Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 14:41

Judson Bible

မော​ရှေ​က၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို အ​ဘယ်​ကြောင့် လွန်​ကျူး​ကြ​သ​နည်း။ သင်​တို့​အ​ကြံ မ​ထ​မြောက်​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

တစ်​ဖန်​ဘု​ရား​သ​ခင်၏​ဝိ​ညာဉ်​တော်​သည် ယဇ်​ပု​ရော​ဟိတ်​ယော​ယ​ဒ​သား ဇာ​ခ​ရိ​အ​ပေါ်​မှာ သက်​ရောက်၍၊ သူ​သည် ပ​ရိ​သတ်​အ​လယ်၊ မြင့်​သော​အ​ရပ်၌ ရပ်​လျက်၊ ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် ကိုယ်​အ​ကျိုး​ကို ပျက်​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား၏​ပ​ညတ်​တော်​တို့​ကို အ​ဘယ်​ကြောင့် လွန်​ကျူး​ကြ​သ​နည်း။ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို စွန့်​သော​ကြောင့်၊ သင်​တို့​ကို​လည်း စွန့်​တော်​မူ​ပြီ​ဟု မြွက်​ဆို၏။

ဘု​ရား​သ​ခင် မှုတ်​တော်​မူ​သ​ဖြင့်၊ ထို​သူ​တို့​သည်​ပျက်​စီး၍၊ ရှူ​တော်​မူ​သော အ​သက်​ဖြင့်​လည်း ဆုံး​ရှုံး​ရ​ကြ၏။

သင်​သည် မိ​မိ​လက်​ကို မိ​မိ​ခေါင်း​ပေါ်​မှာ​တင်​လျက်၊ ထို​ပြည်​မှ အ​မှန်​ထွက်​သွား​ရ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သင်​ခို​လှုံ​သော​အ​ရာ​တို့​ကို ထာ​ဝ​ရ​ဘု​ရား​သည်​ပယ်​တော်​မူ​သော​ကြောင့်၊ ခို​လှုံ၍ အ​ကျိုး​ကို မ​ရ​နိုင်​ရာ။

ဇေ​ဒ​ကိ​ကို​လည်း ဗာ​ဗု​လုန်​မြို့​သို့ ဆောင်​သွား​လိမ့်​မည်။ ငါ​အ​ကြည့်​အ​ရှု မ​လာ​မီ​တိုင်​အောင်၊ ထို​မြို့၌ နေ​ရ​လိမ့်​မည်။ သင်​တို့​သည် ခါ​လ​ဒဲ​လူ​တို့​ကို စစ်​တိုက်၍ မ​နိုင်​ရ​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ကြောင်း​ကို၊ သင်​သည် အ​ဘယ်​ကြောင့် ပ​ရော​ဖက်​ပြု၍ ဟော​သ​နည်း​ဟု​ဆို၍ ထောင်​ထဲ​မှာ​လှောင်​ထား​သ​တည်း။

အာ​မ​လက်​အ​မျိုး​သား​နှင့် ခါ​နာန်​အ​မျိုး​သား​တို့​သည် ချိုင့်​မှာ​နေ​ကြ​သည်​ဖြစ်၍ သင်​တို့​သည် နက်​ဖြန်​နေ့၌​လှည့်​လည်၍ ဧ​ဒုံ​ပင်​လယ်​လမ်း​ဖြင့် တော​သို့​သွား​ကြ​လော့​ဟု မိန့်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ တက်၍​မ​တိုက်​ကြ​နှင့်။ သင်​တို့​ဘက်၌ ငါ​မ​ရှိ။ တိုက်​လျှင် ရန်​သူ​ရှေ့​မှာ ရှုံး​ရ​ကြ​လိမ့်​မည်​ဟု သင်​တို့​အား​ဆင့်​ဆို​ရ​မည်​အ​ကြောင်း၊ ငါ့​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊

သို့​ဖြစ်၍ သင်​သည် ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​မ​ထောင်​ဘဲ၊ ရန်​သူ၏​ဥ​စ္စာ​ကို လု​ယူ၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဤ​ဒု​စ​ရိုက်​ကို အ​ဘယ်​ကြောင့်​ပြု​ဘိ​သ​နည်း​ဟု ပြော​ဆို​သော်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ