သတ်၍သေသောသူ၊ နာ၍သေသောသူ၊ လူသေအရိုး၊ လူသင်္ချိုင်းကို လယ်ပြင်၌တွေ့၍ထိလျှင်၊ ခုနစ်ရက်ပတ်လုံး မစင်ကြယ်ဖြစ်လိမ့်မည်။
ထွက်ကြ။ ထွက်ကြ။ ထိုအရပ်မှ ထွက်သွားကြလော့။ မစင်ကြယ်သောအရာကို လက်နှင့်မျှ မတို့ကြနှင့်။ ထိုအရပ်ထဲက ထွက်သွားကြလော့။ ထာဝရဘုရား၏အဆောက်အဦတို့ကို ဆောင်ရွက်သောသူတို့၊ သန့်ရှင်းခြင်း ရှိကြလော့။
သန့်ရှင်းခြင်းကိုပြုပြီးမှ ခုနစ်ရက်နေရမည်။
တစ်ဖန် မောရှေအားထာဝရဘုရားက၊ သင်သည် အာရုန်၏သား၊ ယဇ်ပုရောဟိတ်တို့အား ဆင့်ဆိုရမည်မှာ၊ အမျိုးသားချင်းသေသောသူအတွက် သင်တို့တွင်အဘယ်သူမျှ ညစ်ညူးခြင်းမရှိရ။
လူသေကောင်ကိုထိသောသူသည် ခုနစ်ရက်မစင်ကြယ် ဖြစ်လိမ့်မည်။
မဖုံးဘဲဖွင့်ထားသော အိုးရှိသမျှတို့သည်လည်း မစင်ကြယ်ဖြစ်ကြလိမ့်မည်။
သင်တို့သည် ခုနစ်ရက်ပတ်လုံး တပ်ပြင်မှာနေရကြမည်။ လူကိုသတ်သောသူ၊ အသေကောင်ကိုထိသောသူ အပေါင်းတို့ကိုယ်ကိုလည်းကောင်း၊ သိမ်းယူသောသူတို့ကိုလည်းကောင်း တတိယနေ့၊ သတ္တမနေ့၌ စင်ကြယ်စေကြလော့။
ငါနေသောတပ်ကို မညစ်ညူးစေခြင်းငှာ၊ ဣသရေလအမျိုးသားတို့သည် နူသောသူ၊ ရိနာစွဲသောသူ၊ အသေကောင်ထိ၍ မစင်ကြယ်သောသူ ယောက်ျားမိန်းမအပေါင်းတို့ကို၊ တပ်ပြင်မှာနေရာချထား ရမည်အကြောင်း ဆင့်ဆိုလော့ဟု
ထာဝရဘုရားအဖို့ မိမိကိုခြားနားစေသောကာလပတ်လုံး၊ အသေကောင်ကို မချဉ်းမကပ်ရ။
ထိုနေ့၌ ပသခါပွဲကိုမခံရမည်အကြောင်း၊ လူအသေကောင်အားဖြင့် ညစ်ညူးခြင်းသို့ ရောက်သောလူအချို့တို့သည်၊ ထိုနေ့၌ မောရှေနှင့်အာရုန်ထံသို့ ချဉ်းကပ်၍၊
လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ အဖြူသုတ်သော သင်္ချိုင်းတွင်းနှင့် တူကြ၏။ ထိုတွင်းသည် အပြင်၌ တင့်တယ်စွတကား။ အတွင်း၌ကား လူသေအရိုး၊ အညစ်အကြေးအမျိုးမျိုးနှင့် ပြည့်လျက်ရှိ၏။-
သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ မထင်ရှားသော သင်္ချိုင်းတွင်းနှင့် တူကြ၏။ ထိုတွင်းအပေါ်မှာ သွားလာသောသူတို့သည် သင်္ချိုင်းတွင်းရှိမှန်းကိုမျှ မသိကြဟု မိန့်တော်မူ၏။