သင်တို့အမျိုးအစဉ်အဆက်တို့သည်၊ အဦးနယ်သောမုန့်စိမ်းထဲက ချီမြှောက်ရာပူဇော်သကာကို ထာဝရဘုရားအား ဆက်ရကြမည်။
လေဝိသားတို့သည် ဆယ်ဖို့တစ်ဖို့ကို ခံယူသောအခါ၊ အာရုန်အမျိုး ယဇ်ပုရောဟိတ်ရှိရမည်။ လေဝိသားတို့သည်လည်း ဆယ်ဖို့တစ်ဖို့ထဲက ဆယ်ဖို့တစ်ဖို့ကို နုတ်ယူ၍ ဗိမာန်တော်အခန်း ဘဏ္ဍာတိုက်ထဲသို့ သွင်းရကြမည်။
သင်၏မြေ၌ အဦးသီးသောအသီးအနှံ အကောင်းဆုံးကို၊ သင်၏ဘုရားသခင် ထာဝရဘုရား၏အိမ်တော်ထဲသို့ ဆောင်သွင်းရမည်။ ဆိတ်သငယ်ကို အမိနို့ရည်နှင့် မပြုတ်မချက်ရ။
ထိုရင်ပတ်၊ ပခုံးတို့သည် ထာဝရပညတ်တော်အတိုင်း၊ ဣသရေလအမျိုးသားလှူသော အာရုန်၏အဖို့၊ သူ့သားတို့၏အဖို့ဖြစ်ရမည်။ ဣသရေလအမျိုးသားပြုသော မိတ်သဟာယယဇ်ထဲက၊ ထာဝရဘုရားရှေ့တော်၌ ချီမြှောက်၍၊ ချီမြှောက်ရာပူဇော်သကာဖြစ်၏။
အဦးသီးသော အသီးအမျိုးမျိုးနှင့်၊ ချီးမြှောက်ရာ ပူဇော်သကာအလုံးစုံတို့ကို ယဇ်ပုရောဟိတ်သည် သိမ်းယူရမည်။ သူသည်သင့်အိမ်၌ ကောင်းကြီးမင်္ဂလာကို သက်ရောက်စေခြင်းငှာ၊ အဦးနယ်သော မုန့်စိမ်းကို သူ၌လှူရမည်။
သင်တို့၏ဘုရားသခင်ထံတော်သို့ ပူဇော်သကာကိုဆောင်ခဲ့သောနေ့ မရောက်မီ၌ မုန့်၊ ဆန်လှော်၊ စိမ်းသောအသီးအနှံကို မစားရ။ သင်တို့နေရာအရပ်ရပ်၌ သင်တို့အမျိုးအစဉ်အဆက်စောင့်ရသော ပညတ်တော်ဖြစ်သတည်း။
အဦးနယ်သောမုန့်စိမ်းဖြင့် လုပ်သောမုန့်ပြားကို ချီမြှောက်ရာပူဇော်သကာပြု၍ ကောက်နယ်တလင်းထဲက ချီမြှောက်ရာပူဇော်သကာကို ပြုသကဲ့သို့ ချီမြှောက်ရမည်။
ထာဝရဘုရားသည် မောရှေကိုမှာထားသောနေ့မှစ၍၊ မောရှေအားဖြင့် သင်တို့၌ထားတော်မူသောပညတ်၊
သင်တို့အမွေခံစရာငါပေးသော ဣသရေလအမျိုးသားတို့၏ ဥစ္စာဆယ်ဖို့တစ်ဖို့ကို သင်တို့သည်ခံယူသောအခါ၊ ထိုအဖို့ကို ဆယ်ဖို့ဖို့ပြန်၍ တစ်ဖို့ကိုထာဝရဘုရားအား ပူဇော်သကာပြုရကြမည်။