Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 16:30

Judson Bible

သို့​မ​ဟုတ် ထာ​ဝ​ရ​ဘု​ရား​သည် အ​သစ်​ဖန်​ဆင်း​တော်​မူ​သ​ဖြင့်၊ မြေ​ကြီး​ကွဲ​ပွင့်​လျက် ဤ​လူ​တို့​ကို​လည်း​ကောင်း၊ သူ​တို့​နှင့်​ဆိုင်​သ​မျှ​ကို​လည်း​ကောင်း​မျို၍၊ သူ​တို့​သည် အ​သက်​ရှင်​လျက် သေ​မင်း​နိုင်​ငံ​သို့​ဆင်း​သွား​လျှင်၊ ထာ​ဝ​ရ​ဘု​ရား၌ ပြစ်​မှား​ကြောင်း​ကို သင်​တို့​သည် သိ​နား​လည်​ရ​ကြ​လိမ့်​မည်​ဟု၊

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

သို့​မ​ဟုတ် အ​ထက်​အ​ရပ်​က ဘု​ရား​သ​ခင်​သည် အ​ဘယ်​ကျေး​ဇူး​ကို​လည်း​ကောင်း၊ မြင့်​ရာ​အ​ရပ်​က အ​န​န္တ​တန်​ခိုး​ရှင်​သည် အ​ဘယ်​သို့​သော အ​မွေ​ဥ​စ္စာ​ကို​လည်း​ကောင်း ပေး​တော်​မူ​မည်​နည်း။

ဆိုး​သော​သူ​တို့​သည် ပျက်​စီး​ခြင်း​သို့​လည်း​ကောင်း၊ မ​တ​ရား​သ​ဖြင့် ကျင့်​သော​သူ​တို့​သည် ဆုံး​ရှုံး​ခြင်း​သို့​လည်း​ကောင်း ရောက်​ရ​ကြ​မည် မ​ဟုတ်​လော။

အ​မျက်​ထွက်၍ ငါ​တို့​ကို အ​သက်​နှင့်​တ​ကွ မျို​ကြ​ပြီ​တ​ကား။

သူ​တို့​ကို သေ​မင်း​ဖမ်း​ဆီး​ပါ​စေ။ အ​သက်​ရှင်​လျက် မ​ရ​ဏ​နိုင်​ငံ​သို့ ဆင်း​သက်​ကြ​ပါ​စေ။ အ​ကြောင်း​မူ​ကား၊ ဒု​စ​ရိုက်​တို့​သည် သူ​တို့​နေ​ရာ​တွင် သူ​တို့​အ​ထဲ၌​ရှိ​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​သည် အ​မှု​တော်​တည်း​ဟူ​သော၊ ထူး​ခြား​သော အ​မှု​တော်​ကို ပြု​ခြင်း​ငှာ​လည်း​ကောင်း၊ အ​လုပ်​တော်​တည်း​ဟူ​သော၊ လုပ်​မြဲ​မ​ဟုတ်​သော အ​လုပ်​တော်​ကို လက်​စ​သတ်​ခြင်း​ငှာ​လည်း​ကောင်း၊ ပေ​ရ​ဇိမ်​တောင်​ပေါ်​မှာ ပြု​သ​ကဲ့​သို့ ထ​တော်​မူ​မည်။ ဂိ​ဗောင်​ချိုင့်​ထဲ​မှာ ရှိ​သ​ကဲ့​သို့ အ​မျက်​ထွက်​တော်​မူ​မည်။

ကြည့်​ရှု​လော့။ အ​မှု​သစ်​ကို​ငါ​ပြု​မည်။ ယ​ခု​ပေါ်​လာ​လိမ့်​မည်။ သင်​တို့​သည် အ​မှန် သိ​မြင်​ရ​ကြ​လိမ့်​မည်။ အ​ကယ်​စင်​စစ် တော၌ လမ်း​ကို​လည်း​ကောင်း၊ လွင်​ပြင်၌ စီး​သော​ရေ​ကို​လည်း​ကောင်း ငါ​ဖန်​ဆင်း​မည်။

မြေ​ကြီး​ကို ငါ​လုပ်​လေ​ပြီ။ မြေ​ကြီး​ပေါ်​မှာ လူ​ကို​လည်း ဖန်​ဆင်း​လေ​ပြီ။ မိုး​ကောင်း​ကင်​ကို ကိုယ်​လက်​နှင့် ငါ​ကြက်​လေ​ပြီ။ မိုး​ကောင်း​ကင်​တန်​ဆာ​အ​ပေါင်း​တို့​ကို ငါ​ခန့်​ထား​လေ​ပြီ။

ငါ​သည် အ​လင်း​ကို​လုပ်၏။ အ​မိုက်​ကို​လည်း ဖန်​ဆင်း၏။ ငြိမ်​သက်​ခြင်း​ကို ဖြစ်​စေ၏။ အ​မင်္ဂ​လာ​ကို​လည်း ဖန်​ဆင်း၏။ ခပ်​သိမ်း​သော အ​မူ​အ​ရာ​တို့​ကို ငါ​ထာ​ဝ​ရ​ဘု​ရား ပြု​တော်​မူ၏။

အို ဖောက်​ပြန်​သော သ​တို့​သ​မီး၊ သင်​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး လှည့်​လည်၍ နေ​လိမ့်​မည်​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ကြီး​ပေါ်​မှာ ထူး​ဆန်း​သော​အ​မှု​ကို စီ​ရင်​တော်​မူ၍၊ မိန်း​မ​သည် ယောက်ျား​ကို ပတ်​ဝိုင်း​လိမ့်​မည်။

အ​ကြောင်း​မူ​ကား၊ ရေ​နား​မှာ​ရှိ​သ​မျှ​သော သစ်​ပင်​တို့​တွင် တစ်​ပင်​မျှ အ​ရပ်​မြင့်​သော​ကြောင့် မ​ဝါ​ကြွား။ ထူ​ထပ်​သော အ​ခက်​အ​လက်​တို့​တွင် မိ​မိ​ထိပ်​ဖျား​ကို မ​ချီး​မြှောက်​မည်​အ​ကြောင်း၊ ရေ​ကို​သောက်​သ​မျှ​သော အ​ပင်​တစ်​ပင်​မျှ အ​ရပ်​မြင့်​လျက် မ​ပြိုင်​ဝံ့​မည်​အ​ကြောင်း​တည်း။ ထို​အ​ပင်​အ​ပေါင်း​တို့​သည် မြေ​တွင်း​ထဲ​သို့​ဆင်း​တတ်​သော လူ​သား​တို့​နှင့်​အ​တူ သေ​ခြင်း​သို့​လည်း​ကောင်း၊ မြေ​အောက်​အ​ရပ်​သို့​လည်း​ကောင်း ရောက်​စေ​ခြင်း​ငှာ ငါ​အပ်​လေ​ပြီ။

ပြော​ဆို​ပြီး​သည်​အ​ဆုံး၌၊ သူ​တို့​နင်း​ရာ​မြေ​ကြီး​သည် ကွဲ၍၊

ထို​သူ​တို့​သည် ကိုယ်​တိုင်​မှ​စ၍၊ ဆိုင်​သ​မျှ​သော​သူ​တို့​နှင့်​တ​ကွ၊ အ​သက်​ရှင်​လျက် သေ​မင်း​နိုင်​ငံ​သို့​ဆင်း​သက်၍၊ သူ​တို့​အ​ပေါ်​မှာ မြေ​စေ့​ပြန်​သ​ဖြင့်၊ သူ​တို့​သည် ပ​ရိ​သတ်​မှ​ပယ်​ရှင်း​ခြင်း​ကို ခံ​ရ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ