ​တို့​ကို ရေ​အ​လယ်၌​သွား​စေ​ရ​မည်။

ငါ့​ကို​ယုံ​ကြည်​သော​သူ​သည် ကျမ်း​စာ​လာ​သည်​အ​တိုင်း အ​သက်​ရေ​ထွက်​ရာ စမ်း​ရေ​တွင်း​ဖြစ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-

အ​ကြောင်း​မူ​ကား၊ အ​ညစ်​အ​ကြေး​ရှိ​သော သူ​တို့​အ​ပေါ်၌ ဖျန်း​သော​နွား​အ​သွေး၊ ဆိတ်​အ​သွေး၊ နွား​မက​လေး၏​ပြာ​သည်၊ သူ​တို့​ကိုယ်​ခ​န္ဓာ၌ စင်​ကြယ်​ခြင်း​ကို ပြု​နိုင်​သည်​မှန်​လျှင်၊-

အ​ကြောင်း​မူ​ကား၊ ပ​လ္လင်​တော်​အ​တွင်း၌ ရှိ​သော သိုး​သ​ငယ်​သည် သူ​တို့​ကို​လုပ်​ကျွေး၍၊ အ​သက်​စမ်း​ရေ​တွင်း​သို့ လမ်း​ပြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည်​လည်း သူ​တို့​မျက်​စိ၌ မျက်​ရည်​ရှိ​သ​မျှ​တို့​ကို သုတ်​တော် မူ​မည်​ဟု ဆို​လေ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ