Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 18:19

Judson Bible

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သန့်​ရှင်း​စေ၍ ထာ​ဝ​ရ​ဘု​ရား​အား ဆောင်​ခဲ့​သော ပူ​ဇော်​သ​ကာ​ရှိ​သ​မျှ​တို့​ကို သင်​နှင့် သင်၏​သား​သ​မီး​တို့​အား ထာ​ဝ​ရ​ပ​ညတ်​တ​ရား​အား​ဖြင့် ငါ​ပေး​ပြီ။ သင်​အ​စ​ရှိ​သော သင်၏​အ​မျိုး​အ​နွယ်​နှင့်​ဆိုင်၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဆား​နှင့်​ယှဉ်​သော ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ဒု​စ​ရိုက်​ငွေ၊ အ​ပြစ်​ငွေ​ကို​မူ​ကား၊ ဗိ​မာန်​တော်​သို့ မ​သွင်း​ဘဲ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ယူ​ကြ၏။

ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ဆား​နှင့်​ယှဉ်​သော​ပ​ဋိ​ညာဉ်​အား​ဖြင့်၊ ဣ​သ​ရေ​လ​နိုင်​ငံ​ကို ဒါ​ဝိဒ်​နှင့် သား​တော်​မြေး​တော်​တို့၌ အ​စဉ်​အပ်​တော်​မူ​ကြောင်း​ကို၊ သင်​တို့​သိ​မှတ်​သင့်​သည် မ​ဟုတ်​လော။

ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​ကို ကြိုး​စား၍ သွန်​သင်​စေ​ခြင်း​ငှာ၊ ယေ​ရု​ရှ​လင်​မြို့၌​နေ​သော သူ​တို့​သည် ဥ​စ္စာ​တစ်​ဖို့​ကို လှူ​ရ​မည်​အ​ကြောင်း မိန့်​တော်​မူ၏။

ထို​သို့ အာ​ရုန်​နှင့်​သား​တို့၏​အ​ရာ၌ ခန့်​ထား​သော​သိုး​ထဲ​က၊ ချီ​လွှဲ​သော ပူ​ဇော်​သ​ကာ​ပြု၍၊ ချီ​လွှဲ​သော​ရင်​ပတ်​ကို​လည်း​ကောင်း၊ ချီ​မြှောက်​သော​ပူ​ဇော်​သ​ကာ​ပြု၍၊ ချီ​မြှောက်​သော​ပ​ခုံး​ကို​လည်း​ကောင်း သန့်​ရှင်း​စေ​ပြီး​မှ၊

ယဇ်​ပု​ရော​ဟိတ်​တို့​သည် ဆား​ကို​တင်​လျက်၊ ထို​ယဇ်​ကောင်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မီး​ရှို့၍ ပူ​ဇော်​ရ​မည်။

ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ပြု​လေ​ရာ​ရာ၌ ဆား​ခပ်​ရ​မည်။ သင်​ပြု​သော ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၌၊ သင်၏​ဘု​ရား​သ​ခင်​ပ​ဋိ​ညာဉ်​ဆား​ကို မ​ခပ်​ဘဲ​မ​နေ​ရ။

သန့်​ရှင်း​သော​မုန့်​ဖြစ်​စေ၊ အ​လွန်​သန့်​ရှင်း​သော​မုန့်​ဖြစ်​စေ၊ မိ​မိ​ဘု​ရား​သ​ခင်၏ မုန့်​တော်​ကို​စား​ရ​မည်။

ပူ​ဇော်​သ​ကာ​ရှိ​သ​မျှ​အ​ထဲ​က မုန့်​တစ်​လုံး​ကို ထာ​ဝ​ရ​ဘု​ရား​အား ချီ​မြှောက်​သော ပူ​ဇော်​သ​ကာ​ပြု၍ ထို​မုန့်​ကို မိတ်​သ​ဟာ​ယ​ယဇ်​အ​သွေး​ဖျန်း​သော ယဇ်​ပု​ရော​ဟိတ်​ယူ​ရ​မည်။

ထို​မှ​တစ်​ပါး ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ပူ​ဇော်​သော ချီ​မြှောက်​ရာ​ပူ​ဇော်​သ​ကာ၊ ချီ​လွှဲ​ရာ​ပူ​ဇော်​သ​ကာ​တို့​ကို၊ သင်​နှင့် သင်၏​သား​သ​မီး​တို့​အား ထာ​ဝ​ရ​ပ​ညတ် တ​ရား​အား​ဖြင့်​ငါ​ပေး​ပြီ။ သင့်​အိမ်၌ သန့်​ရှင်း​သော​သူ​အ​ပေါင်း​တို့​သည် စား​ရ​သော​အ​ခွင့်​ရှိ၏။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် အာ​ရုန်​အား​မိန့်​တော်​မူ​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သန့်​ရှင်း​စေ၍ ဆက်​ကပ်​သ​မျှ​သော ပူ​ဇော်​သ​ကာ​တို့​အ​ထဲ​က၊ ငါ့​အား​ချီး​မြှောက်​သော ပူ​ဇော်​သ​ကာ​တို့​ကို သင်၌​အပ်၍၊ သင်​နှင့် သင်၏​သား​တို့​အ​ဖို့ ဖြစ်​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ပ​ညတ်​တ​ရား​အား​ဖြင့် ငါ​ပေး၏။

သူ​တို့​ခံ​ရ​သော ထက်​ဝက်​အ​ဖို့​ထဲ​က​နှုတ်၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ချီ​မြှောက်​ရာ ပူ​ဇော်​သ​ကာ​ပြု​ဖို့​ရာ ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​အား ပေး​ရ​မည်။

ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ မော​ရှေ​သည် ရှေ့​တော်၌​ချီ​မြှောက်​ရာ ပူ​ဇော်​သ​ကာ​ပြု​ဖို့​ရာ​အ​ခွန်​ကို ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​အား အပ်​ပေး​လေ၏။

သင်၌ သန့်​ရှင်း​သော​ပူ​ဇော်​သ​ကာ၊ သ​စ္စာ​က​တိ​အ​တိုင်း​ပြု​သော ပူ​ဇော်​သ​ကာ​တို့​ကို​ယူ၍၊ ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော​အ​ရပ်​သို့ သွား​ရ​မည်။

ထို​အ​ရပ်​သို့ သင်​တို့​သည် မီး​ရှို့​ရာ​ယဇ်​အ​စ​ရှိ​သော​ယဇ်​များ၊ ဆယ်​ဖို့​တစ်​ဖို့ ပူ​ဇော်​သ​ကာ၊ ချီ​မြှောက်​ရာ​ပူ​ဇော်​သ​ကာ၊ သ​စ္စာ​က​တိ​နှင့် ဆိုင်​သော​ပူ​ဇော်​သ​ကာ၊ အ​လို​လို​ပြု​သော​ပူ​ဇော်​သ​ကာ​မှ​စ၍၊ သိုး​နွား​တွင် အ​ဦး​ဖွား​သော​သား​ငယ်​တို့​ကို ဆောင်​ခဲ့​ရ​ကြ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ