Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 15:31

Judson Bible

ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို​မ​ထီ​မဲ့​မြင်​ပြု၍ ပ​ညတ်​တော်​ကို လွန်​ကျူး​သော​ကြောင့်၊ ထို​သူ​ကို ရှင်း​ရှင်း​ပယ်​ရှား​ရ​မည်။ မိ​မိ​အ​ပြစ်​ကို မိ​မိ​ခံ​ရ​မည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

သင်​သည် ထာ​ဝ​ရ​ဘု​ရား၏ ပ​ညတ်​တ​ရား​တော်​ကို​မ​ထီ​မဲ့​မြင်​ပြု၍ ရှေ့​တော်၌​ဒု​စ​ရိုက်​ကို အ​ဘယ်​ကြောင့် ပြု​ဘိ​သ​နည်း။ ဟိ​တ္တိ​လူ၊ ဥ​ရိ​ယ၏​အ​သက်​ကို ဓား​ဖြင့်​သတ်၍ သူ၏​မ​ယား​ကို သိမ်း​လေ​ပြီ​တ​ကား။ ထို​သူ​ကို အ​မ္မုန်​အ​မျိုး​သား​ဓား​နှင့် သတ်​လေ​ပြီ​တ​ကား။

အို ထာ​ဝ​ရ​ဘု​ရား၊ စီ​ရင်​တော်​မူ​ချိန် ရောက်​ပါ​ပြီ။ သူ​တစ်​ပါး​များ​တို့​သည် တ​ရား​တော်​ကို ပယ်​ကြ​ပါ၏။

အ​ကျွန်ုပ်​ပြု​မိ​သော ဒု​စ​ရိုက်​တို့​သည် အ​ကျွန်ုပ်​ခေါင်း​ကို လွှမ်း​မိုး၍၊ လေး​သော​ဝန်​ကဲ့​သို့ အ​ကျွန်ုပ်​မ​ထမ်း​နိုင်​အောင် လေး​ကြ​ပါ၏။

ထို​ဆီ​နှင့်​တူ​အောင်​ဖော်​သော​သူ၊ မ​ဆိုင်​သော​လူ၌ လိမ်း​သော​သူ​မည်​သည်​ကား၊ မိ​မိ​အ​မျိုး​မှ​ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​မည်​ဟု မိန့်​တော်​မူ၏။

နှုတ်​က​ပတ်​တော်​ကို မ​ထီ​မဲ့​မြင်​ပြု​သော​သူ​သည် ပျက်​စီး​လိမ့်​မည်။ ပ​ညတ်​တ​ရား​တော်​ကို ခန့်​ညား​သော​သူ​မူ​ကား၊ ချမ်း​သာ​ရ​လိမ့်​မည်။

သို့​ဖြစ်၍၊ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် နှုတ်​က​ပတ်​တော်​ကို​ပယ်၍၊ လိမ်​ကောက် ယို​ယွင်း​ခြင်း​ကို​သာ မှီ​ဝဲ​ခို​လှုံ​သော​ကြောင့်၊

ငါ​တို့​ရှိ​သ​မျှ​သည် သိုး​ကဲ့​သို့​လမ်း​လွဲ​လျက်၊ ကိုယ်​လမ်း​သို့ အ​သီး​အ​သီး လိုက်​သွား​ကြ​သည်​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ခပ်​သိမ်း​သော ငါ​တို့၏​အ​ပြစ်​များ​ကို သူ့​အ​ပေါ်၌​တင်​တော်​မူ၏။

ပြစ်​မှား​သော​သူ​သည် အ​သေ​ခံ​ရ​မည်။ သား​သည် အ​ဘ၏​အ​ပြစ်​ကို မ​ခံ​ရ။ အ​ဘ​သည် သား၏​အ​ပြစ်​ကို မ​ခံ​ရ။ တ​ရား​သော​သူ​သည် တ​ရား​စွာ​ပြု​ခြင်း အ​ကျိုး​ကို​လည်း​ကောင်း၊ မ​တ​ရား​သော​သူ​သည် မ​တ​ရား​စွာ​ပြု​ခြင်း အ​ပြစ်​ကို​လည်း​ကောင်း ခံ​ရ​လိမ့်​မည်။

ငါ့​စီ​ရင်​ထုံး​ဖွဲ့​ချက်​များ​ကို​ရွံ​ရှာ၍၊ မ​ထီ​မဲ့​မြင်​ပြု​လျက်၊ ငါ့​ပ​ညတ်​တ​ရား​ကို​မ​ကျင့်၊ ငါ့​ပ​ဋိ​ညာဉ်​သ​စ္စာ​ကို​ဖျက်​လျှင်၊

ထို​ပြည်​သည် သူ​တို့​လက်​မှ​လွတ်၍၊ သူ​တို့​မ​ရှိ​ဘဲ လူ​ဆိတ်​ညံ​လျက်​နေ​စဉ်​တွင် မိ​မိ​ဥ​ပုသ်​နေ့​တို့၌ မွေ့​လျော်​လိမ့်​မည်။ သူ​တို့​သည် ငါ့​စီ​ရင်​ထုံး​ဖွဲ့​ချက်​များ​ကို​ရွံ​ရှာ၍ မ​ထီ​မဲ့​မြင်​ပြု​သော​အ​ပြစ်​ကြောင့်၊ ခံ​ရ​သော​ဒဏ်​ကို ဝန်​ခံ​ရ​ကြ​လိမ့်​မည်။

တစ်​စုံ​တစ်​ယောက်​သော​သူ​သည် အ​မှု​ကို​မြင်​သည်​ဖြစ်​စေ၊ သိ​သည်​ဖြစ်​စေ၊ ကျိန်​ဆို​စေ​သော​စ​ကား​ကို​ကြား၍၊ သက်​သေ​ဖြစ်​လျက်​နှင့် ပြန်​မ​ပြော​ဘဲ​နေ​သ​ဖြင့် ပြစ်​မှား၍၊ မိ​မိ​ဒု​စ​ရိုက်​အ​ပြစ်​ကို​ခံ​ရ​သော်​လည်း​ကောင်း၊

ညစ်​ညူး​ခြင်း​မ​ရှိ၊ အ​ခြား​တစ်​ပါး​သို့ ခ​ရီး​မ​သွား​သော​သူ​သည် ပ​သ​ခါ​ပွဲ​ကို မ​ခံ​ဘဲ​နေ​လျှင်၊ ထို​သူ​ကို သူ၏​အ​မျိုး​မှ​ပယ်​ရှင်း​ရ​မည်။ ချိန်း​ချက်​သော​အ​ချိန်၌ ထို​သူ​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ပူ​ဇော်​သ​ကာ​ကို​မ​ဆောင်​ခဲ့​သော​ကြောင့် မိ​မိ​အ​ပြစ်​ကို​ခံ​ရ​မည်။

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အ​မှု​တော်​ကို​စောင့်​သော ယဇ်​ပု​ရော​ဟိတ်၊ တ​ရား​သူ​ကြီး​စ​ကား​ကို နား​မ​ထောင်​ဘဲ ရဲ​ရင့်​စွာ​ပြု​သော​သူ​ကို အ​သေ​သတ်​သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​မှ ဒု​စ​ရိုက်​ကို​ပယ်​ရ​မည်။

ထို​ကြောင့်၊ ငါ​တို့​ကို​ငြင်း​ပယ်​သော​သူ​သည် လူ​ကို​သာ ငြင်း​ပယ်​သည်​မ​ဟုတ်၊ ကိုယ်​တော်၏ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ကို ငါ​တို့​အား ပေး​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ငြင်း​ပယ်၏။

ငါ​တို့​သည် အ​ပြစ်​နှင့်​ဆိုင်​သော​အ​ရာ၌ အ​သေ​ဖြစ်၍၊ ဖြောင့်​မတ်​ခြင်း​အ​ရာ၌ အ​သက်​ရှင်​စေ​မည်​အ​ကြောင်း၊ ငါ​တို့​အ​ပြစ်​များ​ကို ကိုယ်​တော်​တိုင် သစ်​တိုင်​မှာ​ခံ​တော်​မူ​ပြီ။ ဒဏ်​ချက်​တော်​များ​အား​ဖြင့် သင်​တို့​သည် အ​နာ​ပျောက်​လျက် ရှိ​ကြ၏။-

ဖြောင့်​မတ်​ခြင်း​တ​ရား​လမ်း​ကို​သိ၍၊ မိ​မိ​ခံ​ခဲ့​ပြီး​သော သန့်​ရှင်း​သော​ပ​ညတ်​ကို တစ်​ဖန် စွန့်​ပစ်​သည်​ထက်၊ ထို​လမ်း​ကို​မ​သိ​ဘဲ​နေ​သော် သာ၍​ကောင်း၏။-

ထို​ကြောင့် ဧ​လိ၏​အိမ်​သား​တို့ အ​ပြစ်​သည် ယဇ်​နှင့် ပူ​ဇော်​သ​ကာ​အား​ဖြင့် မ​ဖြေ၊ အ​စဉ်​အ​မြဲ တည်​ရ​မည်​အ​ကြောင်း သူ​တို့​အား ငါ​ကျိန်​ဆို​ပြီ​ဟု မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ