Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 14:12

Judson Bible

သူ​တို့​ကို ကာ​လ​နာ​ဘေး​ဖြင့် ငါ​သည်​ဒဏ်​ခတ်၍ သား၏​အ​ရာ​ကို​နုတ်​မည်။ သူ​တို့​ထက် သင့်​ကို​သာ၍​စည်​ပင်​သော​အ​မျိုး၊ သာ၍​တန်​ခိုး​ကြီး​သော​အ​မျိုး ဖြစ်​စေ​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

နောက်​တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို အ​မျက်​ထွက်​တော်​မူ​လျှင်၊ စာ​တန်​သည် ရန်​ဘက်​ပြု၍ ဣ​သ​ရေ​လ​လူ​နှင့် ယု​ဒ​လူ​တို့​ကို ရေ​တွက်​စေ​ခြင်း​ငှာ ဒါ​ဝိဒ်​ကို​တိုက်​တွန်း​လေ၏။

သို့​ဖြစ်၍ ငါ့​ကို​ရှိ​စေ​တော့။ ငါ​သည် အ​မျက်​ပြင်း​စွာ​ထွက်၍ သူ​တို့​ကို​ဖျက်​ဆီး​မည်။ သင့်​ကို​ကား ကြီး​သော​အ​မျိုး​ဖြစ်​စေ​မည်​ဟူ၍​လည်း​ကောင်း၊ မော​ရှေ​အား​မိန့်​တော်​မူ၏။

သူ​တို့​က​လည်း၊ ဟေ​ဗြဲ​လူ​တို့၏​ဘု​ရား​သ​ခင်​သည် ကျွန်​တော်​တို့​နှင့် တွေ့​တော်​မူ​ပြီ။ တော​သို့​သုံး​ရက်​ခ​ရီး​သွား၍၊ ကျွန်​တော်​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​ပူ​ဇော်​ရ​သော​အ​ခွင့်​ကို​ပေး​တော်​မူ​ပါ။ သို့​မ​ဟုတ် ကာ​လ​နာ​ဘေး၊ ဓား​ဘေး​တစ်​စုံ​တစ်​ခု​ဖြင့် ကျွန်​တော်​တို့​ကို ဒဏ်​ခတ်​တော်​မူ​လိမ့်​မည်​ဟု လျှောက်​ဆို၏။

သို့​ရာ​တွင်၊ ဣ​သ​ရေ​လ​အ​မျိုး​သည် တော၌​ငါ့​ကို ပုန်​ကန်​ကြ၏။ ကျင့်​သော​သူ၌ အ​သက်​ရှင်​စ​ရာ​အ​ကြောင်း​ဖြစ်​သော ငါ၏​စီ​ရင်​ထုံး​ဖွဲ့​ချက်​ကို မ​စောင့်​ရှောက်၊ မ​ထီ​မဲ့​မြင်​ပြု၍ ငါ၏​ဥ​ပုသ်​နေ့​တို့​ကို အ​လွန်​ရှုတ်​ချ​ကြ၏။ ထို​အ​ခါ သူ​တို့​ကို​ဖျက်​ဆီး​ခြင်း​ငှာ၊ တော၌​သူ​တို့​အ​ပေါ်​သို့ ငါ့​အ​မျက်​အ​ရှိန်​ကို သွန်း​လောင်း​မည်​ဟု အ​ကြံ​ရှိ၏။

ငါ့​ပ​ဋိ​ညာဉ်​ဘက်၌​နေ၍၊ တ​ရား​စီ​ရင်​ရ​သော​ဓား​ဘေး​ကို သင်​တို့​အ​ပေါ်​မှာ ငါ​သက်​ရောက်​စေ​မည်။ သင်​တို့​သည်​မြို့​ထဲ၌၊ စု​ဝေး​သော​အ​ခါ၊ ကာ​လ​နာ​ဘေး​ကို ငါ​စေ​လွှတ်၍၊ ရန်​သူ​လက်​သို့​ရောက်​စေ​မည်။

ထို​ဘေး​ဖြင့် သေ​သော​လူ​ပေါင်း​ကား၊ နှစ်​သောင်း​လေး​ထောင် ရှိ​သ​တည်း။

သင်​သွား၍ ဝင်​စား​လ​တ္တံ့​သော​ပြည်​မှ သုတ်​သင်​ပယ်​ရှင်း​တော်​မ​မူ​မီ တိုင်​အောင်၊ ကာ​လ​နာ​ကို သင်၌​စွဲ​စေ​တော်​မူ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ