Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 16:7

Judson Bible

နက်​ဖြန်​နေ့၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ မီး​နှင့်​လော​ဗန်​ကို​တင်​ကြ​လော့။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော​သူ​သည်၊ သန့်​ရှင်း​သော​သူ ဖြစ်​စေ။ အို​လေ​ဝိ​သား​တို့၊ သင်​တို့​သည် အ​မှု​တော်​ကို စောင့်​လွန်း​ကြ​သည်​ဟု ဆို​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​တို့​သည်​လည်း၊ တပ်​ထဲ​မှာ မော​ရှေ​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား၏​သန့်​ရှင်း​သူ အာ​ရုန်​ကို​လည်း​ကောင်း ငြူ​စူ​ကြ၏။

မော​ရှေ​နှင့် အာ​ရုန်​တစ်​ဖက်၌​စု​ဝေး​လျက်၊ သင်​တို့​သည် အ​မှု​တော်​ကို စောင့်​လွန်း၏။ ပ​ရိ​သတ်​ရှိ​သ​မျှ​အ​ပေါင်း​တို့​သည် သန့်​ရှင်း​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​တွင်​ရှိ​တော်​မူ၏။ သို့​ဖြစ်၍ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​ပ​ရိ​သတ်​အ​ပေါ်​မှာ အ​ဘယ်​ကြောင့် ကိုယ်​ကို​ကိုယ် ချီး​မြှောက်​ရ​သ​နည်း​ဟု ဆို​လေ၏။

တစ်​ဖန် မော​ရှေ​က၊ အ​ဘယ်​သူ​သည် ထာ​ဝ​ရ​ဘု​ရား၏​လူ ဖြစ်​သည်​ကို​လည်း​ကောင်း၊ အ​ဘယ်​သူ သန့်​ရှင်း​သည်​ကို​လည်း​ကောင်း၊ အ​ဘယ်​သူ​ကို ချဉ်း​ကပ်​စေ​မည်​ကို​လည်း​ကောင်း၊ နက်​ဖြန်​နေ့၌ ထာ​ဝ​ရ​ဘု​ရား​ပြ​တော်​မူ​မည်။ ရွေး​ကောက်​တော်​မူ​သော​သူ​ကို​လည်း အ​နီး​အ​ပါး​သို့ ချဉ်း​ကပ်​စေ​တော်​မူ​မည်။

အို​ကော​ရ​နှင့် ကော​ရ၏​အ​ပေါင်း​အ​သင်း​ရှိ​သ​မျှ​တို့၊ သင်​တို့​ပြု​ရ​မည်​အ​မှု​ဟူ​မူ​ကား၊ လင်​ပန်း​တို့​ကို​ယူ၍၊

တစ်​ဖန် မော​ရှေ​က၊ အို​လေ​ဝိ​သား​တို့၊ နား​ထောင်​ကြ​ပါ​လော့။

ဤ​က​မ္ဘာ​မ​တည်​မ​ရှိ​မီ ငါ​တို့​ကို ခ​ရစ်​တော်၌ ရွေး​ကောက်​တော်​မူ​သည်​နှင့်​အ​ညီ၊ ကောင်း​ကင်​ဘုံ​နှင့် ဆိုင်​သော​အ​ရာ​တို့၌ ခပ်​သိမ်း​သော ဓ​မ္မ​မင်္ဂ​လာ​တို့​ကို ခ​ရစ်​တော်​အား​ဖြင့် ငါ​တို့​အား ပေး​သ​နား​တော်​မူ​သော ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ခ​မည်း​တော်​ဘု​ရား​သ​ခင်​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။-

သို့​သော်​လည်း၊ သ​ခင်​ဘု​ရား ချစ်​တော်​မူ​သော ညီ​အစ်​ကို​တို့၊ သင်​တို့​သည် စိတ်​သန့်​ရှင်း​ခြင်း၊ သ​မ္မာ​တ​ရား​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် ကယ်​တင်​ခြင်း​သို့ ရောက်​စိမ့်​သော​ငှာ၊ ဘု​ရား​သ​ခင်​သည် ရှေ့​ဦး​စွာ​က​ပင် သင်​တို့​ကို ရွေး​ကောက်​တော်​မူ​သည်​ဖြစ်၍၊ ငါ​တို့​သည် သင်​တို့​ကြောင့် ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​ကို အ​စဉ်​မ​ပြတ် ချီး​မွမ်း​ရ​ကြ​မည်။-

သင်​တို့​မူ​ကား၊ မှောင်​မိုက်​ထဲ​မှ အံ့​ဖွယ်​သော အ​လင်း​တော်​သို့ ခေါ်​သွင်း​တော်​မူ​သော​သူ၏ ဂုဏ်​ကျေး​ဇူး​များ​ကို ဖော်​ပြ​စေ​ခြင်း​ငှာ၊ ရွေး​ချယ်​တော်​မူ​သော​အ​မျိုး ဖြစ်​ကြ၏။ မင်း​စည်း​စိမ်​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​မျိုး၊ သန့်​ရှင်း​သော​လူ​မျိုး၊ ပိုင်​ထိုက်​တော်​မူ​သော အ​ပေါင်း​အ​သင်း ဖြစ်​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ