ကောဟတ်သားတို့သည် သန့်ရှင်းရာဌာနတန်ဆာတို့ကို ထမ်းလျက် ချီသွားကြ၏။ သူတို့မရောက်မီ အရင်သွားသောသူတို့သည် တဲတော်ကို ထူထောင်ရကြ၏။
ဒါဝိဒ်က၊ ဘုရားသခင်၏ သေတ္တာတော်ကိုထမ်း၍ ရှေ့တော်၌ အမှုတော်ကိုအစဉ်စောင့်စေခြင်းငှာ ထာဝရဘုရားသည် လေဝိသားတို့ကို ရွေးချယ်တော်မူသောကြောင့်၊ အခြားတစ်ပါးသော သူတို့သည် ဘုရားသခင်၏သေတ္တာတော်ကို မထမ်းရကြဟုဆိုလျက်၊
ဤရွေ့ကား အသက်နှစ်ဆယ်လွန်၍ ထာဝရဘုရား၏ အိမ်တော်အမှုကိုဆောင်ရွက်ရသော လေဝိအမျိုးသား အဆွေအမျိုးအလိုက် စာရင်းဝင်သော အဆွေအမျိုးသူကြီးဖြစ်သတည်း။
တဲတော်ကို ယူသွားချိန်ရောက်သောအခါ၊ လေဝိသားတို့သည်ရုပ်သိမ်းရမည်။ နေရာချချိန်ရောက်သောအခါ ထူထောင်ပြန်ရမည်။ လေဝိအမျိုးသားမှတစ်ပါး အခြားသောအမျိုးသားသည် ချဉ်းကပ်လျှင်၊ အသေသတ်ခြင်းကိုခံရမည်။
တဲတော်ကိုဖြုတ်ချ၍ ဂေရရှုန်သား၊ မေရာရိသားတို့သည် တဲတော်ကိုထမ်းလျက် ချီသွားကြ၏။
ဂဒ်တပ်ကို ဒွေလသားဧလျာသပ် အုပ်ရ၏။
ထိုအခါ၊ တပ်မအလယ်၌ ပရိသတ်စည်းဝေးရာတဲတော်နှင့်တကွ လေဝိတပ်ချီရမည်။ တပ်ချသည်အတိုင်း လူအသီးအသီးတို့သည် မိမိနေရာ၌ မိမိဆိုင်သောအလံနှင့်အတူ လိုက်လျက်ချီရကြမည်။
သို့ရာတွင် သန့်ရှင်းသောအရာတို့ကိုဖုံးအုပ်စဉ်အခါ ကောဟတ်သားတို့သည် သေဘေးနှင့်လွတ်မည်အကြောင်း၊ အထဲသို့ဝင်၍မကြည့်ရဟု မိန့်တော်မူ၏။
သန့်ရှင်းရာဌာနတော်အမူကို စောင့်ရသော ကောဟတ်သားတို့သည် မိမိတို့ပခုံး၌ ထမ်းရွက်ရသောကြောင့်၊ သူတို့အား ရထားနှင့်နွားတို့ကိုမပေး။