Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 11:10

Judson Bible

ထို​အ​ခါ လူ​များ​အ​သီး​အ​သီး​တို့​သည် မိ​မိ​တဲ​တံ​ခါး​ဝ၌ မိ​မိ​အိမ်​ထောင်​နှင့်​တ​ကွ ငို​ကြွေး​ကြ​သည်​ကို မော​ရှေ​ကြား​ရ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ပြင်း​စွာ​အ​မျက်​ထွက်​တော်​မူ၏။ အ​ပြစ်​ရှိ​သည်​ကို မော​ရှေ​သိ​မြင်​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

မိ​မိ​တို့​တဲ​များ၌ ဆန့်​ကျင်​ဘက်​ပြု၍၊ ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ကို နား​မ​ထောင်​ဘဲ နေ​ကြ၏။

အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို မုန်း​သော​သူ​တို့​ကို အ​ကျွန်ုပ်​မုန်း​ပါ​သည် မ​ဟုတ်​လော။ အာ​ဏာ​တော်​ကို ဆန်​သော​သူ​တို့​ကို အ​ကျွန်ုပ်​ရွံ​ရှာ​ပါ​သည် မ​ဟုတ်​လော။

ထို​စ​ကား​ကို ထာ​ဝ​ရ​ဘု​ရား​သည်​ကြား၍ အ​မျက်​ထွက်​တော်​မူ၏။ ယာ​ကုပ်​အ​မျိုး၌​မီး​လောင်၍၊ ဣ​သ​ရေ​လ​အ​မျိုး၌ ဒေါ​သ​မီး​တက်​လေ၏။

ဘု​ရား​သ​ခင်​သည် ကြား​သိ​တော်​မူ​လျှင်၊ အ​မျက်​တော်​ထွက်၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အ​လွန်​ရွံ​ရှာ​သ​ဖြင့်၊

ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့​ကို အ​မျက်​တော်​ထွက်​လျက်၊ သူ​တို့၌​လက်​တော်​ကို​ဆန့်၍ ဒဏ်​ခတ်​တော်​မူ​သ​ဖြင့်၊ တောင်​တို့​သည် တုန်​လှုပ်၍၊ သူ​တို့၏​အ​သေ​ကောင်​တို့​သည် လမ်း​များ၌ မ​စင်​ကဲ့​သို့​ဖြစ်​ကြ၏။ သို့​သော်​လည်း အ​မျက်​တော်​သည် မ​ငြိမ်း၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး၏။

သင့်​ကိုယ်​တိုင်​လည်း ငါ​ပေး​သော​အ​မွေ​မှ ရွေ့​သွား​ရ​လိမ့်​မည်။ သင်​မ​သိ​သော ပြည်​တွင်၊ ရန်​သူ​လက်၌ သင့်​ကို ငါ​ကျွန်​ခံ​စေ​မည်။ အ​ကြောင်း​မူ​ကား၊ အ​စဉ်​လောင်​သော​ငါ၏​အ​မျက်​မီး​ကို သင်​တို့​သည် မွှေး​ကြ​ပြီ။

တစ်​ဖန် လူ​များ​တို့​သည် အ​လို​တော်​မ​ရှိ​သော မြည်​တမ်း​ခြင်း​ကို​ပြု​ကြ​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​စ​ကား​ကို​ကြား၍ အ​မျက်​ထွက်​တော်​မူ၏။ ရှို့​တော်​မူ​သော​မီး​သည် သူ​တို့​တွင်​လောင်၍ တပ်​အ​စွန်​အ​နား၌​ရှိ​သော သူ​အ​ချို့​တို့​ကို သေ​စေ​လေ၏။

ဤ​လူ​အ​ပေါင်း​တို့​ကို​ထမ်း​စေ​ဟု သူ​တို့​ကို ကိုယ်​တော်​ကျွန်​အ​ပေါ်​မှာ​တင်၍ အ​ဘယ်​ကြောင့် အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​တော်​မူ​ပါ​သ​နည်း။ အ​ဘယ်​ကြောင့် ရှေ့​တော်၌​မျက်​နှာ​မ​ရ​ဘဲ နေ​ရ​ပါ​သ​နည်း။

စ​ခန်း​ချ​ရာ​အ​ရပ်၌ ည​အ​ခါ​နှင်း​နှင့်​အ​တူ မ​န္န​ကျ​တတ်၏။

မော​ရှေ​သည် မြေ​ကြီး​ပေါ်​မှာ​ရှိ​နေ​သော သူ​အ​ပေါင်း​တို့​ထက်​သာ၍ နူး​ညံ့​သိမ်​မွေ့​သော​သ​ဘော​ရှိ၏။

အ​မျက်​တော်​ထွက်၍ ထာ​ဝ​ရ​ဘု​ရား ကြွ​သွား​တော်​မူ​သ​ဖြင့်၊

လူ​များ​တို့​သည် ကော​ရ၊ ဒါ​သန်၊ အ​ဘိ​ရံ​တဲ ပတ်​ဝန်း​ကျင်၌​မ​နေ​ဘဲ ရှောင်​လွှဲ၍​သွား​ကြ​သ​ဖြင့်၊ ဒါ​သန်၊ အ​ဘိ​ရံ​သည်၊ သား​မ​ယား​အ​က​လေး​များ​နှင့်​တ​ကွ ထွက်၍ မိ​မိ​တို့​တဲ​တံ​ခါး​ဝ၌ ရပ်​နေ​ကြ၏။

သင်​သည်​ငါ​တို့​ကို ဤ​တော၌​သေ​စေ​ခြင်း​ငှာ၊ အဲ​ဂု​တ္တု​ပြည်​မှ အ​ဘယ်​ကြောင့် ဆောင်​ခဲ့​သ​နည်း။ မုန့်​မ​ရှိ၊ ရေ​လည်း​မ​ရှိ၊ ဤ​ပေါ့​ပျက်​သော​စား​စ​ရာ​ကို​လည်း ငါ​တို့​သည်​အ​လွန်​ရွံ​ရှာ၏​ဟု ဘု​ရား​သ​ခင်​နှင့်​မော​ရှေ​ကို ဆန့်​ကျင်​ဘက်​ပြု၍ ဆို​ကြ၏။

ယေ​ရှု​သည် မြင်​တော်​မူ​လျှင် အ​မျက်​တော်​ထွက်၍၊ ထို​သူ​ငယ်​တို့​ကို ငါ့​ထံ​သို့​လာ​ပါ​လေ​စေ။ မ​ဆီး​တား​ကြ​နှင့်။ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သည် ထို​သို့​သော​သူ​တို့၏ နိုင်​ငံ​ဖြစ်၏။-

ထို​အ​ခါ အ​မျက်​တော်​နှင့် သူ​တို့​ကို ပတ်​လည်​ကြည့်​ရှု၍ သူ​တို့​စိတ်​နှ​လုံး မိုက်​သော​ကြောင့် ဝမ်း​နည်း​တော်​မူ​ခြင်း​ရှိ​လျက်၊ သင်၏​လက်​ကို​ဆန့်​လော့​ဟု ထို​သူ​အား မိန့်​တော်​မူ၍ သူ​သည် မိ​မိ​လက်​ကို​ဆန့်​လျှင်၊ ထို​လက်​သည် လက်​တစ်​ဖက်​ကဲ့​သို့ ပ​က​တိ​ဖြစ်​လေ၏။-

ငါ​သည် အ​မျက်​ထွက်၍​မီး​ရှို့​သ​ဖြင့်၊ အ​နက်​ဆုံး​သော​မ​ရ​ဏ​နိုင်​ငံ​သို့ လောင်​လိမ့်​မည်။ မြေ​နှင့် မြေ​အ​သီး​အ​နှံ​ကို​ကျွမ်း​စေ၍ တောင်​ခြေ​ရင်း​တိုင်​အောင် လောင်​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ