Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 16:14

Judson Bible

ထို​မှ​တစ်​ပါး နို့​နှင့် ပျား​ရည်​စီး​သော​ပြည်​သို့ ငါ​တို့​ကို​မ​ဆောင်၊ လယ်​ယာ​များ၊ စ​ပျစ်​ဥ​ယျာဉ်​များ​ကို​မ​ပေး​ဘဲ၊ ဤ​လူ​တို့၏​မျက်​စိ​ကို ဖောက်​ချင်​သ​လော။ ငါ​တို့​သည် သင့်​ထံ​သို့​မ​လာ​ဟု ပြန်​ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

သူ့​လယ်၊ သူ့​စ​ပျစ်​ဥ​ယျာဉ်​ကို စား​စေ​သော်​လည်း​ကောင်း၊ မိ​မိ​တိ​ရ​စ္ဆာန်​ကို သူ့​လယ်၌​ထိန်း​ကျောင်း​သော်​လည်း​ကောင်း၊ မိ​မိ​လယ်၊ မိ​မိ​စ​ပျစ်​ဥ​ယျာဉ်​ထဲ​က​အ​ကောင်း​ဆုံး​ကို ထုတ်၍ ပြန်​ပေး​ရ​မည်။

ခြောက်​နှစ်​ပတ်​လုံး​လယ်​လုပ်၍ အ​သီး​ကို​သိမ်း​ရ​မည်။

သ​တ္တ​မ​နှစ်​တွင် လယ်​ကို​မ​လုပ်​ဘဲ အ​လွတ်​ထား​ရ​မည်။ သို့​ပြု​လျှင် ဆင်း​ရဲ​သော​အ​မျိုး​သား​ချင်း​တို့​သည်၊ စား​ရ​သော​အ​ခွင့်​ရှိ​လိမ့်​မည်။ ကြွင်း​သော​အ​ရာ​ကို​လည်း၊ မြေ​တိ​ရ​စ္ဆာန်​တို့​သည် စား​ရ​ကြ​လိမ့်​မည်။ ထို​နည်း​တူ၊ စ​ပျစ်​ဥ​ယျာဉ်၊ သံ​လွင်​ဥ​ယျာဉ်​ကို​လည်း ပြု​ရ​မည်။

အဲ​ဂု​တ္တု​ပြည်၌ ခံ​ရ​သော​ဒု​က္ခ​ထဲ​က သင်​တို့​ကို​ငါ​နုတ်၍၊ ခါ​န​နိ​လူ၊ ဟိ​တ္တိ​လူ၊ အာ​မော​ရိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ဟိ​ဝိ​လူ၊ ယေ​ဗု​သိ​လူ​တို့​နေ​ရာ၊ နို့​နှင့်​ပျား​ရည်​စီး​တတ်​သော ပြည်​သို့​ပို့​ဆောင်​မည် ငါ​က​တိ​ရှိ​သည်​ဟု​မိန့်​တော်​မူ​ပြီ​ဟု သူ​တို့​အား​ပြော​လော့။

သူ​တို့​ကို​အဲ​ဂု​တ္တု​ပြည်၊ အဲ​ဂု​တ္တု​လူ​တို့​လက်​မှ​ကယ်​နုတ်၍၊ ခါ​န​နိ​လူ၊ ဟိ​တ္တိ​လူ၊ အာ​မော​ရိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ဟိ​ဝိ​လူ၊ ယေ​ဗု​သိ​လူ​တို့​နေ​ရာ၊ နို့​နှင့်​ပျား​ရည်​စီး​တတ်​သော ပြည်​သို့​ပို့​ဆောင်​ခြင်း​ငှာ ငါ​ဆင်း​လာ​ပြီ။

သူ​တို့​ပြည်​တည်း​ဟူ​သော နို့​နှင့်​ပျား​ရည်​စီး​သော​ပြည်​ကို သင်​တို့​သည် အ​မွေ​ခံ​စေ​ခြင်း​ငှာ ငါ​အ​ပိုင်​ပေး​မည်​ဟု ငါ့​အ​မိန့်​တော်​ရှိ​ပြီ။ ငါ​သည် သင်​တို့​ကို အ​ခြား​သော​အ​မျိုး​နှင့်​ခွဲ​ထား​သော သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။

မော​ရှေ​အား​လည်း၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​စေ​လွှတ်​သော ပြည်​သို့​ရောက်​ခဲ့​ပါ​ပြီ။ အ​ကယ်​စင်​စစ် ထို​ပြည်​သည် နို့​နှင့်​ပျား​ရည်​စီး​သော ပြည်​ဖြစ်​ပါ၏။ ဤ​အ​သီး​တို့​ကား ထို​ပြည်၌​သီး​သော​အ​သီး ဖြစ်​ပါ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို​နှစ်​သက်​လျှင်၊ နို့​နှင့်​ပျား​ရည်​စီး​သော​ထို​ပြည်​သို့ ငါ​တို့​ကို​ဆောင်​သွင်း၍ အ​ပိုင်​ပေး​တော်​မူ​လိမ့်​မည်။

ငါ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​စေ၍၊ ဤ​ဆိုး​သော​အ​ရပ်​သို့ အ​ဘယ်​ကြောင့် ဆောင်​ခဲ့​သ​နည်း။ ဤ​အ​ရပ်​သည် လယ်​လုပ်​စ​ရာ​မ​ကောင်း၊ သင်္ဘော​သ​ဖန်း​ပင်၊ စ​ပျစ်​နွယ်​ပင်၊ သ​လဲ​ပင် စိုက်​စ​ရာ​မ​ကောင်း။ သောက်​စ​ရာ​ရေ​မျှ​မ​ရှိ​ဟု မော​ရှေ​ကို​အ​ပြစ်​တင်၍ ဆို​ကြ၏။

ဖိ​လိ​တ္တိ​လူ​တို့​သည် ဖမ်း​ဆီး၍ သူ့​မျက်​စိ​ကို​ဖောက်​ပြီး​မှ ဂါ​ဇ​မြို့​သို့ ယူ​သွား​ပြီး​လျှင် ကြေး​ဝါ​ကြိုး​နှင့်​ချည်​နှောင်၍ ထောင်​အိမ်၌ ကြိတ်​ဆုံ​နှင့် ကြိတ်​စေ​ကြ၏။

အ​မ္မုန်​အ​မျိုး​သား နာ​ဟတ်​က၊ သင်​တို့၌ လက်​ယာ​မျက်​စိ​ရှိ​သ​မျှ​ကို​ဖောက်၍ ဣ​သ​ရေ​လ​အ​မျိုး​တစ်​မျိုး​လုံး၌ ငါ​ကဲ့​ရဲ့​ရ​သော​အ​ခွင့်​ကို ပေး​မှ​သာ မိတ်​သ​ဟာ​ယ​ဖွဲ့​မည်​ဟု ပြန်​ပြော​သော်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ