သူတို့သည် ခိုင်ခံ့သောစိတ်နှင့် တောင်ထိပ်ထက်သို့ တစ်ဖန်တက်ကြ၏။ သို့ရာတွင်၊ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်နှင့်တကွ၊ မောရှေသည် တပ်ပြင်သို့မထွက်မသွားဘဲ နေလေ၏။
ဣသရေလအမျိုးသားတို့သည် ထာဝရဘုရား၏ တောင်တော်မှထွက်၍၊ သုံးရက်ကွာသောခရီးကို သွားကြ၏။ ထိုသုံးရက်ကွာသောခရီးကို သွားကြစဉ်၊ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာသည် သူတို့အဖို့ စခန်းချရာအရပ်ကိုရှာ၍ သူတို့ရှေ့ကသွားလေ၏။
အာမလက်အမျိုးသားနှင့် ခါနာန်အမျိုးသားတို့သည် သင်တို့မရောက်မီ ရောက်နှင့်သည်ဖြစ်၍၊ သင်တို့သည် ဓားဖြင့်ဆုံးကြလိမ့်မည်။ ထာဝရဘုရားထံတော်မှ လွှဲသွားသောကြောင့် ထာဝရဘုရားသည် သင်တို့ဘက်၌ နေတော်မမူဟု ဆိုသော်လည်း၊
ဣသရေလအမျိုးသားဖြစ်စေ၊ တစ်ပါးအမျိုးသားဖြစ်စေ၊ ရဲရင့်စွာပြစ်မှားလျှင်၊ ထာဝရဘုရားကို မရိုသေရာသို့ ရောက်သည်ဖြစ်၍၊ ထိုသူကို သူ၏အမျိုးမှပယ်ရှင်းရမည်။
မောရှေသည်ထိုသူတို့ကိုလည်းကောင်း၊ သန့်ရှင်းသောလက်နက်နှင့်တကွ၊ မှုတ်ရာတံပိုးတို့ကိုကိုင်သော ယဇ်ပုရောဟိတ်ဧလာဇာသား ဖိနဟတ်ကိုလည်းကောင်း စစ်ချီစေ၏။
ငါဆင့်ဆိုသော်လည်း သင်တို့သည်နားမထောင်၊ ထာဝရဘုရား၏အမိန့်တော်ကိုငြင်းဆန်၍ ခိုင်ခံ့သောစိတ်နှင့် တောင်ပေါ်သို့တက်ကြ၏။