Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 13:16

Judson Bible

ခါ​နာန်​ပြည်​ကို​စူး​စမ်း​စေ​ခြင်း​ငှာ မော​ရှေ​စေ​လွှတ်​သော သူ​တို့၏​အ​မည်​တည်း။ နုန်၏​သား​ဩ​ရှေ​ကို ယော​ရှု​ဟူ​သော​အ​မည်​ဖြင့် မော​ရှေ​မှည့်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

သူ၏​သား နုန်၊ သူ၏​သား ယော​ရှု​တည်း။

မော​ရှေ​က​လည်း၊ လူ​တို့​ကို​ရွေး၍ အာ​မ​လက်​လူ​တို့​ကို စစ်​တိုက်​ခြင်း​ငှာ ထွက်​လော့။ နက်​ဖြန်​နေ့၌ ဘု​ရား​သ​ခင်၏​လှံ​တံ​ကို​ကိုင်​လျက်၊ တောင်​ထိပ်​ပေါ်​မှာ ငါ​ရပ်​နေ​မည်​ဟု ယော​ရှု​အား​ဆို​၏။

ယု​ဒ​ရှင်​ဘု​ရင်​ဩ​ဇိ​မင်း၊ ယော​သံ​မင်း၊ အာ​ခတ်​မင်း၊ ဟေ​ဇ​ကိ​မင်း၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ယော​ရှ​သား ယေ​ရော​ဗောင်​မင်း​တို့​လက်​ထက်၊ ဗေ​ရိ၏​သား ဟော​ရှေ​သို့ ရောက်​လာ​သော ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော် အ​စ​အ​ဦး​ဟူ​မူ​ကား၊

ဂဒ်​အ​မျိုး မာ​ခိ​သား ဂွေ​လ​တည်း​ဟူ​သော၊

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ​ပေး​သော​ခါ​နာန်​ပြည်​ကို စူး​စမ်း​စေ​ခြင်း​ငှာ၊ အ​မျိုး​အ​နွယ်​အ​သီး​အ​သီး​ထဲ​က အ​ဆွေ​အ​မျိုး​သူ​ကြီး​ဖြစ်​သော​သူ တစ်​မျိုး​တစ်​ယောက်​စီ​ရွေး​ကောက်၍ စေ​လွှတ်​လော့​ဟု၊

ဧ​ဖ​ရိမ်​အ​မျိုး၊ နုန်​သား ဩ​ရှေ။

ငါ​သည် ဤ​မည်​သော​ပြည်၌ သင်​တို့​ကို​နေ​ရာ​ချ​မည်​ဟု ငါ​ကျိန်​ဆို၏။ ထို​ပြည်​သို့ ယေ​ဖု​န္နာ၏​သား​ကာ​လက်၊ နုန်၏​သား​ယော​ရှု​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ မ​ရောက်​ရ။

ခါ​နာန်​ပြည်​ကို စူး​စမ်း​သော​လူ​စု​ထဲ​က နုန်၏​သား​ယော​ရှု၊ ယေ​ဖု​န္နာ၏​သား​ကာ​လက်​တို့​သည် မိ​မိ​တို့​အ​ဝတ်​ကို​ဆုတ်၍၊

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဝိ​ညာဉ်​တော်​ကို​ရ​သော နုန်၏​သား​ယော​ရှု​ကို​ခေါ်၍၊ သင်၏​လက်​ကို သူ့​အ​ပေါ်​မှာ​တင်​လော့။

နောက်​ကျ​သော ငါ​တို့​အ​ဘ​များ​သည် ထို​တဲ​တော်​ကို တစ်​ပါး​အ​မျိုး​သား​တို့ ပိုင်​သော မြေ​ထဲ​သို့ ယော​ရှု​နှင့်​အ​တူ ဆောင်​သွင်း​ကြ၏။ ထို​တစ်​ပါး​အ​မျိုး​သား​တို့​ကို ဘု​ရား​သ​ခင်​သည် ဒါ​ဝိဒ်​မင်း​လက်​ထက်​တိုင်​အောင် ငါ​တို့​အ​ဘ​များ​ထံ​မှ နှင်​ထုတ်​တော်​မူ၏။-

ဟော​ရှေ၏​ကျမ်း​စာ၌ လာ​သည်​ကား၊ ငါ၏ လူ​မ​ဟုတ်​သော​သူ​ကို ငါ၏​လူ​ဟူ၍ ငါ​ခေါ်​မည်။ မ​ချစ်​သော သ​တို့​သ​မီး​ကို​လည်း အ​ချစ်​ဟူ၍ ငါ​ခေါ်​မည်။-

ဤ​သီ​ချင်း​စ​ကား​ကို မော​ရှေ​သည်​လာ၍ နုန်​သား​ယော​ရှု​နှင့်​အ​တူ လူ​များ​တို့​အား ဟော​ပြော​မြွက်​ဆို၏။

ယော​ရှု​သည် ထို​သူ​တို့​ကို ချမ်း​သာ​ပေး​သည် မှန်​လျှင်၊ ထို​နောက် အ​ခြား​သော​နေ့​ရက်​ကို အ​ဘယ်​ဆို​ဖွယ်​ရှိ​သ​နည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ