Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 18:6

Judson Bible

ထို​သို့ သင်​တို့၏​ညီ​အစ်​ကို လေ​ဝိ​သား​တို့​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထဲ​က ရွေး​ယူ၍၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​အ​မှု​ကို ထမ်း​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​အား ပြု​သော​ပူ​ဇော်​သ​ကာ​ကဲ့​သို့ သင်​တို့​အား​ငါ​ပေး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

အ​သက်​ရှင်​သော သ​တ္တ​ဝါ​အ​ပေါင်း​တို့​ကို၊ ကောင်း​ကင်​အောက်​မှ ငါ့​ကိုယ်​တိုင်​ပယ်​ရှင်း​ခြင်း​ငှာ၊ မြေ​ကြီး​ကို ရေ​လွှမ်း​မိုး​စေ​သ​ဖြင့်၊ မြေ​ပေါ်​မှာ​ရှိ​သ​မျှ​တို့​သည် သေ​ရကြ​မည်။

သင်​တို့​နှင့်​လည်း​ကောင်း၊ နောက်​ဖြစ်​လ​တ္တံ့​သော အ​မျိုး​အ​နွယ်​နှင့်​လည်း​ကောင်း၊

ငါ​သည်​လည်း အဲ​ဂု​တ္တု​လူ​တို့၏ နှ​လုံး​ကို​ခိုင်​မာ​စေ​သ​ဖြင့်၊ သူ​တို့​သည် လိုက်​ကြ​လိမ့်​မည်။ ဖာ​ရော​ဘု​ရင်​နှင့် သူ၏​ဗိုလ်​ခြေ၊ ရ​ထား၊ မြင်း​စီး​သူ​ရဲ​များ​အား​ဖြင့် ငါ့​ဘုန်း​ပွင့်​လိမ့်​မည်။

သူ​နှင့်​အ​တူ ဒန်​အ​မျိုး​သား​အ​ဟိ​သ​မက်၏​သား၊ အ​ဟော​လျ​ဘ​ကို​လည်း ငါ​ခန့်​ထား၏။ ငါ​သည် သင့်​အား​မှာ​ထား​သ​မျှ​တို့​ကို လိ​မ္မာ​သော​သူ​အ​ပေါင်း​တို့​သည် လုပ်​တတ်​မည်​အ​ကြောင်း၊ သူ​တို့​နှ​လုံး​ထဲ​သို့ ဉာဏ်​ပ​ညာ​ကို​ငါ​သွင်း​ထား​ပြီ။

ငါ့​ကိုယ်​တိုင်​အ​မိန့်​တော်​ရှိ​ပြီ။ အ​ကယ်​စင်​စစ် သူ့​ကို​ငါ​ခေါ်​ပြီ။ ငါ​ဆောင်​ခဲ့​ပြီ။ သူ​သွား​သော​လမ်း၌ မင်္ဂ​လာ​ရှိ​ရ​လိမ့်​မည်။

သင်​တို့​ကို နှစ်​သိမ့်​စေ​သော​သူ​ကား၊ အ​ခြား​သူ​မ​ဟုတ်၊ ငါ့​ကိုယ်​တိုင်​ပေ​တည်း။ သေ​ရ​သော​လူ​ကို​လည်း​ကောင်း၊ မြက်​ပင်​ကဲ့​သို့ ဖြစ်​လ​တ္တံ့​သော လူ​သား​ကို​လည်း​ကောင်း၊ သင်​သည် ကြောက်​ရ​မည်​အ​ကြောင်း၊ အ​ဘယ်​သို့​သော သ​ဘော​ရှိ​သ​နည်း။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည်​ကိုယ်​တိုင်​လိုက်၍ ငါ့​သိုး​တို့​ကို​ရှာ​မည်။

သို့​ဖြစ်၍၊ ထို​သူ​တို့​အား အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဆူ​ဖြိုး​သော တိ​ရ​စ္ဆာန်​တို့​နှင့် ပိန်​ကြုံ​သော​တိ​ရ​စ္ဆာန်​တို့​ကို ငါ​သည် ကိုယ်​တိုင်​ပိုင်း​ခြား​မည်။

ဣ​သ​ရေ​လ​အ​မျိုး​တွင် အ​ဦး​ဖွား​မြင်​သော​သား​ဦး​များ​အ​တွက် လေ​ဝိ​သား​တို့​ကို ငါ​ရွေး​ယူ​သော​ကြောင့်၊ လေ​ဝိ​သား​တို့​သည် အ​ထူး​သ​ဖြင့် ငါ၏​လူ​ဖြစ်​ရ​ကြ​မည်။

အ​ကြောင်း​မူ​ကား အဲ​ဂု​တ္တု​ပြည်၌ သား​ဦး​အ​ပေါင်း​တို့​ကို ငါ​သည်​ဒဏ်​ခတ်​သော​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​တွင်​လူ​ဖြစ်​စေ၊ တိ​ရ​စ္ဆာန်​ဖြစ်​စေ သား​ဦး​အ​ပေါင်း​တို့​ကို ငါ့​အ​ဖို့​ငါ​သန့်​ရှင်း​စေ​သော​ကြောင့် သား​ဦး​အ​ပေါင်း​တို့​ကို အ​ထူး​သ​ဖြင့်​ငါ​ပိုင်​ရ၏။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။

ဣ​သ​ရေ​လ​အ​မျိုး သား​ဦး​အ​ပေါင်း​တို့​အ​တွက် လေ​ဝိ​သား​တို့​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ တိ​ရ​စ္ဆာန်​များ​အ​တွက် လေ​ဝိ​သား​တို့၌​ရှိ​သော တိ​ရ​စ္ဆာန်​များ​ကို​လည်း​ကောင်း​ယူ​လော့။ လေ​ဝိ​သား​တို့​သည် ငါ၏​လူ​ဖြစ်​ရ​ကြ​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

သင်​သည် လေ​ဝိ​အ​မျိုး​သား​တို့​ကို​ခေါ်​ခဲ့၍ ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​အ​မှု​ကို ဆောင်​စေ​ခြင်း​ငှာ၊ အာ​ရုန်​ထံ၌​နေ​ရာ​ချ​လော့။

လေ​ဝိ​သား​တို့​ကို၊ အာ​ရုန်​နှင့်​သူ၏​သား​တို့၌ အပ်​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​ထဲ​က သူ​တို့​ကို​ရွေး၍ ငါ့​အား​အ​ပိုင်​ပေး​ရ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ