တောလည် 15:24Judson Bibleပရိသတ်အပေါင်းတို့သည် မသိဘဲသတိလစ်၍ မှားယွင်းခြင်းသို့ရောက်လျှင်၊ ပရိသတ်အပေါင်းတို့သည် ထာဝရဘုရားအဖို့ မွှေးကြိုင်သောအနံ့ရှိစေခြင်းငှာ၊ ထုံးဖွဲ့သောထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာပူဇော်သကာနှင့်တကွ၊ အသက်ပျိုသောနွားထီးဖြင့် မီးရှို့ရာယဇ်ကိုလည်းကောင်း၊ ဆိတ်ဖြင့် အပြစ်ဖြေရာယဇ်ကိုလည်းကောင်း ပူဇော်ရကြမည်။ အခန်းကိုကြည့်ပါ။ |
သိမ်းသွားခြင်းကိုခံရသော လူစုထဲက ထွက်လာသော သူတို့သည်လည်း၊ ဣသရေလအမျိုးများတို့အဖို့ နွား တစ်ဆယ်နှစ်ကောင်၊ သိုးထီး ကိုးဆယ်ခြောက်ကောင်၊ သိုးသငယ် ခုနစ်ဆယ်ခုနစ်ကောင်၊ အပြစ်ဖြေရာယဇ်ဖို့ ဆိတ် တစ်ဆယ်နှစ်ကောင်တို့ကို၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားအား မီးရှို့ရာယဇ်ကို ပူဇော်ကြ၏။
တစ်စုံတစ်ယောက်သောသူသည် တရားကိုမသိ၊ ထာဝရဘုရားနှင့် ဆိုင်သောအရာတို့၌ လွန်ကျူးပြစ်မှားမိလျှင်၊ ထိုပြစ်မှားခြင်းအတွက် ဒုစရိုက်ဖြေရာယဇ်တည်းဟူသော အပြစ်မပါသောသိုးထီးကိုလည်းကောင်း၊ အကျပ်တော်အလိုက် ချင့်တွက်၍ ချိန်သောအလျော်ငွေကိုလည်းကောင်း၊ ထာဝရဘုရားအထံတော်သို့ ဆောင်ခဲ့ရမည်။