Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 18:16

Judson Bible

ရွေး​ရ​သော​သား​တို့​ကို အ​သက်​တစ်​လ​လွန်​မှ၊ သင်​အ​ဖိုး​ဖြတ်​သည်​အ​တိုင်း ဂေ​ရ​နှစ်​ဆယ်​နှင့်​မျှ​သော အ​ကျပ်​တော်​အ​လိုက် ငွေ​ငါး​ကျပ်​နှင့်​ရွေး​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ရေ​တွက်၍ စာ​ရင်း​ဝင်​သော​သူ​အ​ပေါင်း​တို့​သည် အ​ကျပ်​တော်​အ​လိုက်၊ ငွေ​အ​ကျပ်​တစ်​ဝက်​စီ ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​ရ​မည်။ အ​ကျပ်​ကား၊ ဂေ​ရ​နှစ်​ဆယ် ဖြစ်​သ​တည်း။

သန့်​ရှင်း​ရာ​ဌာ​န​တော်​ပြီး​အောင်​လှူ၍ လုပ်​သော​ရွှေ​ချိန်​ပေါင်း​ကား အ​ကျပ်​တော်​အ​တိုင်း အ​ခွက်​နှစ်​ရာ​ကိုး​ဆယ်​ခု​နစ်​ပိဿာ​သုံး​ဆယ် ဖြစ်​သ​တည်း။

ဂေ​ရာ​နှစ်​ဆယ်​ကို တစ်​ကျပ်၊ အ​ကျပ်​ခြောက်​ဆယ်​ကို တစ်​မာ​နေ​ရှိ​ရ​မည်။

အ​ဖိုး​ဖြတ်​လေ​ရာ​ရာ၌ အ​ကျပ်​တော်​အ​လိုက်​ဖြတ်​ရ​မည်။ အ​ကျပ်​ကား၊ ဂေ​ရ​နှစ်​ဆယ်​ဖြစ်​သ​တည်း။

အ​ဦး​ဖွား​သော​သား၊ လူ​ဖြစ်​စေ၊ တိ​ရ​စ္ဆာန်​ဖြစ်​စေ၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ဆောင်​ခဲ့​သ​မျှ​တို့​ကို သင်​ဆိုင်​ရ​မည်။ သို့​ရာ​တွင် လူ၏​သား​ဦး​နှင့် မ​စင်​ကြယ်​သော တိ​ရ​စ္ဆာန်၏​သား​ဦး​ကို အ​မှန်​ရွေး​ရ​မည်။

နွား​သား​ဦး၊ သိုး​သား​ဦး၊ ဆိတ်​သား​ဦး​သည် သန့်​ရှင်း​သော​ကြောင့်​မ​ရွေး​ရ။ သူ၏​အ​သွေး​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ​ဖျန်း​ရ​မည်။ ဆီ​ဥ​ကို​လည်း ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​ရှိ​စေ၍၊ မီး​ဖြင့်​ပူ​ဇော်​သ​ကာ​ပြု​ရ​မည်။

လေ​ဝိ​သား​တို့​ထက်​ပို​သော ဣ​သ​ရေ​လ​အ​မျိုး​သား​ဦး နှစ်​ရာ​ခု​နစ်​ဆယ်​သုံး​ယောက်​တို့​ကို ရွေး​ရ​မည်​အ​မှု​မှာ၊

အ​ကျပ်​တော်​အ​လိုက် လူ​တစ်​ကိုယ်​လျှင်​ငါး​ကျပ်​စီ​ခံ​ယူ​ရ​မည်။ အ​ကျပ်​ကား၊ ဂေ​ရ​နှစ်​ဆယ်​ဖြစ်​သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ