Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 16:3

Judson Bible

မော​ရှေ​နှင့် အာ​ရုန်​တစ်​ဖက်၌​စု​ဝေး​လျက်၊ သင်​တို့​သည် အ​မှု​တော်​ကို စောင့်​လွန်း၏။ ပ​ရိ​သတ်​ရှိ​သ​မျှ​အ​ပေါင်း​တို့​သည် သန့်​ရှင်း​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​တွင်​ရှိ​တော်​မူ၏။ သို့​ဖြစ်၍ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​ပ​ရိ​သတ်​အ​ပေါ်​မှာ အ​ဘယ်​ကြောင့် ကိုယ်​ကို​ကိုယ် ချီး​မြှောက်​ရ​သ​နည်း​ဟု ဆို​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

အ​ကြောင်း​မူ​ကား၊ သူ​တို့​သ​မီး​များ​ကို ကိုယ်​ဖို့​လည်း​ကောင်း၊ ကိုယ်​သား​ဖို့​လည်း​ကောင်း၊ သိမ်း​ယူ​သ​ဖြင့်၊ သန့်​ရှင်း​သော​အ​မျိုး​သည် ဤ​ပြည်​သား​ရင်း​အ​မျိုး​နှင့် ရော​နှော​လျက်​ရှိ၍၊ အ​ကြီး​အ​ကဲ​နှင့် မင်း​အ​ရာ​ရှိ​တို့​သည်၊ ဤ​ဒု​စ​ရိုက်​အ​မှု​ကို အ​ဦး​ပြု​ကြ​ပြီ​တ​ကား​ဟု ကြား​ပြော​ကြ၏။

ထို​သူ​တို့​သည်​လည်း၊ တပ်​ထဲ​မှာ မော​ရှေ​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား၏​သန့်​ရှင်း​သူ အာ​ရုန်​ကို​လည်း​ကောင်း ငြူ​စူ​ကြ၏။

ဘု​ရား​သ​ခင်၏​ရ​ထား​တော်​တို့​သည် အ​ထောင်​အ​သောင်း​မ​က များ​ကြ၏။ ဘု​ရား​ရှင်​ပါ​တော်​မူ၏။ သိ​နာ​တောင်​လည်း သန့်​ရှင်း​ရာ​ဌာ​န​တော်၌ ရှိ​သ​တည်း။

သင်​တို့​သည်​လည်း မင်း​စည်း​စိမ်​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​မျိုး၊ သန့်​ရှင်း​သော​လူ​မျိုး ဖြစ်​ရ​ကြ​လိမ့်​မည်​ဟူ​သော အ​မိန့်​တော်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​လော့​ဟု မိန့်​တော်​မူ၏။

ဤ​ပြည်၌​နေ​သော​သူ​တို့​အား သ​တင်း​ပြော​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ဤ​လူ​မျိုး၌ ရှိ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ထင်​ရှား​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ မိုး​တိမ်​တော်​သည် သူ​တို့​ကို​လွှမ်း​မိုး​ကြောင်း​ကို​လည်း​ကောင်း၊ ကိုယ်​တော်​သည် နေ့​အ​ချိန်၌ မိုး​တိမ်​တိုင်၊ ည​အ​ချိန်၌ မီး​တိုင်​ဖြင့် သူ​တို့​ရှေ့​က​ကြွ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း ကြား​ရ​ကြ​ပြီ။

ထို​ကြောင့် သင်​နှင့်​သင်၏​အ​ပေါင်း​အ​သင်း ရှိ​သ​မျှ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​တစ်​ဖက်၌ စု​ဝေး​ကြ​ပြီ​တ​ကား။ အာ​ရုန်​ကို​အ​ပြစ်​တင်၍ မြည်​တမ်း​ရ​မည်​အ​ကြောင်း၊ သူ​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်​သ​နည်း​ဟု ကော​ရ​အား​ဆို​ပြီး​မှ၊

နက်​ဖြန်​နေ့၌ ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​က၊ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​လူ​တို့​ကို သတ်​ကြ​ပြီ​ဟု​ဆို​လျက်၊ မော​ရှေ​နှင့်​အာ​ရုန်​တို့​ကို အ​ပြစ်​တင်၍ မြည်​တမ်း​ကြ၏။

နက်​ဖြန်​နေ့၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ မီး​နှင့်​လော​ဗန်​ကို​တင်​ကြ​လော့။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော​သူ​သည်၊ သန့်​ရှင်း​သော​သူ ဖြစ်​စေ။ အို​လေ​ဝိ​သား​တို့၊ သင်​တို့​သည် အ​မှု​တော်​ကို စောင့်​လွန်း​ကြ​သည်​ဟု ဆို​လေ၏။

ယာ​ကုပ်​အ​မျိုး​ကို ညှဉ်း​ဆဲ​သော​အ​မှု၊ ဣ​သ​ရေ​လ​အ​မျိုး​တစ်​ဖက်၌​ပြု​သော နှောင့်​ယှက်​ခြင်း​အ​မှု​ကို ဘု​ရား​သ​ခင်​သည် ကြည့်​ရှု၍​နေ​တော်​မ​မူ။ သူ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​နှင့်​အ​တူ ရှိ​တော်​မူ၏။ ရှင်​ဘု​ရင်​ကြွေး​ကြော်​ခြင်း​အ​သံ​ကို သူ​တို့​တွင်​ကြား​ရ၏။

ငါ​ကျိန်း​ဝပ်၍ သင်​တို့​နေ​သော​ပြည်​ကို မ​ညစ်​ညူး​စေ​ရ။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် ကျိန်း​ဝပ်​သည်​ဟု မိန့်​တော်​မူ၏။

ထို​သူ၏​စ​ကား​ကို ငါ​တို့​အ​ဘ​များ​သည် နား​မ​ထောင်​လို​ဘဲ​လျက် ပယ်၍၊-

လည်​ပင်း​ခိုင်​မာ၍ နှ​လုံး​ဖြင့်​လည်း​ကောင်း၊ နား​ဖြင့်​လည်း​ကောင်း အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ​တို့၊ သင်​တို့​သည် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ကို အ​စဉ်​မ​ပြတ် ဆန့်​ကျင်​ဘက်​ပြု​လေ့​ရှိ​ကြ၏။ သင်​တို့​ဘိုး​ဘေး​များ၏ အ​လေ့​နှင့် သင်​တို့​အ​လေ့​တူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ