ဣသရေလအမျိုးသားအပေါင်းတို့အား ခေါ်လျက်၊ ငါတို့လျှောက်သွား၍ စူးစမ်းသောပြည်သည် အလွန်တရာကောင်းသောပြည် ဖြစ်ပါ၏။
မောရှေအားလည်း၊ အကျွန်ုပ်တို့သည် ကိုယ်တော်စေလွှတ်သော ပြည်သို့ရောက်ခဲ့ပါပြီ။ အကယ်စင်စစ် ထိုပြည်သည် နို့နှင့်ပျားရည်စီးသော ပြည်ဖြစ်ပါ၏။ ဤအသီးတို့ကား ထိုပြည်၌သီးသောအသီး ဖြစ်ပါ၏။
ကာလက်ကလည်း ချက်ချင်းချီသွား၍ ထိုပြည်ကိုသိမ်းယူကြစို့။ အောင်နိုင်ကောင်းသည်ဟုဆို၍ မောရှေရှေ့မှာ လူများတို့ကိုငြိမ်းစေ၏။
ခါနာန်ပြည်ကို စူးစမ်းသောလူစုထဲက နုန်၏သားယောရှု၊ ယေဖုန္နာ၏သားကာလက်တို့သည် မိမိတို့အဝတ်ကိုဆုတ်၍၊
ထိုပြည်၌ရသော သစ်သီးကိုထမ်း၍ ဆောင်ခဲ့လျက်၊ ငါတို့ဘုရားသခင် ထာဝရဘုရားပေးတော်မူသောပြည်သည် ကောင်းသောပြည်ဖြစ်၏ဟု ကြားပြောကြသော်လည်း၊
သူတို့က၊ ထ၍ သွားတိုက်ကြကုန်အံ့၊ ထိုပြည်သည် ကောင်းမွန်သော ပြည်ဖြစ်သည်ကို ငါတို့မြင်ပြီ။ ငြိမ်ဝပ်စွာ နေကြသေးသလော။ ထိုပြည်ကို သိမ်းယူဝင်စားခြင်းငှာ မဖင့်နွှဲကြနှင့်။