ထိုသို့သင်တို့သည် ဣသရေလအမျိုးသားတို့မှခံယူသော ဆယ်ဖို့တစ်ဖို့ထဲက၊ ထာဝရဘုရားအား ပူဇော်သကာပြုရကြမည်။ ထိုပူဇော်သကာကိုလည်း၊ ယဇ်ပုရောဟိတ်အာရုန်အား လှူရကြမည်။
အမြင့်ဆုံးသော ဘုရားသခင်၏ယဇ်ပုရောဟိတ်ဖြစ်သော၊ ရှာလင်မင်းကြီး မေလခိဇေဒက်သည်လည်း၊ မုန့်နှင့် စပျစ်ရည်ကိုဆောင်ခဲ့ပြီးလျှင်၊
ထိုပူဇော်သကာကို၊ ကောက်နယ်တလင်းထဲကယူသော ဆန်စပါးကဲ့သို့လည်းကောင်း၊ စပျစ်သီးနယ်ရာကျင်းထဲကယူသော စပျစ်ရည်ကဲ့သို့လည်းကောင်း၊ သင်တို့အဖို့မှတ်ရလိမ့်မည်။
သင်တို့ခံရသမျှသော အလှူတို့အထဲက အကောင်းဆုံးသောအဖို့ သန့်ရှင်းသောအဖို့ကိုနုတ်ယူ၍ ထာဝရဘုရားအား ပူဇော်သကာပြုရကြမည်။
သူတို့ခံရသော ထက်ဝက်အဖို့ထဲကနှုတ်၍၊ ထာဝရဘုရားရှေ့တော်၌ ချီမြှောက်ရာ ပူဇော်သကာပြုဖို့ရာ ယဇ်ပုရောဟိတ်ဧလာဇာအား ပေးရမည်။
မေလခိဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်မင်းဖြစ်သော ယေရှုသည်၊ ငါတို့အတွက်၊ ထိုအတွင်းအရပ်ထဲသို့ ရှေ့ဆောင်၍ဝင်သောသူ ဖြစ်တော်မူ၏။