Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 18:12

Judson Bible

ဣ​သ​ရေ​လ​အ​မျိုး​သား​ရွေး၍ ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​သ​မျှ အ​ကောင်း​ဆုံး​သော​ဆီ၊ အ​ကောင်း​ဆုံး​သော​စ​ပျစ်​ရည်၊ အ​ကောင်း​ဆုံး​သော​ဂျုံ​စ​ပါး​ကို သင်​တို့​အား​ငါ​ပေး​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ထို​ကြောင့် ဘု​ရား​သ​ခင်​သည်​မိုး​ကောင်း​ကင်၏​နှင်း​ကို​လည်း​ကောင်း၊ မြေ​ကြီး၏​ဆီ​ဥ​ကို​လည်း​ကောင်း၊ များ​စွာ​သော​ဆန်​စ​ပါး၊ စ​ပျစ်​ရည်​ကို​လည်း​ကောင်း၊ သင့်​အား​ပေး​တော်​မူ​စေ​သ​တည်း။

တစ်​ဖန် ဗာ​လ​ရှ​လိ​ရှ​မြို့​မှ လူ​တစ်​ယောက်​သည်​လာ၍၊ အ​ဦး​သီး​သော မု​ယော​ဆန်​ဖြင့်​လုပ်​သော မုန့်​လုံး​နှစ်​ဆယ်​နှင့် အိတ်၌​ထည့်​သော အ​သီး​အ​နှံ​များ​ကို ဘု​ရား​သ​ခင်၏​လူ​ထံ​သို့​ဆောင်​ခဲ့၏။ ဧ​လိ​ရှဲ​က​လည်း၊ ဤ​လူ​များ​ကို ကျွေး​လော့​ဟု​ဆို​လျှင်၊

ထို​အ​မိန့်​တော်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​နှံ့​အ​ပြား ကြား​သိ​ကြ​သော​အ​ခါ၊ အ​ဦး​သီး​သော စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ၊ ပျား​ရည်​အ​စ​ရှိ​သော မြေ​အ​သီး​အ​နှံ​ကို​လည်း​ကောင်း၊ အ​ခြား​သော​ဥ​စ္စာ​ရှိ​သ​မျှ ဆယ်​ဖို့​တစ်​ဖို့​ကို​လည်း​ကောင်း များ​စွာ​ဆောင်​ခဲ့​ကြ၏။

သင်၏ ပြည်​စွန်း​ပြည်​နား​မှာ အ​မှု​အ​ရေး​ကို​ငြိမ်း​စေ၍၊ အ​ကောင်း​ဆုံး​သော​စ​ပါး​နှင့် သင့်​ကို​ဝ​စွာ ကျွေး​မွေး​တော်​မူ၏။

အ​ကောင်း​ဆုံး​သော​ဆန်​စ​ပါး​နှင့် ငါ​ကျွေး​မည်။ ကျောက်​ထဲ​က​ထွက်​သော ပျား​ရည်​နှင့်​လည်း ဝ​ပြော​စေ​မည်။

အ​ဦး​မှည့်​သော​အ​သီး၊ အ​ဦး​ညှစ်​သော​အ​ရည်​ကို မ​ထိမ်​မ​ဝှက်​ဘဲ ဆက်​ကပ်​ရ​မည်။ အ​ဦး​ဖွား​သော သား​ယောက်ျား​ကို​လည်း ငါ့​အား​ဆက်​ကပ်​ရ​မည်။

သင်၏​မြေ၌ အ​ဦး​သီး​သော​အ​သီး​အ​နှံ အ​ကောင်း​ဆုံး​ကို၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​ထဲ​သို့ ဆောင်​သွင်း​ရ​မည်။ ဆိတ်​သ​ငယ်​ကို အ​မိ​နို့​ရည်​နှင့် မ​ပြုတ်​မ​ချက်​ရ။

သင်၏​မြေ၌​အ​ဦး​သီး​သော အ​သီး​အ​နှံ​အ​ကောင်း​ဆုံး​ကို သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​ထဲ​သို့​ဆောင်​သွင်း​ရ​မည်။ ဆိတ်​သ​ငယ်​ကို အ​မိ​နို့​ရည်​နှင့် မ​ပြုတ်​မ​ချက်​ရ။

အ​ဦး​သီး​သော အ​သီး​အ​မျိုး​မျိုး​နှင့်၊ ချီး​မြှောက်​ရာ ပူ​ဇော်​သ​ကာ​အ​လုံး​စုံ​တို့​ကို ယဇ်​ပု​ရော​ဟိတ်​သည် သိမ်း​ယူ​ရ​မည်။ သူ​သည်​သင့်​အိမ်၌ ကောင်း​ကြီး​မင်္ဂ​လာ​ကို သက်​ရောက်​စေ​ခြင်း​ငှာ၊ အ​ဦး​နယ်​သော မုန့်​စိမ်း​ကို သူ၌​လှူ​ရ​မည်။

အ​ဦး​သီး​သော အ​သီး​အ​နှံ​ကို ပူ​ဇော်​သော​အ​မှု​မှာ၊ တ​ဆေး​နှင့်​ပျား​ရည်​ကို၊ ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​ရ​သော်​လည်း၊ မွှေး​ကြိုင်​ရာ​ဖို့ ယဇ်​ပ​လ္လင်​ပေါ်​မှာ​မီး​မ​ရှို့​ရ။

အ​ဦး​သီး​သော​အ​သီး​အ​နှံ​ကို၊ ထာ​ဝ​ရ​ဘု​ရား​အား ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ပြု​လို​လျှင်၊ စ​ပါး​နှံ​ကို အ​ရည်​စစ်​အောင် မီး​နား​မှာ​ထား၍၊ စ​ပါး​စေ့​ကို ပွတ်​ယူ​ပြီး​မှ၊

ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ အ​ဦး​သီး​သော​အ​သီး၊ တ​ဆေး​ဖြင့်​ဖောင်း​ကြွ​သော မုန့်​ညက်​နှစ်​ဩ​မဲ​နှင့်​လုပ်​သော ချီ​လွှဲ​ရာ​မုန့်​နှစ်​လုံး​ကို သင်​တို့​အိမ်​မှ​ထုတ်​ဆောင်​ခဲ့၍၊

ယဇ်​ပု​ရော​ဟိတ်​သည် အ​ဦး​သီး​သော​အ​သီး​မုန့်​နှင့်​တ​ကွ ချီ​လွှဲ​သ​ဖြင့်၊ သိုး​သ​ငယ်​နှစ်​ကောင်​ပါ​လျက် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ချီ​လွှဲ​ရာ​ပူ​ဇော်​သ​ကာ​ပြု​ရ​မည်။ ထို​အ​ရာ​တို့​သည်​လည်း၊ ယဇ်​ပု​ရော​ဟိတ်​အ​ဖို့ ထာ​ဝ​ရ​ဘု​ရား​ရှေ့​မှာ သန့်​ရှင်း​သော အ​ရာ​ဖြစ်​သ​တည်း။

လူ​တို့​သည် ယဇ်​ပူ​ဇော်​သော​အ​ခါ၊ နွား​ဖြစ်​စေ၊ သိုး​ဖြစ်​စေ၊ ယဇ်​ပု​ရော​ဟိတ် ခံ​ရ​သော​အ​ဖို့ ပ​ခုံး​တစ်​ဖက်၊ ပါး​နှစ်​ဖက်၊ အ​အူ​များ​ကို​လည်း​ကောင်း၊

အ​ဦး​သိမ်း​သော စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ၊ သိုး​မွေး​ကို​လည်း​ကောင်း လှူ​ရ​မည်။

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ပြည်၌ အ​ဦး​သီး​သော အ​သီး​အ​မျိုး​မျိုး​ကို​ယူ၍ ခြင်း​တောင်း၌​ထည့်​ပြီး​မှ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​တည်​စ​ရာ​ဖို့ ရွေး​ကောက်​တော်​မူ​သော အ​ရပ်​သို့ သွား၍၊

သိုး​သ​ငယ်​ဆီ​ဥ၊ ဗာ​ရှန်​အ​မျိုး၏​သိုး​ထီး၊ ဆိတ်​ထီး​ဆီ​ဥ၊ ဂျုံ​စ​ပါး၊ ကျောက်​ကပ်​ဆီ​ဥ​နှင့်​တ​ကွ နွား​နို့​ဓမ်း​နှင့် သိုး​နို့​ကို​လည်း​ကောင်း စို့​မည်​အ​ကြောင်း​စီ​ရင်​တော်​မူ၍၊ သင်​သည် စ​ပျစ်​သီး​အ​သွေး​စစ်​ကို သောက်​ရ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ