ယခုမှာ ငါတို့အသက်သည် အားလျော့ပြီ။ ဤမန္နမှတစ်ပါး တစ်စုံတစ်ခုကိုမျှမမြင်ရဟု ဆိုကြ၏။
ကိုယ်တော်သည် ရှင်ဘုရင်၏သားတော်ဖြစ်လျက် အဘယ်ကြောင့် တစ်နေ့ထက်တစ်နေ့ ပိန်ချုံးတော်မူသနည်း။ ကျွန်တော်ကို မပြောချင်သလောဟု မေးလျှင်၊ အာမနုန်က၊ ငါ့ညီအဗရှလုံ၏ နှမတာမာကို တပ်သောစိတ်ရှိသည်ဟု ပြန်ပြော၏။
ကောင်းကင်မိဖုရားအဖို့ နံ့သာပေါင်းကို မီးမရှို့၊ သွန်းလောင်းရာ ပူဇော်သကာကိုမပြုဘဲ နေပြန်သောအခါ၊ အလွန်ဆင်းရဲခြင်း၊ ဓားဘေး၊ မွတ်သိပ်ခြင်းဘေးဖြင့် ပျက်စီးခြင်းသို့ ရောက်ကြပြီ။
သင်သည်ငါတို့ကို ဤတော၌သေစေခြင်းငှာ၊ အဲဂုတ္တုပြည်မှ အဘယ်ကြောင့် ဆောင်ခဲ့သနည်း။ မုန့်မရှိ၊ ရေလည်းမရှိ၊ ဤပေါ့ပျက်သောစားစရာကိုလည်း ငါတို့သည်အလွန်ရွံရှာ၏ဟု ဘုရားသခင်နှင့်မောရှေကို ဆန့်ကျင်ဘက်ပြု၍ ဆိုကြ၏။