Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 12:13

Judson Bible

မော​ရှေ​က၊ အို ဘု​ရား​သ​ခင်၊ သူ၏​အ​နာ​ကို​ပျောက်​စေ​တော်​မူ​ပါ။ အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏​ဟု ထာ​ဝ​ရ​ဘု​ရား​အား အော်​ဟစ်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြ​ဟံ​သည်​လည်း၊ ဘု​ရား​သ​ခင်​ကို​ဆု​တောင်း၍၊ ဘု​ရား​သ​ခင်​သည် အ​ဘိ​မ​လက်​နှင့် သူ၏​မ​ယား၊ သူ၏​ကျွန်​မ​တို့​ကို​အ​နာ​ပျောက်​စေ​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် သား​ကို​ဖွား​ကြ​၏။

ရှင်​ဘု​ရင်​က​လည်း၊ ငါ့​လက်၌ ရောက်​သော​ရော​ဂါ​ကို ပျောက်​စေ​မည်​အ​ကြောင်း၊ ငါ့​အ​တွက်​ပ​တ္ထ​နာ​ပြု၍ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တောင်း​ပန်​ပါ​လော့​ဟု ဘု​ရား​သ​ခင်၏​လူ​ကို​ပြော​ဆို၏။ ဘု​ရား​သ​ခင်၏​လူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို တောင်း​ပန်​သ​ဖြင့်၊ ရှင်​ဘု​ရင်​လက်​သည် ရော​ဂါ​ပျောက်၍ ပ​က​တိ​အ​တိုင်း​ဖြစ်​လေ၏။

အို​အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကို​အော်​ဟစ်၍၊ ကိုယ်​တော်​သည် ချမ်း​သာ​ပေး​တော်​မူ၏။

ငါ​လျှောက်​ဆို​ရ​သည်​ကား၊ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ကို သ​နား​တော်​ပါ။ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကို ပြစ်​မှား​မိ​သည်​ဖြစ်၍၊ အ​ကျွန်ုပ်၌ စိတ်​ဝိ​ညာဉ်၏​အ​နာ​ကို ပျောက်​စေ​တော်​မူ​ပါ​ဟု လျှောက်​ဆို၏။

သင်​တို့​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​ကို စေ့​စေ့​နား​ထောင်​၍ နှစ်​သက်​တော်​မူ​သော​အ​ကျင့်​ကို ကျင့်​လျှင်​လည်း​ကောင်း၊ ပ​ညတ်​တ​ရား​တော်​အ​လို​သို့​လိုက်၍ စီ​ရင်​တော်​မူ​ချက်​တို့​ကို စောင့်​ရှောက်​လျှင်​လည်း​ကောင်း၊ ငါ​သည် အဲ​ဂု​တ္တု​လူ​တို့၌​စွဲ​စေ​သော ရော​ဂါ​တစ်​စုံ​တစ်​ခု​ကို​မျှ သင်​တို့၌​မ​စွဲ​စေ။ ငါ​သည် သင်​တို့​၏​ရော​ဂါ​ကို​ငြိမ်း​စေ​သော ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သည်​ဟု မိန့်​တော်​မူ​၏။

တစ်​ဖန်​သင်၏​လက်​ကို သင့်​ရင်​ခွင်​သို့​သွင်း​ဦး​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ တစ်​ဖန်​လက်​ကို​ရင်​ခွင်​သို့​သွင်း၍ ထုတ်​ပြန်​သော​အ​ခါ၊ ပ​က​တိ​အ​သား ဖြစ်​ပြန်​လေ၏။

ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့၏ ကျိုး​ပျက်​ရာ​ကို ပြု​ပြင်၍၊ သူ​တို့​ခံ​ရ​သော ဒဏ်​ချက်​ရာ​ကို ပျောက်​စေ​တော်​မူ​သော​အ​ခါ၊ လ၏​အ​လင်း​သည် နေ၏​အ​လင်း​ကဲ့​သို့​ဖြစ်၍၊ နေ၏​အ​လင်း​သည်​လည်း ပ​က​တိ​ထက် ခု​နစ်​ဆ​လင်း​လိမ့်​မည်။

အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၏​အ​နာ​ကို ငြိမ်း​စေ​တော်​မူ​ပါ။ သို့​ပြု​လျှင်၊ အ​ကျွန်ုပ်​သည် အ​နာ​ငြိမ်း​ပါ​လိမ့်​မည်။ အ​ကျွန်ုပ်​ကို ကယ်​တင်​တော်​မူ​ပါ။ သို့​ပြု​လျှင်၊ အ​ကျွန်ုပ်​သည် ကယ်​တင်​ခြင်း​သို့ ရောက်​ပါ​လိမ့်​မည်။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ချီး​မွမ်း​ရာ ဖြစ်​တော်​မူ၏။

လူ​များ​တို့​သည် မော​ရှေ​အား​အော်​ဟစ်၍၊ မော​ရှေ​သည် ထာ​ဝ​ရ​ဘု​ရား​ကို ဆု​တောင်း​သ​ဖြင့် မီး​ငြိမ်း​လေ၏။

ဖွား​စ​က​ပင် ကိုယ်​အ​သား​တစ်​ဝက်​ပျက်​သော အ​သေ​ကောင်​ကဲ့​သို့ သူ​သည် မ​ဖြစ်​ပါ​စေ​နှင့်​ဟု တောင်း​ပန်​လျှင်၊

ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​သည်၊ မော​ရှေ​နှင့် အာ​ရုန်​ကို အ​ပြစ်​တင်​သော​စ​ကား​နှင့် မြည်​တမ်း​လျက်၊ ငါ​တို့​သည် အဲ​ဂု​တ္တု​ပြည်၌ မ​သေ​ပါ​လေ။ ဤ​တော၌ မ​သေ​ပါ​လေ။

နက်​ဖြန်​နေ့၌ ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​က၊ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​လူ​တို့​ကို သတ်​ကြ​ပြီ​ဟု​ဆို​လျက်၊ မော​ရှေ​နှင့်​အာ​ရုန်​တို့​ကို အ​ပြစ်​တင်၍ မြည်​တမ်း​ကြ၏။

ယေ​ရှု​က​လည်း၊ အို အ​ဘ၊ သူ​တို့၏ အ​ပြစ်​ကို​လွှတ်​တော်​မူ​ပါ။ သူ​တို့​သည် ကိုယ်​ပြု​သော​အ​မှု​ကို မ​သိ​ကြ​ဟု မြွက်​ဆို​တော်​မူ၏။ အ​ဝတ်​တော်​ကို​လည်း စာ​ရေး​တံ​ချ၍ ဝေ​ဖန်​ကြ၏။-

သင်​တို့​ကို ကျိန်​ဆဲ​သော​သူ​တို့​အား မေ​တ္တာ​ပို့​ကြ​လော့။ သင်​တို့​ကို နှောင့်​ယှက်​သော​သူ​တို့​အ​ဖို့ ဘု​ရား​သ​ခင်​ကို ဆု​တောင်း​ကြ​လော့။-

ဒူး​ထောက်​လျက်၊ သ​ခင်၊ ဤ​သူ​တို့​ပြု​သော ဒု​စ​ရိုက်​အ​ပြစ်​ကို မှတ်​တော်​မ​မူ​ပါ​နှင့်​ဟု ကြီး​သော​အ​သံ​နှင့် ကြွေး​ကြော်​ပြီး​မှ ကျိန်း​စက်​လေ၏။ သူ့​ကို ကွပ်​မျက်​သော​အ​မှု​ကို ရှော​လု​သည်​လည်း ဝန်​ခံ​လျက်​ရှိ၏။

အ​ဆိုး​အား​ဖြင့် အ​ရှုံး​မ​ခံ​နှင့် အ​ကောင်း​အား​ဖြင့် အ​ဆိုး​ကို​နိုင်​လော့။

ထို​သို့​ပြု​လျှင်၊ ယုံ​ကြည်​ခြင်း၏​ပ​တ္ထ​နာ​သည် လူ​နာ​ကို ကယ်​ဆယ်၍၊ သ​ခင်​ဘု​ရား​သည် သူ့​ကို​ထ​မြောက်​စေ​တော်​မူ​မည်။ သူ​သည် အ​ပြစ်​ပြု​မိ​သော်​လည်း ထို​အ​ပြစ်​ကို လွှတ်​တော်​မူ​မည်။-

ငါ​မူ​ကား သင်​တို့​အ​ဖို့ ဆု​မ​တောင်း​ဘဲ​နေ​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​ခြင်း​အ​မှု​သည် ငါ​နှင့်​ဝေး​ပါ​စေ​သော။ ကောင်း​မွန်​ဖြောင့်​မတ်​သော လမ်း​ကို​လည်း သင်​တို့​အား ငါ​ပြ​သ​ဦး​မည်။

ငါ​သည် ရှော​လု​ကို ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား​သည်​အ​မှု​ကြောင့် နောင်​တ​ရ၏။ သူ​သည် ငါ၏​ပ​ညတ်​တို့​ကို​မ​ကျင့်၊ ငါ့​နောက်​သို့​မ​လိုက်၊ လမ်း​လွှဲ​ပြီ​ဟု မိန့်​တော်​မူ၏။ ရှ​မွေ​လ​သည် ဝမ်း​နည်း၍ တစ်​ည​လုံး ထာ​ဝ​ရ​ဘု​ရား​အား ဟစ်​ကြော်​ပြီး​လျှင်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ