ထာဝရဘုရားသည် မောရှေကိုမှာထားသောနေ့မှစ၍၊ မောရှေအားဖြင့် သင်တို့၌ထားတော်မူသောပညတ်၊
မိမိမှားယွင်းခြင်းကို အဘယ်သူသည် နားလည်နိုင်သနည်း။ မထင်ရှားသောဒုစရိုက်အပြစ်နှင့် အကျွန်ုပ်ကို ကင်းစင်စေ၍၊
မင်းသည်လည်း တရားကိုမသိ၊ မိမိဘုရားသခင် ထာဝရဘုရား၏ ပညတ်တော်ကို လွန်ကျူးပြစ်မှား၍ မပြုအပ်သောအမှုကို ပြုမိသဖြင့် အပြစ်ရောက်လျှင်၊
ဆင်းရဲသားတစ်စုံတစ်ယောက်သည် တရားကိုမသိ၊ ထာဝရဘုရား၏ ပညတ်တော်ကို လွန်ကျူးပြစ်မှား၍၊ မပြုအပ်သောအမှုကိုပြုမိသဖြင့် အပြစ်ရောက်လျှင်၊
ထိုသို့ယဇ်ပုရောဟိတ်သည်၊ ထိုသူပြစ်မှားမိသော အပြစ်တစ်စုံတစ်ခုအတွက် အပြစ်ဖြေခြင်းကိုပြုလျှင်၊ သူ၏အပြစ်လွတ်လိမ့်မည်။ ကြွင်းသောအရာသည် ဘောဇဉ်ပူဇော်သကာကဲ့သို့၊ ယဇ်ပုရောဟိတ်အဖို့ဖြစ်သည်ဟု မောရှေအားမိန့်တော်မူ၏။
သင်တို့အမျိုးအစဉ်အဆက်တို့သည်၊ အဦးနယ်သောမုန့်စိမ်းထဲက ချီမြှောက်ရာပူဇော်သကာကို ထာဝရဘုရားအား ဆက်ရကြမည်။
သင်တို့အမျိုးအစဉ်အဆက်၌ ထားတော်မူလတ္တံ့သော ပညတ်အလုံးစုံတို့ကို သင်တို့သည်မစောင့်၊ မှားယွင်းခြင်းသို့ ရောက်ကြသည်အမှုမှာ၊
သခင်၏အလိုကို မသိဘဲလျက်၊ ဒဏ်ခံထိုက်သောအမှုကို ပြုမိသောသူမူကား၊ အနည်းငယ်သော ဒဏ်ကိုသာ ခံရ၏။ အကြင်သူ သည် များစွာသောကျေးဇူးကိုခံရ၏။ ထိုသူသည် အများကိုဆပ်ရ၏။ အကြင်သူ၌ များစွာသောဥစ္စာကို အပ်နှင်း၏။ ထိုသူကို များစွာတောင်းလိမ့်မည်။