Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 16:29

Judson Bible

ခပ်​သိမ်း​သော​လူ​သ​တ္တ​ဝါ​တို့ ခံ​ရ​သော သေ​ခြင်း၊ ခပ်​သိမ်း​သော​လူ​သ​တ္တ​ဝါ​တို့ ခံ​ရ​သော ဆုံး​မ​ခြင်း​ကို​သာ ဤ​လူ​တို့​ခံ​ရ​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို စေ​လွှတ်​တော်​မ​မူ။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ညဉ့်​ဦး​ယံ ယဇ်​ပူ​ဇော်​ချိန်​ရောက်​သော​အ​ခါ၊ ပ​ရော​ဖက်​ဧ​လိ​ယ​သည် ချဉ်း​လာ၍၊ အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ဣ​သ​ရေ​လ​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကျွန်​ဖြစ်၍ အ​မိန့်​တော်​အ​တိုင်း ဤ​အ​မှု​အ​လုံး​စုံ​တို့​ကို ပြု​ကြောင်း​ကို​လည်း​ကောင်း၊ ယ​နေ့​သိ​ကြ​ပါ​စေ​သော။

မိ​က္ခာ​က​လည်း၊ မင်း​ကြီး​သည် ငြိမ်​ဝပ်​စွာ​ပြန်​လာ​ရ​လျှင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ဖြင့် မိန့်​တော်​မ​မူ၊ အို​လူ​များ​အ​ပေါင်း​တို့၊ နား​ထောင်​ကြ​လော့​ဟု ဆို၏။

မိ​က္ခာ​က​လည်း၊ မင်း​ကြီး​သည် ငြိမ်၀ပ်​စွာ ပြန်​လာ​ရ​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ဖြင့်​မိန့်​တော်​မ​မူ၊ အို​လူ​များ​အ​ပေါင်း​တို့၊ နား​ထောင်​ကြ​လော့​ဟု ဆို၏။

ယ​ခု​မူ​ကား၊ အ​မျက်​ထွက်၍ ဆုံး​မ​တော်​မ​မူ။ ပြစ်​မှား​သော​အ​ပြစ်​ကို ကျပ်​တည်း​စွာ မှတ်​တော်​မ​မူ​သော​ကြောင့်၊

ဦး​မ​ချ​ဝတ်​မ​ပြု​နှင့်။ အ​ကြောင်း​မူ​ကား၊ သင်၏​ဘု​ရား​သ​ခင် ငါ​ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်၌​အ​ပြစ်​ရှိ​သည်​ဟု ယုံ​လွယ်​သော​ဘု​ရား၊ ငါ့​ကို​မုန်း​သော​သူ​တို့၏ အ​မျိုး​အ​စဉ်​အ​ဆက်၊ တ​တိ​ယ​အ​ဆက်၊ စ​တု​တ္ထ​အ​ဆက်​တိုင်​အောင်၊ အ​ဘ​တို့၏​အ​ပြစ်​ကို သား​တို့​၌​ဆပ်​ပေး​စီ​ရင်​သော​ဘု​ရား၊

သို့​ဖြစ်၍ ငါ​မှာ​ထား​သော​အ​ရပ်​သို့ သူ​တို့​ကို ယ​ခု​သွား၍​ပို့​ဆောင်​လော့။ ငါ့​တ​မန်​သည် သင့်​ရှေ့​မှာ​သွား​လိမ့်​မည်။ သို့​သော်​လည်း ငါ​သည်​အ​ကြည့်​အ​ရှု ကြွ​လာ​သော​အ​ခါ၊ သူ​တို့၌​အ​ပြစ်​ပေး​လျက်​ကြွ​လာ​မည်​ကို မိန့်​တော်​မူ၏။

လူ​သား​တွေ့​ကြုံ​သော​အ​မှု​ကို တိ​ရ​စ္ဆာန်​တွေ့​ကြုံ​တတ်၏။ ထို​သူ​နှစ်​ဦး​တို့​သည် တစ်​ပါး​တည်း​သော​အ​မှု​ကို တွေ့​ကြုံ​လျက်၊ တစ်​ဦး​သေ​သ​ကဲ့​သို့ တစ်​ဦး​သေ​တတ်၏။ အ​လုံး​စုံ​တို့​သည် အ​သက်​တစ်​မျိုး​တည်း​ရှိ​ကြ၏။ သို့​ဖြစ်၍၊ လူ​သည် တိ​ရ​စ္ဆာန်​ထက် ထူး​မြတ်​သော​အ​ကြောင်း​မ​ရှိ။ အ​လုံး​စုံ​တို့​သည် အ​န​တ္တ​ဖြစ်​ကြ၏။

ငါ​ကြည့်​ရှု​စီ​ရင်​သည်​ကာ​လ၊ အ​ဝေး​က​ရောက်​လ​တ္တံ့​သော ဖျက်​ဆီး​ခြင်း​ဖြစ်​သည်​ကာ​လ၌၊ သင်​တို့​သည် ချမ်း​သာ​ရ​အံ့​သော​ငှာ၊ အ​ဘယ်​သူ​ထံ​သို့ ပြေး​ကြ​လိမ့်​မည်​နည်း။ သင်​တို့​စည်း​စိမ်​ဥ​စ္စာ​ကို အ​ဘယ်​မှာ​သို​ထား​ကြ​လိမ့်​မည်​နည်း။

ထို​သို့​သော​အ​ပြစ်​တို့​ကို ငါ​သည် မ​စစ်​ကြော​ဘဲ​နေ​ရ​မည်​လော။ ထို​သို့​သော​အ​မျိုး​ကို ဒဏ်​ပေး၍၊ ငါ့​စိတ်​ချင်​ရဲ​မ​ပြေ​ဘဲ နေ​ရ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အို ဇိ​အုန်​သ​တို့​သ​မီး၊ သင်​ခံ​ထိုက်​သ​မျှ​သော အ​ပြစ်​ဒဏ်​ကုန်​ပြီ။ သင်​သည် နောက်​တစ်​ဖန် သိမ်း​သွား​ခြင်း​ကို​မ​ခံ​ရ။ အို ဧ​ဒုံ​သ​တို့​သ​မီး၊ သင်​ပြု​သော ဒု​စ​ရိုက်​ကို​စစ်​ကြော၍ သင်၏​အ​ပြစ်​ကို​ဖော်​ပြ​တော်​မူ​မည်။

တစ်​စုံ​တစ်​ယောက်​သော သူ​သည် သူ​တို့​ကို ညှဥ်း​ဆဲ​ခြင်း​ငှာ အ​လို​ရှိ​လျှင်၊ သူ​တို့၏ ခံ​တွင်း​ထဲ​က​မီး​ထွက်၍ ရန်​သူ​တို့​ကို မျို​တတ်၏။ တစ်​စုံ​တစ်​ယောက်​သော သူ​သည် ထို​သူ​တို့​ကို ညှဉ်း​ဆဲ​ခြင်း​ငှာ အ​လို​ရှိ​လျှင်၊ ထို​သို့​အ​သေ သတ်​ခြင်း​ကို ခံ​ရ​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ