Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 13:28

Judson Bible

သို့​ရာ​တွင် ပြည်​သူ​ပြည်​သား​တို့​သည် အား​ကြီး​ပါ၏။ ခိုင်​ခံ့​သော​မြို့​ကြီး​နှင့် နေ​ကြ​ပါ၏။ ထို​မျှ​မ​က အာ​န​က​အ​မျိုး​သား​တို့​ကို​လည်း မြင်​ရ​ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ရေ​ဖိမ်​အ​မျိုး ဣ​ရှ​ဗိ​ဗေ​နုပ်​သည် အ​ချိန်​သုံး​ပိဿာ​ရှိ​သော ကြေး​ဝါ​လှံ​ကို​ကိုင်၍၊ အ​သစ်​သော စစ်​တန်​ဆာ​ကို ဝတ်​ဆင်​လျက် ဒါ​ဝိဒ်​ကို သတ်​မည်​ဟု​ကြံ​လေ၏။

ကိုယ်​ကြီး​သော​လူ​အ​မျိုး​အ​နွယ်၊ အာ​န​က​အ​မျိုး​အ​နွယ်​ဖြစ်၍ အ​လွန်​ကြီး​မား​သော​သူ​တို့​ကို​လည်း မြင်​ခဲ့​ကြ​ပြီ။ သူ​တို့​ရှေ့​မှာ ငါ​တို့​သည် ကိုယ်​အ​ထင်​အ​တိုင်း နှံ​ကောင်​ကဲ့​သို့​ဖြစ်​ကြ​သည်​ဟူ၍​လည်း​ကောင်း၊ သူ​တို့​အ​ထင်​အ​တိုင်း​လည်း ထို​သို့​ဖြစ်​ကြ​သည်​ဟူ၍​လည်း​ကောင်း၊ မိ​မိ​တို့​စူး​စမ်း​သော​ပြည်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား မ​ကောင်း​သော​သ​တင်း​ကို ကြား​ပြော​ကြ​လေ၏။

ငါ​တို့​သည် အ​ဘယ်​သို့​သွား​ရ​မည်​နည်း။ ညီ​အစ်​ကို​တို့​က၊ ထို​ပြည်​သား​တို့​သည် ငါ​တို့​ထက်​သာ၍​ကြီး၏။ အ​ရပ်​လည်း​သာ၍​မြင့်၏။ မြို့​လည်း မိုး​ကောင်း​ကင်​သို့​ထိ​သော မြို့​ရိုး​လည်း​ရှိ၏။ ထို​ပြည်၌​လည်း၊ အာ​န​က​အ​မျိုး​သား​တို့​ကို မြင်​ရ၏​ဟု ငါ​တို့​စိတ်​ကို​ဖျက်​ကြ​ပြီ​ဟု သင်​တို့​သည် တဲ​များ၌​ဆန့်​ကျင်​ဘက်​ပြု​ကြ၏။

ထို​လူ​မျိုး​သည် အာ​န​က​အ​မျိုး​သား​ကဲ့​သို့ ကြီး​မြင့်​များ​ပြား​သော​လူ ဖြစ်​ကြ၏။ သို့​သော်​လည်း စိ​ရ​ပြည်၌​နေ​သော ဧ​သော​အ​မျိုး​သား​ရှေ့​မှာ ဟော​ရိ​လူ​တို့​ကို ထာ​ဝ​ရ​ဘု​ရား​ဖျက်​ဆီး​တော်​မူ​သ​ဖြင့်၊ သူ​တို့​နေ​ရာ၌ ဧ​သော​အ​မျိုး​သား​တို့​သည် ယ​နေ့​တိုင်​အောင်​နေ​ကြ​သ​ကဲ့​သို့၊ အ​မ္မုန်​အ​မျိုး​သား​တို့​ရှေ့​မှာ ဇံ​ဇု​မ္မိမ်​လူ​တို့​ကို သုတ်​သင်​ပယ်​ရှင်း​တော်​မူ​သ​ဖြ​င့်၊ သူ​တို့​နေ​ရာ၌ အ​မ္မုန်​အ​မျိုး​သား​တို့​သည် နေ​ကြ၏။

ထို​မြို့​ရှိ​သ​မျှ​တို့​သည် မြင့်​သော​မြို့​ရိုး၊ မြို့​တံ​ခါး​များ၊ ကန့်​လန့်​ကျင်​များ​နှင့် ခိုင်​ခံ့​သော​မြို့​ဖြစ်​သ​တည်း။ ထို​မှ​တစ်​ပါး များ​စွာ​သော​ရွာ​တို့​ကို​လည်း တိုက်​ယူ၍ ရှင်း​ရှင်း​ဖျက်​ဆီး​ကြ၏။

ဂါ​ဇ​မြို့၊ ဂါ​သ​မြို့၊ အာ​ဇုတ်​မြို့​မှ​တစ်​ပါး၊ ဣ​သ​ရေ​လ​တိုင်း​နိုင်​ငံ​တွင် ကျန်​ကြွင်း​သော အာ​န​က​လူ တစ်​ယောက်​မျှ​မ​ရှိ။

သို့​ဖြစ်၍ ထို​နေ့၌ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော ဤ​တောင်​ကို အ​ကျွန်ုပ်​အား​ပေး​ပါ။ ဤ​တောင်​ပေါ်​မှာ အာ​န​က​လူ​ရှိ​ကြောင်း​ကို​လည်း​ကောင်း၊ ကြီး​မား​ခိုင်​ခံ့​သော​မြို့​တို့​နှင့် ပြည့်​စုံ​ကြောင်း​ကို​လည်း​ကောင်း၊ ထို​နေ့၌ ကိုယ်​တော်​သည်​ကြား​ရ​ပြီ။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​နှင့် အ​တူ​ရှိ​တော်​မူ​လျှင်၊ အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း ထို​သူ​တို့​ကို​နှင်​ထုတ်​ခြင်း​ငှာ အ​ကျွန်ုပ်​တတ်​စွမ်း​နိုင်​ပါ​သည်​ဟု လျှောက်​ဆို၏။

ထို​မြို့​ထဲ​က ကာ​လက်​သည် အာ​န​က​သား​သုံး​ယောက်၊ ရှေ​ရှဲ၊ အ​ဟိ​မန်၊ တာ​လ​မဲ​တို့​ကို​နှင်​ထုတ်​သော​နောက်၊

မော​ရှေ​မှာ​ထား​သည်​အ​တိုင်း ဟေ​ဗြုန်​မြို့​ကို ကာ​လက်​အား​ပေး​ကြ၍၊ သူ​သည် အာ​န​က​သား​သုံး​ယောက်​တို့​ကို ထို​မြို့​မှ နှင်​ထုတ်​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ