တောလည် 16:9Judson Bibleသင်တို့သည် ထာဝရဘုရား၏ တဲတော်အမှုကိုဆောင်ရွက်၍၊ ပရိသတ်ရှေ့မှာ ရပ်လျက်၊ သူတို့အမှုကိုလည်း စောင့်စေမည်အကြံ ရှိတော်မူသည်နှင့်၊ ဣသရေလအမျိုး၏ ဘုရားသခင်သည်၊ သင်တို့ကို အနီးအပါးသို့ခေါ်၍ နေရာချခြင်းငှာ၊ ဣသရေလအမျိုး ပရိသတ်နှင့်ခွဲထား၍၊ အခန်းကိုကြည့်ပါ။ |
ဣသရေလအမျိုး ရှိသမျှကိုသွန်သင်၍၊ ထာဝရဘုရားအဖို့ သန့်ရှင်းသော လေဝိသားတို့ကိုခေါ်၍၊ ဣသရေလရှင်ဘုရင် ဒါဝိဒ်သား ရှောလမုန်တည်ဆောက်သောအိမ်၌ သန့်ရှင်းသောသေတ္တာတော်ကို သွင်းထားကြလော့။ နောက်တစ်ဖန် သေတ္တာတော်ကိုမထမ်းဘဲ၊ သင်တို့၏ဘုရားသခင် ထာဝရဘုရား၏အမှု၊ ဘုရားသခင်၏လူ ဣသရေလအမျိုး၏အမှုကို ထမ်းကြလော့။
ထိုအခါ ယဇ်ပုရောဟိတ်နှင့် လေဝိသားတို့သည် အမှုတော်ကို စောင့်လျက်နေသောကြောင့်၊ ယုဒအမျိုးသားတို့သည် အားရဝမ်းမြောက်ကြသည်ဖြစ်၍၊ ယဇ်ပုရောဟိတ်နှင့် လေဝိသားခံအပ်သော ပူဇော်သကာ၊ အဦးသီးသောအသီး၊ ဆယ်ဖို့တစ်ဖို့ကို မြို့နယ်ကျေးလက်ထဲက သိမ်းယူ၍၊ သိုထားစရာ ဘဏ္ဍာတိုက်များကို အုပ်ရသောတိုက်စိုးတို့ကို ခန့်ထားကြ၏။
ဣသရေလအမျိုးသားတို့သည် မောသရုတ်အရပ်မှ ခရီးသွား၍၊ ဗင်္ယာကန်အရပ်၌ စခန်းချကြ၏။ ထိုအရပ်မှခရီးသွား၍ ဟောရဂိဒ်ဂဒ်အရပ်၌ စခန်းချကြ၏။ ထိုအရပ်မှခရီးသွား၍ ချောင်းမြစ်များရာ ယုပ္ဘာသအရပ်၌ စခန်းချကြ၏။ ထိုအရပ်မှ ခရီးသွား၍ ဧဗြောနအရပ်၌ စခန်းချကြ၏။ ထိုအရပ်မှခရီးသွား၍ ဧဇယုန်ဂါဗာအရပ်၌ စခန်းချကြ၏။ ထိုအရပ်မှခရီးသွား၍ ဇိနတောကာဒေရှအရပ်၌ စခန်းချကြ၏။ ထိုအရပ်မှခရီးသွား၍ ဟောရတောင်၌ စခန်းချကြ၏။ ထိုအရပ်၌ အာရုန်သည် အနိစ္စရောက်၍၊ သူ့ကိုသင်္ဂြိုဟ်ရ၏။ သူ၏သားဧလာဇာသည် အဘ၏အရာ၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရ၏။