တစ်ဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့ကို ဆင့်ဆိုရမည်မှာ၊
ပွဲခံ၍ ပရိသတ်စည်းဝေးရာကာလ၌ ဘောဇဉ်ပူဇော်သကာဖို့၊ နွားတစ်ကောင်နှင့် မုန့်ညက်တစ်ဧဖာ၊ သိုးတစ်ကောင်နှင့် တစ်ဧဖာ၊ သိုးသငယ်နှင့် အလိုရှိသမျှကိုလည်းကောင်း၊ မုန့်ညက်တစ်ဧဖာနှင့် ဆီတစ်ဟိန်ကိုလည်းကောင်း ပူဇော်ရမည်။
ထိုအခါတောင်ပေါ်မှာရှိနှင့်သော အာမလက်အမျိုးသားနှင့် ခါနာန်အမျိုးသားတို့သည် ဆင်းလာလျက်၊ ဣသရေလအမျိုးသားတို့ကို တိုက်၍အောင်သဖြင့် ဟောမာမြို့တိုင်အောင် လိုက်ကြလေ၏။
သင်တို့နေရာဖြစ်သော ငါပေးသောပြည်သို့ ရောက်၍နေကြသောအခါ
ဆီရောသောမုန့်ညက်နှင့်လုပ်သောမုန့်ပြား၊ ဆီလူးသော တဆေးမဲ့ မုန့်ကြွပ်တည်းဟူသော တဆေးမဲ့မုန့်တစ်တောင်း၊ ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာပူဇော်သကာကို ထာဝရဘုရားအားဆက်ရမည်။