Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 15:5

Judson Bible

ယဇ်​နှင့်​တ​ကွ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို ဆီ​သုံး​လော​ဃ​ရော​သော မုန့်​ညက်​တစ်​ဩ​မဲ​ကို​လည်း​ကောင်း၊ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​ဖို့ စ​ပျစ်​ရည် သုံး​လော​ဃ​ကို​လည်း​ကောင်း ပြင်​ဆင်၍​ဆောင်​ခဲ့​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

မီး​ရှို့​ရာ​ယဇ်​များ​တို့​နှင့်၊ မီး​ရှို့​ရာ​ယဇ် အ​သီး​အ​သီး​ဆိုင်​သော မိတ်​သ​ဟာ​ယ ယဇ်​ဆီ​ဥ၊ သွန်​လောင်း​ရာ ပူ​ဇော်​သ​ကာ​အ​များ​ရှိ​ကြ၏။ ထို​သို့ ဗိ​မာန်​တော်​ဝတ်​ပြု​ခြင်း​ကို စီ​ရင်​သ​တည်း။

ထို​ငွေ​ကို​ယူ​ပြီး​လျှင် နွား၊ သိုး​ထီး၊ သိုး​သ​ငယ်​နှင့်​တ​ကွ၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​တို့​ကို အ​လျင်​အ​မြန်​ဝယ်၍၊ ယေ​ရု​ရှ​လင်​မြို့၌​ရှိ​သော သင်​တို့၏​ဘု​ရား​အိမ်​တော် ယဇ်​ပ​လ္လင်​ပေါ်​မှာ ပူ​ဇော်​ရ​မည်။

ကယ်​တင်​ခြင်း​ခွက်​ဖ​လား​ကို ကိုင်​ယူ၍၊ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ပ​တ္ထ​နာ​ပြု​မည်။

သိုး​သ​ငယ်​တစ်​ကောင်​ကို ပူ​ဇော်​သော​အ​ခါ၊ သံ​လွင်​သီး​ကို​ထောင်း၍၊ ရ​သော​သံ​လွင်​ဆီ သုံး​လော​ဃ​နှင့်​ရော​သော မုန့်​ညက်​တစ်​ဩ​မဲ​ကို​လည်း​ကောင်း၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ဖို့ စ​ပျစ်​ရည် သုံး​လော​ဃ​ကို​လည်း​ကောင်း၊ သိုး​သ​ငယ်​နှင့်​အ​တူ ပူ​ဇော်​ရ​မည်။

ကျွန်​မ​ကို သွေး​ဆောင်​တော်​မူ​ပါ။ ကျွန်​မ​တို့​သည် နောက်​တော်​သို့ ပြေး၍​လိုက်​ကြ​ပါ​မည်။ အ​ရှင်​မင်း​ကြီး​သည် အိမ်​တော်​အ​တွင်း​ခန်း​ထဲ​သို့ ကျွန်​မ​ကို ဆောင်​ခဲ့​တော်​မူ​ပြီ။ ကျွန်​မ​တို့​သည် ကိုယ်​တော်​ကြောင့် ဝမ်း​မြောက်​ရွှင်​လန်း​ကြ​မည်။ မေ​တ္တာ​တော်​ကို စ​ပျစ်​ရည်​ထက် သာ၍​ချီး​မွမ်း​ကြ​မည်။ သ​တို့​သ​မီး​က​ညာ​တို့​သည် ကိုယ်​တော်​ကို မှန်​ကန်​စွာ ချစ်​ကြ​ပါ၏။

သိုး၊ ဆိတ်​ကို မီး​ရှို့​ရာ​ယဇ်​ပြု​လို​လျှင်၊ အ​ပြစ်​မ​ပါ​သော အ​ထီး​ကို​ဆောင်​ခဲ့၍၊

ထို​ယဇ်​နှင့်​ဆိုင်​သော​ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကား၊ ထာ​ဝ​ရ​ဘု​ရား​အား မွှေး​ကြိုင်​ရာ​ဖို့ မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ​တည်း​ဟူ​သော ဆီ​နှင့်​ရော​သော မုန့်​ညက်​နှစ်​ဩ​မဲ​ဖြစ်​ရ​မည်။ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​ကား၊ စ​ပျစ်​ရည်​သုံး​လော​ဃ ဖြစ်​ရ​မည်။

ထာ​ဝ​ရ​ဘု​ရား​အား သိုး၊ ဆိတ်​ကို၊ မိတ်​သ​ဟာ​ယ​ယဇ်​ပြု​လို​လျှင်၊ အ​ပြစ်​မ​ပါ​သော အ​ထီး​အ​မ တစ်​ကောင်​ကောင်​ကို​ဆက်​ရ​မည်။

သိုး​သ​ငယ်​ကို​ပူ​ဇော်​လို​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဆက်​ပြီး​မှ၊

ကျေး​ဇူး​တော်​သည် အ​လွန်​ကြီး​စွ​တ​ကား။ ဂုဏ်​အ​သ​ရေ​တော်​လည်း အ​လွန်​ကြီး​စွ​တ​ကား။ ဆန်​စ​ပါး​သည် လု​လင်​တို့​ကို​လည်း​ကောင်း၊ စ​ပျစ်​ရည်​သစ်​သည် အ​ပျို​မ​တို့​ကို​လည်း​ကောင်း တိုး​ပွား​များ​ပြား​စေ​လိမ့်​မည်။

နွား​တစ်​ကောင်၊ သိုး​တစ်​ကောင်၊ သိုး​သ​ငယ်​တစ်​ကောင်၊ ဆိတ်​သ​ငယ်​တစ်​ကောင်​ကို ယဇ်​ပူ​ဇော်​သော​အ​ခါ ထို​သို့​ပြု​ရ​မည်။

သိုး​ကို​ပူ​ဇော်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​ရှိ​စေ​ခြင်း​ငှာ၊

သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​ဖို့​ကား၊ နွား​တစ်​ကောင်​နှင့် စ​ပျစ်​ရည်​ခြောက်​လော​ဃ၊ သိုး​တစ်​ကောင်​နှင့် လေး​လော​ဃ၊ သိုး​သ​ငယ်​တစ်​ကောင်​နှင့် သုံး​လော​ဃ​ကို ပူ​ဇော်​ရ​မည်။ ထို​သို့ လ​တိုင်း​အ​စဉ်​မ​ပြတ် မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​ရ​မည်။

သိုး​သ​ငယ်​တစ်​ကောင်​နှင့်​အ​တူ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​ဖို့၊ စ​ပျစ်​ရည်​သုံး​လော​ဃ​ကို ပူ​ဇော်၍၊ သန့်​ရှင်း​ရာ​ဌာ​န၌ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​ဖို့၊ ထာ​ဝ​ရ​ဘု​ရား​အား သွန်း​လောင်း​ရ​မည်။

ထို​မျှ​မ​က၊ သင်​တို့၏​ယုံ​ကြည်​ခြင်း​ကို တင်​လှူ ပူ​ဇော်​သော ယဇ်​အ​ပေါ်​မှာ ငါ့​ကို​လောင်း​သော်​လည်း ဝမ်း​မြောက်​ခြင်း​ရှိ၏။ သင်​တို့​ရှိ​သ​မျှ​နှင့်​အ​တူ ငါ​ဝမ်း​မြောက်​ခြင်း​ရှိ၏။-

အ​ကြောင်း​မူ​ကား၊ ငါ့​ကို​ယဇ်​ပေါ်​မှာ လောင်း​ရ​သော အ​ချိန်​ရှိ​ပြီ။ စု​တေရ​သော​အ​ချိန် ရောက်​လေ​ပြီ။-

စ​ပျစ်​ပင်​က၊ ဘု​ရား၏​စိတ်​နှင့် လူ၏​စိတ်​ကို ရွှင်​လန်း​စေ​သော ငါ့​စ​ပျစ်​ရည်​ကို ငါ​သည်​စွန့်၍ သစ်​ပင်​တို့​အ​ပေါ်​မှာ လွှမ်း​မိုး​ရ​မည်​လော​ဟု ဆို၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ