Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 14:34

Judson Bible

ထို​ပြည်​ကို စူး​စမ်း​ရာ​နေ့​ရက်​ပေါင်း အ​ရက်​လေး​ဆယ်​နှင့်​အ​ညီ၊ တစ်​ရက်​ကို တစ်​နှစ်​ထား၍ အ​နှစ်​လေး​ဆယ်​ပတ်​လုံး ကိုယ်​အ​ပြစ်​ကို​ဆောင်​လျက်၊ ငါ့​စွန့်​ပစ်​ခြင်း​ကို သိ​ရ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

26 ပူးပေါင်းရင်းမြစ်များ  

က​တိ​တော်​ရှိ​သ​မျှ​အ​တိုင်း မိ​မိ​လူ​ဣ​သ​ရေ​လ​အ​မျိုး​ကို ငြိမ်​ဝပ်​စေ​ခြင်း​ငှာ စီ​ရင်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ မိ​မိ​ကျွန်​မော​ရှေ​အား​ဖြင့် ထား​တော်​မူ​သော က​တိ​တော်​ကောင်း တစ်​ခွန်း​မျှ​မ​ပျက်၊

ထို​သို့ ဣ​သ​ရေ​လ​မြေ​သည် ဥ​ပုသ်​နေ့​တို့​ကို မွေ့​လျော်​စေ​ခြင်း​ငှာ၊ ယေ​ရ​မိ​ဆင့်​ဆို​သော ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​သည် ပြည့်​စုံ​ရ၏။ ထို​ပြည်​သည် လူ​ဆိတ်​ညံ​လျက်​နေ​သော ကာ​လ၊ အ​နှစ်​ခု​နစ်​ဆယ်​စေ့​အောင် ဥ​ပုသ်​နေ့​တို့​ကို စောင့်​သော​အ​ခွင့် ရှိ​သ​တည်း။ ရာ​ဇ​ဝင်​ချုပ်​ဒု​တိ​ယ​စောင်​ပြီး၏။

အ​ကြောင်း​မူ​ကား၊ မိ​မိ​ကျွန်​အာ​ဗြ​ဟံ၌ ထား​ခဲ့​ဖူး​သော သန့်​ရှင်း​သော က​တိ​တော်​ကို အောက်​မေ့​တော်​မူ၏။

အ​ကျွန်ုပ်​ပြု​မိ​သော ဒု​စ​ရိုက်​တို့​သည် အ​ကျွန်ုပ်​ခေါင်း​ကို လွှမ်း​မိုး၍၊ လေး​သော​ဝန်​ကဲ့​သို့ အ​ကျွန်ုပ်​မ​ထမ်း​နိုင်​အောင် လေး​ကြ​ပါ၏။

က​ရု​ဏာ​တော်​သည် အ​စဉ်​ကုန်​ပြီ​လော။ က​တိ​တော်​လည်း ကာ​လ​အ​စဉ်​အ​ဆက် ပျက်​လိမ့်​မည်​လော။

ထို​လူ​မျိုး​ကို ငါ​ရွံ​သည်​ဖြစ်၍၊ သူ​တို့​သည် စိတ်​သ​ဘော မှား​ယွင်း​တတ်​သော​လူ​မျိုး​ဖြစ်​ကြ၏။ ငါ၏​အ​လေ့​အ​လာ​တို့​ကို နား​မ​လည်​ကြ​ဟု ငါ​ဆို​ရ၏။

သူ​တို့​သည်​လည်း အ​ပြစ်​နှင့်​အ​လျောက် ဒဏ်​ခံ​ရ​ကြ​မည်။ ပ​ရော​ဖက်​ခံ​ရ​သော​ဒဏ်​သည် ပ​ရော​ဖက်​ကို ဆည်း​ကပ်​သော​သူ ခံ​ရ​သော​ဒဏ်​နှင့် တူ​ရ​လိမ့်​မည်။

သို့​ဖြစ်၍၊ သင်​သည် ငါ့​ကို​မေ့​လျော့၍၊ သင့်​ကျော​နောက်​သို့ ငါ့​ကို​ပစ်​လိုက်​သော​ကြောင့်၊ သင်​သည် အ​ဓ​မ္မ​အ​မှု​နှင့် မ​တ​ရား​သော မေ​ထုန်​အ​မှု၏​အ​ပြစ်​ကို​ခံ​လော့​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အ​ကြောင်း​မူ​ကား၊ အ​ရက်​သုံး​ရာ​ကိုး​ဆယ် အ​ရေ​အ​တွက်​အ​တိုင်း၊ သူ​တို့​အ​ပြစ်​နှင့်​ယှဉ်​သော နှစ်​ပေါင်း​ကို သင်၏​အ​ပေါ်၌ ငါ​တင်​ထား​ပြီ။ ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး၏​အ​ပြစ်​ကို သင်​သည်​ခံ​ရ​မည်။

ထို​နေ့​ရက်​စေ့​ပြီး​မှ၊ တစ်​ဖန် လက်​ယာ​နံ​စောင်း​ဖြင့် အိပ်၍၊ အ​ရက်​လေး​ဆယ်​ပတ်​လုံး ယု​ဒ​အ​မျိုး၏​အ​ပြစ်​ကို ခံ​ဦး​လော့။ နှစ်​အ​စား၌ ရက်​ကို​ငါ​ထား​ပြီ။

လွန်​ကျူး​ခြင်း​အ​မှု​ကို ဆီး​တား၍ အ​ပြစ်​ကို တံ​ဆိပ်​ခတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဒု​စ​ရိုက်​အ​ပြစ်​ကို ဖြေ​ရှင်း၍ ထာ​ဝ​ရ​ကု​သိုလ်​ကို သွင်း​စေ​ခြင်း​ငှာ​လည်း​ကောင်း ဗျာ​ဒိတ်​ရူ​ပါ​ရုံ​နှင့် အ​နာ​ဂ​တ္တိ​ဗျာ​ဒိတ်​တော်​တို့​ကို တံ​ဆိပ်​ခတ်၍၊ အ​လွန်​သန့်​ရှင်း​သော အ​ရပ်​ဌာ​န​ကို လိမ်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သီ​တင်း​ခု​နစ်​ဆယ်​ကို သင်၏ အ​မျိုး​သား​ချင်း​အ​ဖို့​နှင့် သင်၏ သန့်​ရှင်း​သော​မြို့​အ​ဖို့ ဆုံး​ဖြတ်​ခြင်း​ရှိ၏။

သား​သ​မီး​တို့​ကို ကျွေး​မွေး​သော်​လည်း၊ တစ်​ယောက်​ကို​မျှ မ​ကျန်​စေ​ခြင်း​ငှာ ငါ​လု​ယူ​မည်။ အ​ကယ်၍ သူ​တို့​ကို ငါ​စွန့်​ပစ်​သော​အ​ခါ အ​မင်္ဂ​လာ​ရှိ​ကြ​လိမ့်​မည်။

အ​ဘ၏​နှ​မ၊ အ​မိ၏​ညီ​မ​နှင့် မ​သင့်​မ​နေ​ရ။ ထို​သို့​သော​ပေါက်​ဖော်​ရင်း​နှင့် သင့်​နေ​သော​သူ​တို့​သည် မိ​မိ​အ​ပြစ်​ကို​ခံ​ရ​ကြ​မည်။

ခပ်​သိမ်း​သော​လူ​မျိုး​တို့​နှင့် အ​ရင်​ဖွဲ့​သော ပ​ဋိ​ညာဉ်​ကို ဖျက်​လို၍၊ ကျေး​ဇူး​အ​မည်​ရှိ​သော ငါ၏​တောင်​ဝှေး​ကို ယူ၍ ချိုး၏။

အ​ရက်​လေး​ဆယ်​လွန်​မှ ခါ​နာန်​ပြည်​ကို​စူး​စမ်း​သော​အ​မှု ပြီး၍ ပြန်​လာ​ကြ၏။

လေ​ဝိ​သား​တို့​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​အ​မှု​ကို​ဆောင်​ရွက်၍၊ ကိုယ်​အ​ပြစ်​ကို ကိုယ်​ခံ​ရ​ကြ​မည်။ သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​ရော၍ အ​မွေ​မ​ခံ​ရ​ကြ​ဟု သင်​တို့​အ​မျိုး​အ​စဉ်​အ​ဆက် စောင့်​ရ​သော ပ​ညတ်​ဖြစ်​သ​တည်း။

ထို​သို့ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဆိုး​သော​အ​မှု​ကို​ပြု​သော လူ​အ​ပေါင်း​တို့​သည် မ​ပျက်​စီး​မီ​တိုင်​အောင်၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အ​မျက်​ထွက်၍ အ​နှစ်​လေး​ဆယ်​ပတ်​လုံး တော၌​လှည့်​လည်​စေ​တော်​မူ၏။

အ​နှစ်​လေး​ဆယ်​မျှ​လောက်​သော ကာ​လ​ပတ်​လုံး တော၌ ကျွေး​မွေး​တော်​မူ၏။-

သင်​တို့​ပြု​လေ​ရာ​ရာ၌ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ကောင်​ချီး​ပေး​တော်​မူ​ပြီ။ ဤ​တော​ကြီး၌ သင်​တို့​လှည့်​လည်​သော အ​ကြောင်း​အ​ရာ​တို့​ကို သိ​တော်​မူ၏။ အ​နှစ်​လေး​ဆယ်​ပတ်​လုံး သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​သည်​ဖြစ်၍၊ သင်​တို့၌​ဘာ​မျှ​မ​လို​ဟု ဆင့်​ဆို​ရ၏။

ထို​ကြောင့်၊ ဘု​ရား​သ​ခင်၏ ချမ်း​သာ​ထဲ​သို့ ဝင်​ရ​သော​အ​ခွင့်​ကို ပေး​သော က​တိ​တော်​သည် ငါ​တို့၌​ရှိ​ရစ်​လျက်​နှင့်၊ သင်​တို့​တွင် အ​ချို့​တို့​သည် မ​မီ​ဘဲ​နေ​မည်​ကို စိုး​ရိမ်​ကြ​ကုန်​အံ့။-

ဣ​သ​ရေ​လ​အ​မျိုး​သည် တော၌​လှည့်​လည်​စဉ်​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် ထို​သို့​မော​ရှေ​အား မိန့်​တော်​မူ​သော​နေ့​မှ​စ၍ ယ​ခု​တိုင်​အောင် အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း၊ အ​နှစ်​လေး​ဆယ်​ငါး​နှစ်​ပတ်​လုံး အ​ကျွန်ုပ်​အ​သက်​ကို ရှင်​စေ​တော်​မူ​သ​ဖြင့်၊ ယ​နေ့​မှာ အ​ကျွန်ုပ်​သည် အ​သက်​ရှစ်​ဆယ်​ငါး​နှစ်​ရှိ​ပါ​ပြီ။

ငါ၏​သက်​သေ​ခံ​နှစ်​ပါး​ကို ငါ​အ​ခွင့်​ပေး​မည်။ သူ​တို့​သည် လျှော်​တေ​အ​ဝတ်​ကို ဝတ်​လျက်၊ အ​ရက် တစ်​ထောင်​နှစ်​ရာ​ခြောက်​ဆယ်​ပတ်​လုံး ပ​ရော​ဖက်​ပြု​ကြ​လိမ့်​မည်။-

ထို​သို့​ပြု​သော​ကြောင့်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင့်​အ​မျိုး၊ သင့်​အ​ဘ၏​အ​မျိုး​သည် ငါ့​ရှေ့​မှာ​အ​စဉ် သွား​လာ​ရ​လိမ့်​မည်​ဟု ငါ​ဆို​မိ​သော်​လည်း၊ တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​က​တိ​သည် ငါ​နှင့်​ဝေး​ပါ​စေ။ ငါ့​ကို ချီး​မြှောက်​သော သူ​တို့​ကို ငါ​ချီး​မြှောက်​မည်။ ငါ့​ကို မ​ထီ​မဲ့​မြင်​ပြု​သော သူ​တို့​သည် ဂုဏ်​အ​သ​ရေ​ပျက်​ရ​ကြ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ