Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 15:3

Judson Bible

သ​စ္စာ​က​တိ​ရှိ၍ ပူ​ဇော်​သော်​လည်း​ကောင်း၊ အ​လို​လို​ပူ​ဇော်​သော်​လည်း​ကောင်း၊ ပွဲ​သ​ဘင်​ခံ၍ ပူ​ဇော်​သော်​လည်း​ကောင်း၊ မီး​ရှို့​ရာ​ယဇ်​အ​စ​ရှိ​သော အ​ခြား​သော​ယဇ်​ကို မီး​ဖြင့်​ပူ​ဇော်၍ သိုး​နွား​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​ကို​ပြု​ခြင်း​ငှာ အ​လို​ရှိ​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

27 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ မွှေး​ကြိုင်​သော အ​နံ့​ကို​ခံ​ယူ၍၊ ငါ​သည် နောက်​တစ်​ဖန်​လူ​တို့​အ​တွက် မြေ​ကြီး​ကို​မ​ကျိန်။ အ​ကြောင်း​မူ​ကား၊ လူ​တို့​သည် ငယ်​သော​အ​ရွယ်​မှ​စ၍၊ စိတ်​နှ​လုံး​အ​ကြံ​အ​စည်​ဆိုး​ကြ၏။ ငါ​သည် ယ​ခု​တစ်​ခါ ပြု​ပြီး​သ​ကဲ့​သို့၊ အ​သက်​ရှင်​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို နောက်​တစ်​ဖန်​ဒဏ်​မ​ခတ်။

ထို​ငွေ​ကို​ယူ​ပြီး​လျှင် နွား၊ သိုး​ထီး၊ သိုး​သ​ငယ်​နှင့်​တ​ကွ၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​တို့​ကို အ​လျင်​အ​မြန်​ဝယ်၍၊ ယေ​ရု​ရှ​လင်​မြို့၌​ရှိ​သော သင်​တို့၏​ဘု​ရား​အိမ်​တော် ယဇ်​ပ​လ္လင်​ပေါ်​မှာ ပူ​ဇော်​ရ​မည်။

အ​ကျွန်ုပ်​သည်​လည်း၊ စေ​တ​နာ​စိတ်​နှင့် ကိုယ်​တော်​အား​ယဇ်​ပူ​ဇော်​ပါ​မည်။ အို​ထာ​ဝ​ရ​ဘု​ရား၊ နာ​မ​တော်​ကို​ချီး​မွမ်း​ပါ​မည်။ အ​ကြောင်း​မူ​ကား၊ ကောင်း​မြတ်​တော်​မူ၏။

သိုး​တစ်​ကောင်​လုံး​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ​မီး​ရှို့​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​သော​ယဇ်​ဖြစ်၏။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ဆက်​ကပ်၍၊ မွှေး​ကြိုင်​သော ပူ​ဇော်​သ​ကာ​ဖြစ်​၏။

ထို​အ​ရာ​တို့​ကို သူ​တို့​လက်​မှ​ခံ​ယူ၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​တွင် မွှေး​ကြိုင်​သော​အ​နံ့​ဖြစ်​စေ​ခြင်း​ငှာ၊ ယဇ်​ပ​လ္လင်၌ မီး​ရှို့​ရာ​ယဇ်​အ​ပေါ်​မှာ ရှို့​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော ပူ​ဇော်​သ​ကာ​ဖြစ်​၏။

အ​ခြား​သော​သိုး​သ​ငယ်​ကို ညဉ့်​ဦး​ယံ၌ ပူ​ဇော်​သော​အ​ခါ၊ နံ​နက်​ယံ၌ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ပါ​သည်​နည်း​တူ​ပါ​လျက်၊ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ဆက်​ကပ်၍၊ မွှေး​ကြိုင်​သော ပူ​ဇော်​သ​ကာ​ပြု​ရ​မည်။

ထို​အ​ကြွင်း​သည် ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော​ပူ​ဇော်​သ​ကာ​ထဲ​က သင်​နှင့်​သင်၏​သား​တို့ ခံ​ထိုက်​သော​အ​ဖို့​ဖြစ်၍ သန့်​ရှင်း​ရာ​ဌာ​န​တော်၌ စား​ရ​ကြ​မည်။ ထို​ပ​ညတ်​တော်​ကို ငါ​ခံ​ရ​ပြီ။

လူ​သည်​သ​စ္စာ​က​တိ​ပြု၍​ပူ​ဇော်​လျှင်၊ ပူ​ဇော်​အပ်​သော​သူ​သည်၊ သင်​အ​ဖိုး​ဖြတ်​သည်​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား၏​ဘ​ဏ္ဍာ​တော် ဖြစ်​ရ​မည်။

သို့​မ​ဟုတ် သ​စ္စာ​ပြု၍​ယဇ်​ပူ​ဇော်​သည်​ဖြစ်​စေ၊ ကိုယ်​အ​လို​အ​လျောက် ပူ​ဇော်​သည်​ဖြစ်​စေ၊ ပူ​ဇော်​သော​နေ့​ချင်း​တွင်၊ ယဇ်​အ​သား​ကို​စား၍ အ​ကြွင်း​ကို​လည်း နက်​ဖြန်​နေ့​စား​ရ​မည်။

ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​နှင့် မီး​ရှို့​ရာ​ယဇ်​ဖို့ အ​သက်​ပျို​သော နွား​ထီး​နှစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်၊ အ​ခါ​လည်​သော သိုး​သ​ငယ်​ခု​နစ်​ကောင်​တို့​ကို ပူ​ဇော်​ရ​မည်။

ထို​နေ့၌ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​နှင့် မီး​ရှို့​ရာ​ယဇ်​ဖို့ အ​သက်​ပျို​သော​နွား​ထီး​တစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်၊ အ​ခါ​လည်​အ​ပြစ်​မ​ပါ​သော သိုး​သ​ငယ်​ခု​နစ်​ကောင်​တို့​ကို ပူ​ဇော်​ရ​မည်။

ဆီ​ရော​သော​မုန့်​ညက်​နှင့်​လုပ်​သော​မုန့်​ပြား၊ ဆီ​လူး​သော တ​ဆေး​မဲ့ မုန့်​ကြွပ်​တည်း​ဟူ​သော တ​ဆေး​မဲ့​မုန့်​တစ်​တောင်း၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​ကို ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ရ​မည်။

ဤ​သူ​ကား ငါ​နှစ်​သက်​မြတ်​နိုး​ရာ၊ ငါ၏​ချစ်​သား​ပေ​တည်း​ဟု ကောင်း​ကင်​က အ​သံ​တော်​ဖြစ်​လေ၏။

အ​ဘယ်​သို့​နည်း ဟူ​မူ​ကား၊ ငါ​တို့​သည် ကယ်​တင်​သော သူ​တို့၌​လည်း​ကောင်း၊ ဆုံး​ရှုံး​သော သူ​တို့၌​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​အား ခ​ရစ်​တော်၏ အ​မွှေး​အ​ကြိုင်​ဖြစ်​ကြ၏။-

ဆုံး​ရှုံး​သော​သူ​တို့၌​ကား၊ သေ​ခြင်း​တိုင်​အောင် သေ​ခြင်း၏​အ​မွှေး​အ​ကြိုင် ဖြစ်​ကြ၏။ ကယ်​တင်​သော သူ​တို့၌​ကား၊ အ​သက်​ရှင်​ခြင်း​တိုင်​အောင် အ​သက်​ရှင်​ခြင်း၏​အ​မွှေး​အ​ကြိုင် ဖြစ်​ကြ၏။ သို့​ဖြစ်၍ ဤ​အ​မှု​အ​ရာ​တို့​နှင့် အ​ဘယ်​သူ ထိုက်​တန်​သ​နည်း။-

ခ​ရစ်​တော်​သည် ငါ​တို့​ကို ချစ်​တော်​မူ​သော​အား​ဖြင့် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ မွှေး​ကြိုင်​သော အ​နံ့​ရှိ​စေ​ခြင်း​ငှာ၊ ကိုယ်​ကို​ကိုယ်​ဆက်​ကပ်၍ ယဇ်​ပူ​ဇော်​လျက်၊ ငါ​တို့​အ​တွက် စွန့်​တော်​မူ​သည်​နည်း​တူ၊ သင်​တို့​သည် မေ​တ္တာ​တ​ရား၌ ကျင်​လည်​ကြ​လော့။

နာ​မ​တော်​ကို​တည်​စေ​ဖို့​ရာ၊ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော​အ​ရပ် ရှိ​ရ​မည်။ ထို​အ​ရပ်​သို့ ငါ​မှာ​ထား​သ​မျှ​အ​တိုင်း၊ သင်​တို့​မီး​ရှို့​ရာ​ယဇ် အ​စ​ရှိ​သော​ယဇ်​များ၊ ဆယ်​ဖို့​တစ်​ဖို့​ပူ​ဇော်​သ​ကာ၊ ချီ​မြှောက်​ရာ ပူ​ဇော်​သ​ကာ၊ ထာ​ဝ​ရ​ဘု​ရား​အား​က​တိ​ရှိ​သည်​အ​တိုင်း၊ မြတ်​သော​ပူ​ဇော်​သ​ကာ​တို့​ကို ဆောင်​ခဲ့​ရ​ကြ​မည်။

စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ​ဆယ်​ဖို့​တွင် ပူ​ဇော်​သော​တစ်​ဖို့၊ သိုး​နွား​တွင် အ​ဦး​ဖွား​သော​သား​ငယ်၊ သ​စ္စာ​က​တိ​နှင့်​ဆိုင်​သော ပူ​ဇော်​သ​ကာ၊ အ​လို​လို​ပြု​သော ပူ​ဇော်​သ​ကာ၊ ချီ​မြှောက်​ရာ​ပူ​ဇော်​သ​ကာ တစ်​စုံ​တစ်​ခု​ကို​မျှ၊ သင်​တို့​သည် ကိုယ်​နေ​ရာ​အ​ရပ်၌ မ​စား​ရ​ကြ။

ထို​အ​ရပ်​သို့ သင်​တို့​သည် မီး​ရှို့​ရာ​ယဇ်​အ​စ​ရှိ​သော​ယဇ်​များ၊ ဆယ်​ဖို့​တစ်​ဖို့ ပူ​ဇော်​သ​ကာ၊ ချီ​မြှောက်​ရာ​ပူ​ဇော်​သ​ကာ၊ သ​စ္စာ​က​တိ​နှင့် ဆိုင်​သော​ပူ​ဇော်​သ​ကာ၊ အ​လို​လို​ပြု​သော​ပူ​ဇော်​သ​ကာ​မှ​စ၍၊ သိုး​နွား​တွင် အ​ဦး​ဖွား​သော​သား​ငယ်​တို့​ကို ဆောင်​ခဲ့​ရ​ကြ​မည်။

ယ​ခု​အ​ခါ အ​ရာ​ရာ၌ ငါ​ရ​တတ်၏။ ဥ​စ္စာ ကြွယ်​ဝ၏။ မွှေး​ကြိုင်​သော​အ​နံ့​နှင့် ပြည့်​စုံ၍၊ ဘု​ရား​သ​ခင် နှစ်​သက်​အား​ရ​တော်​မူ​သော ယဇ်​တည်း​ဟူ​သော သင်​တို့ ပေး​လိုက်​သော​အ​ရာ​တို့​ကို ဧ​ပ​ဖြော​ဒိတ်​လက်​မှ ငါ​ခံ​ရ​သည်​ဖြစ်၍ ကြွယ်​ဝ​လျက်​ရှိ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ